
တနင်္ဂနွေနေ့ည စီးရီးအေပွဲ ၇ ပွဲစဉ်များကို ပွဲကြို သုံးသပ်ခြင်း
စနေနေ့ညတုန်းက ပွဲကောင်းတွေ မရှိပေမယ့် ယနေ့ညမှာတော့ စီးရီးအေပွဲကောင်းတွေ အများကြီး ရှိနေပါတယ်။ ယနေ့ညမှာ ကစားမယ့် လာဇီယို-ဂျူဗင်တပ်၊ အတ္တလန္တာ-အင်တာ၊ ဂျီနိုအာ-ရိုးမား၊ မီလန်-ဗီရိုနာတို့လို ပွဲကြီးပွဲကောင်းတွေ အများကြီးရှိပါတယ်။ စနေညပွဲတွေမှာတော့ အောက်သမားတွေ အဆင်ပြေသွားခဲ့ပါတယ်။ ကနေ့ညမှာကော အောက်သမားတွေ၊ အဆင်ပြေဦးမလား၊ အပေါ်သမားတွေ အဆင်ပြေလာမလား ကြည့်ရအောင် . . . ။
လာဇီယို – ဂျူဗင်တပ် (ညနေ ၆:၀၀)
လာဇီယိုက စီးရီးအေအမှတ်ပေးဇယားမှာ အဆင့် ၉ နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် တတိယနေရာက ဂျူဗင်တပ်နဲ့ ရမှတ် ၂ မှတ်သာ ကွာခြားပါတယ်။ ဒါကြောင့် လာဇီယိုအတွက် ဂျူဗင်တပ်နှင့်ပွဲမှာ အနိုင်ရဖို့ အလွန်အရေးပါနေပါတယ်။

ဒါပေမယ့် ပြဿနာကတော့ နည်းပြဆီမြွန်နီအင်ဇာဂီအနေဖြင့် ကိုဗစ်ကြောင့် အဓိကကစားသမား အမ်မိုဘိုင်း၊ လူးကပ်လီဗိုင်း၊ သောမတ်စ်စထရာကိုရှာတို့အပါအဝင် ကစားသမား ၈ ဦးအထိ လက်လွှတ်ထားရပါတယ်။ ကိုဗစ်ကနေ ပြန်လည်ကောင်းမွန်လာတဲ့ ကွင်းလယ်တိုက်စစ်သမားလူးဝစ်အယ်ဘာတို ပါဝင်လာမှုကတော့ လာဇီယိုကွင်းလယ်တိုက်စစ် အတွက်အားတက်စရာပါ။ ဂျူဗင်တပ်မှာလည်း ဒဏ်ရာပြဿနာရှိနေပြီး ရမ်ဆေး၊ ဆန်ဒရိုတို့ လွဲချော်ဖို့သေချာနေပြီး နောက်ခံလူဒီလက် အရန်စာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။
ယခုနှစ်မှာ နှစ်သင်းစလုံး ၃-၅-၂ ကစားကွက်ပဲ အသုံးပြုလာကြဖို့ ရှိနေပြီး ဂျူဗင်တပ်က ဘက် ပေါင်းစုံက လာဇီယိုထက် အသာစီးရနေပါတယ်။ ဂျူဗင်တပ်ဟာ ကစားပုံကောင်းပေမယ့်လည်း တစ်ခါတစ်ခါ ဂိုးရလိုစိတ်ပျောက်နေတာမျိုး ရှိနေတတ်ပြီး ပြိုင်ဘက်ကို ပြတ်သားသားချေမှုန်း ကစားမှုအပိုင်းမှာ အားနည်းပါတယ်။ ရော်နယ်ဒိုလည်း ပြန်လည်ကစားနေပြီဖြစ်တာကြောင့် ဂျူဗင်တပ်သာ တကယ်တမ်း ကစားရင် အနိုင်ရဖို့ သိပ်မခက်ပါဘူး။
တစ်ဂိုးသွင်းရင် ၈၀ ရာခိုင်နှုန်းရမယ့် ဂျူဗင်တပ်နဲ့ဘဲ စွန့်စားချင်ပါတယ်။ ဂိုးပေါင်းကလည်း ၃ လုံး ၂၀ နိုင်မှာ ဖြစ်လို့ ဂိုးပေါင်းလည်း အပေါ်နဲ့ဘဲ ရပ်တည်ချင်ပါတယ်။
အတ္တလန္တာ – အင်တာ (ည ၈:၃၀)
