တနင်္လာနေ့မှာ လေ့ကျင့်ခန်း စဆင်းမယ့် မက်ဆီ

ယခုရာသီအတွက် ဘာစီလိုနာတွင်သာ ဆက်ကစားမည်ဟု အတည်ပြုခဲ့သော အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် လာမည့်တနင်္လာနေ့တွင် နည်းပြသစ် ရော်နယ်ကိုးမန်း၏ လက် အောက် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းမည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိစစ်ဆေးမှု အောင်မြင်ခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်တွင် ဘာစီလိုနာ၏ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်သို့ လာရောက်ပူးပေါင်း မည် ဖြစ်သည်။

စာချုပ်ပြည့်မည့် ၂၀၂၁ နွေရာသီအထိ ဘာစီလိုနာတွင် ဆက်ကစားမည်ဟု ပြောထားသော မက်ဆီသည် ယနေ့ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်သို့ လာရောက်ခြင်းမရှိသော်လည်း နောက် ၂ ရက်အကြာတွင်မူ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ခန်းဆင်းမည် ဖြစ်သည်။

ဘိုင်ယန်မြူးနစ်သို့ အဌားချထားသည့် ဘရာဇီးလ်တိုက်စစ်မှူး ကော်တင်ညိုကလည်း နိုင်ငံတ ကာ ရက်သတ္တပတ်ပြီးပါက ဘာစီလိုနာအသင်းနှင့် လာရောက်ပူးပေါင်းမည် ဖြစ်သည်။

ယမန်နှစ်ရာသီက အဓိကဆုဖလား တစ်လုံးမှမရခဲ့သော ဘာစီလိုနာသည် ယခုရာသီ ပထမဆုံး ခြေစမ်းပွဲအဖြစ် လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ဂင်နာစတစ်အသင်းနှင့် ကစားသွားမည်ဖြစ်သည်။

Ref:allfootball

Facebook Comments Box
Facebook Comment