တစ်သင်းလုံး ခေါင်းဆောင် ဖြစ်ရန် လိုအပ်ကြောင်း ဘရူနိုဖာနန်ဒက်စ် ပြောကြား

ဘရူနိုဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက် တစ်သင်းလုံး ခေါင်းဆောင် ဖြစ်ရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်သည် အာဆင်နယ်၊ အစ္စတန်ဘူလ်ဘာဆာဆီဟာတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ သို့ရာတွင် ၎င်းတို့သည် အဲဗာတန်ကို ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။ ဘရူနိုဖာနန်ဒက်စ်သည် အဲဗာတန်နှင့်ပွဲတွင် ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

ဘရူနိုဖာနန်ဒက်စ်က “အဝတ်အစားလဲခန်းမှာ ကျွန်တော်တို့ ဘာလုပ်ရမလဲ သိပါတယ်။ လူတိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ လိုပါတယ်။ တစ်ချို့က အသံတိတ်ခေါင်းဆောင်ပါ။ စကားများများ စားစား မပြောပါဘူး။ ဒါပေမယ့် မှန်မှန်ကန်ကန်လုပ်တယ်။ တစ်ချို့လည်း စကားနည်းနည်း ပိုပြောဖို့ လိုတယ်။ ဘာဆာဆီဟာရှုံးပွဲပြီးနောက် နလန်ထူနိုင်ဖို့ ခက်ခဲခဲ့တယ်။ ကျွန်တော်တို့ လုပ်ဖို့ လုပ်အပ်တဲ့အချိန်မှာ လုပ်ပြနိုင်ခဲ့ကြတယ်”ဟု ပြောကြားခဲ့သည်။

မန်ချက်စတာ ယူနိုက်တက်သည် ဘာဆာဆီဟာနှင့်ပွဲမှာတုန်းကကဲ့သို့ပင် ဘားနတ်၏ ဦးဆောင်ဂိုးကို အလွယ်တကူ ခွင့်ပြုခဲ့ကြရသည်။ သို့ရာတွင် ဖာနန်ဒက်စ်က နှစ်ဂိုးသွင်းနိုင်ခဲ့ပြီး နာကျင်အချိန်တွင် ကာဗာနီက ဂိုးထပ်သွင်းမှုကြောင့် ၃-၁ ဖြင့် အနိုင်ရရှိခဲ့သည်။       

Facebook Comments Box
Facebook Comment