ချန်ပီယံလိဂ်မှာ ရှုံးပွဲတွေ ကြုံခဲ့ကြတဲ့ အတ္တလန္တာရော အင်တာမီလန်ပါ အခုပွဲမှာ ရုန်းထဖို့ ကြိုးစားလာကြပါမယ်။ အင်တာက ရီးရဲလ်မက်ဒရစ်ကို ၃-၂ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကာ ခံစစ်ပိုင်း ပြဿနာက ဖြေရှင်းရခက်နေတုန်း ဖြစ်ပါတယ်။ အထူးသဖြင့် အင်တာဟာ တိုက်စစ်မှူး လူကာကူ မပါဝင်မှုနဲ့အတူ ရုန်းကန်နေရပါတယ်။ အတ္တလန္တာက စီးရီးအေ ၆ ပွဲမှာ ၁၂ မှတ် ရရှိထားပါတယ်။ ဒါပေမယ့် အဓိကကကစားသမားတွေဖြစ်တဲ့ ရွန်း၊ ဂိုဆန်၊ အိုင်လီဆစ်တို့ မပါဝင်မှုနဲ့အတူ ရုန်းကန်နေရပြီး ကြားရက်တုန်းက အိမ်ကွင်းမှာ လီဗာပူးကို ၅-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် နှစ်သင်းစလုံးအတွက် ယခုပွဲနိုင်ပွဲက ယုံကြည်မှုပိုင်း မြင့်မားလာဖို့အတွက် အရေးပါနေပါတယ်။

ကစားပုံကောင်းတဲ့ အသင်းနှစ်သင်းဆုံတွေ့တဲ့ပွဲဖြစ်တာကြောင့် ကြည့်ကောင်းတဲ့ပွဲတစ်ပွဲ ဖြစ်လာပါမယ်။ အတ္တလန္တာဟာ ကြားရက်တုန်းက လီဗာပူးနဲ့ပွဲမှာ ဂိုးပြတ်ရှုံးခဲ့တယ်ဆိုပေမယ့် ကစားပုံက အဆိုးရွားကြီး မဟုတ်ခဲ့ဘဲ ဖန်တီးမှုပိုင်းက အတိုင်းအတာတစ်ခုအထိ ကောင်းနေတုန်းဆိုတာ တွေ့ခဲ့ရပါတယ်။
အင်တာက သရေကျရင် ၃၀ နစ်နာမှာ ဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၈၀ အရှုံး ဖြစ်ပါတယ်။ နှစ်သင်းစလုံးရဲ့ တိုက်စစ်ကစားက ကောင်းမွန်ပေမယ့် ခံစစ်ပိုင်းအားနည်းချက်တွေ ရှိလို့ ဒီပွဲ ဂိုးအပေါ်ကြိုက်ပါတယ်။
ဂျီနိုအာ – ရိုးမား (ည ၈:၃၀)
ရိုးမားဟာ တိုက်စစ်မှူးအေဒင်ဒီဇီကိုမပါဝင်ဘဲ ဂျီနိုအာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အေဒင်ဒီဇီကိုဟာ ကိုဗစ်ကူးစက်ခံထားရလို့ ကွာရန်တေးဝင်နေရပါတယ်။ ရာသီအစပိုင်းတုန်းက ကိုဗစ်ကူးစက်မှုအကြီးအကျယ်ဖြစ်ခဲ့တဲ့ ဂျီနိုအာမှာတော့ ကိုဗစ်ကင်းစင်သွားပါပြီ။ ဒါပေမယ့် ဒဏ်ရာရရှိနေတဲ့ စတီဖာနိုစတူရာရို၊ ဇက်ပါကော့စတာ၊ ကက်ဆာတို့ မပါဝင်ပါဘူး။ ရိုးမားနည်းပြဖွန်ဆီကာဟာ ကြားရက်တုန်းက ကလုချ်နှင့်ပွဲမှာ ဒီဇီကိုနေရာမှာကစားပြီး ၂ ဂိုးသွင်းခဲ့တဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းမာယိုရယ်ကို သုံးလာဦးမှာ ဖြစ်ပါတယ်။
ဂျီနိုအာရဲ့ခြေစွမ်းပိုင်းက ကောင်းမွန်ခြင်းမရှိသလို နောက်တန်းကလည်း အမှားများပါတယ်။ ရိုးမားက ကစားဟန်ပိုင်း တစ်ပွဲပြီး တစ်ပွဲ ပိုကောင်းလာလျက်ရှိသလို ခံစစ်လည်း တည်ငြိမ် လာပါတယ်။ ယခုပွဲမှာ စမောလင်းလည်း ပါဝင်လာမှာ ဖြစ်လို့ ခံစစ်ပိုင်း ပိုကောင်းလာပါဦးမယ်၊
