တစ်ပတ် ပေါင် ၂ သိန်းခွဲဖြင့် အာဆင်နယ်နှင့် သက်တမ်းတိုးမည့် အော်ဘာမီယန်

အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်သည် ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသည့် အဖြေကို ထုတ်ပေးသည့်အနေဖြင့် ၃ နှစ်သက်တမ်းတိုးရန် သဘောတူညီလိုက်ပြီဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

၂၀၁၈ ခုနှစ်တွင် ဒေါ့မွန်မှ အာဆင်နယ်သို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းဖြင့် ပြောင်းရွှေ့လာသည့် အော်ဘာမီယန်သည် လန်ဒန်အခြေစိုက် ကလပ်နှင့်အတူ ပြိုင်ပွဲစုံ ၁၁၀ ပွဲတွင် ၇၁ ဂိုးသွင်းယူကာ အက်ဖ်အေဖလားတစ်လုံး ရယူထားသည်။

အသက် ၃၁ နှစ်အရွယ် အာဆင်နယ်ကပ္ပတိန်သည် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့ပြီး ယခုနွေရာသီတွင် မရောင်းချပါက လာမည့်နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုရတော့မည်ဖြစ် သည်။

ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၂၉ ဂိုးသွင်းထားသော ၎င်းကို ဘာစီလိုနာ၊ အင်တာမီလန်တို့က စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းက သက်တမ်းတိုးနိုင်ရန် ကမ်းလှမ်းထားသော်လည်း ကာယကံရှင်က တိတိကျကျ အ ကြောင်းမပြန်သောကြောင့် ပရိသတ်များက စိုးရိမ်ခဲ့ရသေူသည်။

သို့ရာတွင် နည်းပြအာတီတာ၊ ဖခင်ဖြစ်သူတို့၏ တိုက်တွန်းချက်များကြောင့် အော်ဘာမီယန်သည် ၃ နှစ်သက်တမ်းတိုးရန် သဘောတူညီလိုက်ပြီး မကြာမီ တရားဝင်ကြေညာဖွယ် ရှိနေသည်။

စာချုပ်သစ်အရ အော်ဘာမီယန်သည် လက်ရှိရရှိနေသည့် တစ်ပတ်လစာ ပေါင် ၂ သိန်းမှ ပေါင် ၂ သိန်းခွဲအ ထိ တိုးမြှင့်ရရှိမည်ဖြစ်ပြီး တစ်ပတ်လစာ ပေါင် ၃ သိန်းခွဲ ရရှိနေသော ကွင်းလယ်လူ အိုဇေးလ်ပြီးလျှင် အာဆင်နယ်အသင်း၏ ဒုတိယ လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။

ယခင်က အာဆင်နယ်၏ ဒုတိယ လစာအများဆုံး ကစားသမားက ချဲလ်ဆီးမှခေါ်ယူထားသော ဘရာဇီးလ် တောင်ပံကစားသမား ဝီလျံဖြစ်ပြီး ၎င်းက တစ်ပတ် ပေါင် ၂၂၀၀၀၀ ရရှိနေသည်။

ထို့ကြောင့် မကြာခင် အာဆင်နယ်နှင့် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးတော့မည့် ဂါဘွန်လက်ရွေးစင် အော် ဘာမီယန်က ဝီလျံ၏နေရာကို ရောက်ရှိလာတော့မည် ဖြစ်သည်။

Ref:TheSun

Facebook Comments Box
Facebook Comment