တစ်ချိန်က ဘာစီလိုနာကို ချေခဲ့ဖူးတဲ့ ပိုချက်တီနို နည်းပြသစ် ဖြစ်လာမလား

စပါးစ်နည်းပြဟောင်းပိုချက်တီနိုဟာ ကွီကွီဆီတိန်းရဲ့ဘာစီလိုနည်းပြရာထူးကိုဆက်ခံရန် ရေပန်းအစားဆုံး ဖြစ်လာပါတယ်။


ရီးရဲလ်မက်ဒရစ်ကိုလာလီဂါဖလားလွဲ ပြောင်းပေးရပြီးနောက် ဖိအားများနှင့်ကြုံနေရတဲ့ဆီတိန်းဟာ ဘိုင်ယန်မြူးနစ်ကို၈-၂ဂိုးဖြင့်ရှုံးနိမ့်ကာချန်ပီယံလိဂ်ကွာ တားဖိုင်နယ်မှထွက်ခွာခဲ့ရပြီးနောက် ထုတ်ပယ်ခံရဖို့သေချာသလောက်ရှိနေပါတယ်။

RAC1 က အက်စ်ပန်ညိုနှင့်စပါးစ်နည်းပြဟောင်းပိုချက်တီနိုဟာ ယခုအပတ်အစောပိုင်းတုန်းက ဘာတိုမြူနှင့်တွေ့ဆုံကာညစာအတူစားခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။


ယင်းသို့ဖော်ပြလာချိန်တွင်ဘာစီလိုနာမှာဘိုင်ယန်မြူးနစ်ကိုအရှက်တကွဲရှုံးနိမ့်ကာချန်ပီယံလိဂ်မှ ထွက်ခွာရမှုနဲ့အတူ ပိုချက်တီနိုမှာ ဘာစီလိုနာနည်းပြဖြစ်လာရန် ထိပ်ဆုံးမှ ရေပန်းစားလာပါတယ်။

အင်္ဂလန်ဘွတ်ကီဒိုင်များရဲ့အလေးပေးမှုအရ ပိုချက်တီနိုမှာ ၅/၄ ဖြင့် ရေပန်းအစားဆုံးဖြစ်နေကာ ဇာဗီးမှာ ၁၁/၈၊ မာဆယ်လိုဘီရယ်ဆာမှာ ၈/၁၊ ရော်နယ်ကိုးလ်မန်းမှာ ၈/၁ နှင့် ရောဘတ်တိုမာတီနက်ဇ်မှာ ၁၀/၁ တို့ဖြင့် အလေးပေးခြင်းခံထားရပါတယ်။


ပိုချက်တီနိုဟာပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကစပါးစ်နည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပြီးဘောလုံးလောကသို့ပြန်လည်ခြေချရန်အသင့်ဖြစ်နေသူလည်းဖြစ်ပါတယ်။

သူဟာဘာစီလိုနာရဲ့မြို့ခံပြိင်ဘက်အက်စ်ပန်ညိုမှာကစားသမားအဖြစ်ရောနည်းပြအဖြစ်ပါကျင်လည်ခဲ့ဖူးတဲ့အပြင် အက်စ်ပန်ညိုကိုကိုင်တွယ်တုန်း ကဘာစီလိုနာကို ဘယ်တော့မှ ကိုင်တွယ်မှာမဟုတ်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။


ဒါပေမယ့်ပြီးခဲ့တဲ့လတုန်းက အင်တာဗျူးတစ်ခုမှာတော့ ပိုချက်တီနိုက ၎င်းမှာ မီဒီယာများက မေးမြန်းလာချိန်တွင် ဒေါသအလျှောက် ဘာစီလိုနာကို မကိုင်တွယ်ဘူးလို့ ပြောဆိုခဲ့ခြင်းမျှသာဖြစ်ကြောင်း၊ ဘာစီလိုနာအသင်းကို ကိုင်တွယ်ရန်တံခါးဖွင့်ထားကြောင်း ပြောကြားကာ ယခင်ပြောကြားမှုကို ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

Facebook Comments Box
Facebook Comment