ရိုးမားက တစ်ဂိုးသွင်းရင် ၄၀ ရာခိုင်နှုန်းနိုင်မှာ ဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၂၀ ရာခိုင်နှုန်းနိုင် ဖြစ်ပါတယ်။ ရိုးမားကို ကြိုက်ပါတယ်။
တိုရီနို – ခရိုတုန်း (ညနေ ၆:၃၀)
နိုင်ငံတကာပွဲကြောင့် ပွဲတထောက်မနားမီ နောက်ဆုံးယှဉ်ပြိုင်ရမယ့် ဒီပွဲက ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြနှစ်ဦး ထိပ်တိုက်တွေ့တဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ တိုရိနိုနည်းပြဂျီယန်ပါအိုလိုဟာ ဒီပွဲမှာ အနိုင်မရဘူးဆိုရင် အထုတ်ခံရမယ်လို့ သတင်းထွက်နေပါတယ်။ အခြားတစ်ဖက်မှာ ခရုတုန်းကလည်း စီးရီးအေ ၇ ပွဲမှာ ၁ မှတ်ဘဲ ရထားကာ ဇယားကြမ်းခင်းနဲ့ နားနေရတဲ့အသင်းဖြစ်ပါတယ်။
တိုရီနိုဟာ နောက်ဆုံး စီးရီးအေနှစ်ပွဲမှာ ကစားဟန်ကောင်းမွန်လာပြီး တိုက်စစ်လည်း ကောင်းလာပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းက ဂိုးတွေ ပေးနေရတုန်း ဖြစ်ပါတယ်။ နောက်တန်း အားနည်းချက်ကြောင့်ဘဲ လာဇီယိုနဲ့ပွဲမှာ အနိုင်မရခဲ့တဲ့ ရှုံးပွဲကြုံခဲ့တာပါ။
တိုရီနိုက သရေကျရင် ၉၀ ရာခိုင်နှုန်းရှုံးမှာ ဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၅၀ အနိုင် ဖြစ်ပါတယ်။ ဒီပွဲမှာ တိုရီနိုနှင့် ဂိုးပေါ်ကြိုက်ပါတယ်။
ဘိုလော့ဂ်နာ – နာပိုလီ (ည ၁၁:၃၀)
နာပိုလီက ပြီးခဲ့တဲ့အပတ်တုန်းက ဆက်စ်ဆူလိုကို ရှုံးနိမ့်ထားတာကြောင့် ယခုပွဲမှာ အနိုင်ရဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒါပေမယ့် ဘိုလော့ဂ်နာကလည်း နှစ်ပွဲဆက် အနိုင်ရထားတာကြောင့် ယုံကြည်မှုက မြင့်မားနေပါတယ်။ မီဟိုင်းလိုဗစ်ရဲ့ဘိုလော့ဂ်နာဟာယခုပွဲမှာလည်းအနိုင်ယူပြီးဇ ယားအပေါ်သို့တက်ဖို့ ကြိုးစားလာပါလိမ့်မယ်။

ဘိုလော့ဂ်နာဟာ ကက်ဂလီယာရီပွဲတုန်းက လူစာရင်းအတိုင်းဘဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။ နာပိုလီဟာ ကြားရက်တုန်းက ယူရိုပါလိဂ်ပွဲစဉ်မှ လူစာရင်းကို အပြောင်းအလဲ လုပ်လာဖို့ ရှိနေပါတယ်။ အလယ်တန်းမှာ ဘာကာယိုကိုနှင့် ဖေဘီယန်ရုဇ်တို့ ပါဝင်လာဖို့ ရှိနေပြီး တိုက်စစ်မှာ အင်ဆစ်နီ၊ လိုဇာနို၊ မာတင်နဲ့ အိုဆမ်ဟမ်တို့ ပါဝင်လာဖို့ ရှိနေပါတယ်။
