တစ်ပတ် ပေါင် ၂ သိန်းခွဲနဲ့ စာချုပ်သစ်ချုပ်မယ့် အော်ဘာမီယန်

ဘာစီလိုနာအပါအဝင် ဥရောပထိပ်တန်းအသင်းကြီးအချို့က ခေါ်ယူမည်ဟု သ တင်းထွက်နေသော အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်သည် လန်ဒန်အ ခြေစိုက်ကလပ်နှင့် တစ်ပတ် ပေါင် ၂ သိန်းခွဲရရှိမည့် ၃ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် နှုတ်အားဖြင့် သဘောတူညီလိုက်ပြီဖြစ်သည်။ အသက် ၃၁ နှစ်အရွယ် ဂါဘွန်လက်ရွေးစင် အော်ဘာမီယန်သည် ၂၀၁၈ ခုနှစ် တွင် ဒေါ့မွန်မှ ပေါင် ၅၆ သန်းဖြင့်ရောက်ရှိလာပြီးနောက် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀၉ ပွဲကစားကာ ဂိုး ၇၀ သွင်းယူထားသည်။

၎င်း၏လက်ရှိစာချုပ်မှာ တစ်နှစ်သာကျန်တော့ပြီး ဘာစီလိုနာအသင်းက ခေါ်ယူရန်စီစဉ်နေသောကြောင့် အာဆင်နယ်က လက်ရှိလစာထက် ပေါင် ၇၀၀၀၀ ပိုပေးကာ စာချုပ်သစ်ချုပ်ဆို ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ရာသီက ပြိုင်ပွဲစုံ ၂၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ကာ အ သင်း၏ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သော အော်ဘာမီ ယန်က ၃ နှစ်သက်တမ်းတိုးရန် နှုတ်အားဖြင့် သဘောတူညီခဲ့မှုကို တွစ်တာတွင် ဆုဖလားပုံတင်ကာ အတည်ပြုသည့်သဘော တင်ခဲ့သည်။ ၎င်းသည် သြဂုတ်လ ၁ ရက်က မြို့ခံပြိုင်ဘက်ချဲလ်ဆီးနှင့်ကစားခဲ့သော အက်ဖ် အေဖလားဗိုလ်လုပွဲတွင် အာဆင်နယ်အတွက် ၂ ဂိုးသွင်းကာ ၃ နှစ်အတွင်း ပထ မဆုံးဆုဖလား ရယူပေးနိုင်ခဲ့သည်။

ဆက်စပ်သတင်းတစ်ရပ်အရ အာဆင်နယ်သည် လိုင်လီဗဟိုနောက်ခံလူ ဂါဘရီ ရယ်မာဂယ်ဟေးစ်ကို ပေါင် ၂၇ သန်းဖြင့်ခေါ်ယူရန် နီးစပ်လျက်ရှိသည်။ အသက် ၂၂ နှစ်အရွယ် မီဂယ်ဟေးစ်သည် ဘရာဇီးလ် ယူ-၂၀ လက်ရွေးစင်ဟောင်းဖြစ် ပြီး အဲဗာတန်၊ နာပိုလီတို့ကလည်း စိတ်ဝင်စားနေသောကြောင့် အာဆင်နယ်က လက်ဦးမှုရယူကာ ခေါ်ယူနိုင်ရန် အစွမ်းကုန်ကြိုးစားနေသည်။

Ref: mirror.co.uk

Facebook Comments Box
Facebook Comment