နာပိုလီဟာ ယခုပွဲမှာ အနိုင်ရနိုင်ရန် ဇယားထိပ်ဆုံးလေးသင်းစာရင်း ဝင်လာနိုင်ပြီး ဘိုလော့ဂ်နာကလည်း ခြောက်ပွဲမှာ ခြောက်မှတ်သာ ရရှိထားကာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ နာပိုလီဟာခြေစွမ်းအတက်အကျ ဖြစ်နေပြီး နောက်တန်းက ဂိုးတွေ ပေးနေရပါတယ်။ ဘိုလော့ဂ်နာက အိမ်ကွင်းမှာဆိုရင် အမှတ်ရနိုင်ဖို့ ကြိုးစားသလို ကစားပုံ လည်း ကောင်းမွန်ပါတယ်။
ဖွင့်လှစ်မှုအရ နာပိုလီက တစ်ဂိုးသွင်းရင် ၄၀ ရာခိုင်နှုန်းနိုင်ပါမယ်။ ဂိုးပေါင်းက ၃ လုံး ၂၀ အရှုံး ဖြစ်ပါတယ်။ လက်ရှိနှစ်သင်းခြေစွမ်းအရ ဘိုလော့ဂ်နာနှင့် ဂိုးပေါ်ကို ရွေးချယ်ချင်ပါတယ်။
အေစီမီလန် – ဗီရိုနာ (နံနက် ၂:၁၅)
ယနေ့ညမှာ လူတိုင်း စိတ်ဝင်စားနေတဲ့ ပွဲတစ်ပွဲကတော့ မီလန်နဲ့ ဗီရိုနာပွဲပါ။ အေစီမီလန်တို့ဟာ ဇွန်လမှာ ဘောလုံးများ ပြန်လည်ကစားပြီးနောက် ၂၄ ပွဲဆက် ရှုံးပွဲမရှိပေမယ့် ကြားရက်တုန်းက လိုင်လီကို ယူရိုပါလိဂ်မှာ ရှုံးနိမ့်ပြီး စံချိန်လည်း ရပ်တန့်သွားပါတယ်။ဗီရိုနာကလည်း ယခုရာသီမှာ ခြေစွမ်းကောင်းနေပြီး ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ပါ ရေးရေး လေးရှိနေတဲ့ အသင်း ဖြစ်ပါတယ်။

အေစီမီလန်နည်းပြပီအိုလီဟာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို ထားပြီး ၄-၂-၃-၁ ကစားကွက်နှင့်ဘဲ ပွဲထွက်လာဖို့ ရှိနေပြီး ကွင်းလယ်တိုက်စစ်ကို ကယ်ဟန်နိုဂလူနှင့် ရာဖေးလ်လီယိုတို့ ဦးဆောင်လာလိမ့်မယ်။ ကွင်းလယ်ခံစစ်မှာ ကက်ဆီနှင့် ဘန်နာစာတို့ ပါဝင်လာပါမယ်။
ဂျူရစ်ကတော့ သူ့ရဲ့ စနစ်အတိုင်း အေစီမီလန်ကို ခပ်ကြမ်းကြမ်း တုံ့ပြန်လာပါလိမ့်မယ်။ ဗီရိုနာက ကစားဟန်သေသပ်သလို ခံစစ်ပိုင်းလည်း တော်တော်မာပါတယ်။ သူတို့ဟာ ၃-၄-၂-၁ ကစားကွက်သုံးလာဖို့ ရှိနေပြီး ကာလီနစ်က တိုက်စစ်ကို ဦးဆောင်လာပါလိမ့်မယ်။ အလယ်တန်းတိုက်စစ်မှာ ဘာရစ်ခ်နှင့် ဇက်ကာဂလီတို့ ပါဝင်လာပါမယ်။

အေစီမီလန်ဟာ တစ်ဂိုးသွင်းရင်တောင် ၃၀ ရာခိုင်နှုန်း ရှုံးမှာ ဖြစ်ပါတယ်။ ဂိုးပေါင်းက ၃ လုံး သရေဖြစ်ပါတယ်။ လက်ရှိ အေစီမီလန်ရဲ့ ခြေစွမ်းအရ အနိုင်ရဖို့ များတယ်ဆိုပေမယ့် ဗီရိုနာရဲ့ စစ်ကလည်း မာကျောလွန်းလှတာကြောင့် ဂိုးအောက်ကို ကြိုက်ပါတယ်။