ဇီရက်ချ်က ချဲလ်ဆီးကို လိဂ်ချန်ပီယံဖြစ်အောင် ကူညီနိုင်မည်ဟု ဖာဘရီဂတ်စ် သုံးသပ်

ချဲလ်ဆီး ကွင်းလယ်လူဟောင်း ဆက်စ်ဖာဘရီဂတ်စ်က မော်ရိုကို တောင်ပံကစားသမား ဟာကင်ဇီရက်ချ်ကို ထူးချွန်သည့် ကစားသမားဟု ချီးကျူးလိုက်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်မည်ဟုလည်း သုံးသပ်ပြောကြားလိုက်သည်။

၂၀၁၇ ခုနှစ်နောက်ပိုင်း အမှတ်ပေး ချန်ပီယံဆုနှင့် ဝေးကွာနေသော ချဲလ်ဆီးသည် ယခုဘောလုံးရာသီတွင် ကစားသမားသစ်များအတွက် ပေါင် ၂၅၃ သန်းသုံးစွဲကာ ချန်ပီယံဖြစ်ရန် ကြိုးစားနေသည်။

ချဲလ်ဆီးခေါ်ယူထားသော ကစားသမားသစ်များအနက် တီမိုဗာနာက ပရီးမီးယားလိဂ် ၄ ဂိုးအပါ ပြိုင်ပွဲစုံ ၈ ဂိုးသွင်းကာ ကိုင်ဟာဗက်ဇ်က ပြိုင်ပွဲစုံ ၄ ဂိုး၊ ဇီရက်ချ်က ပြိုင်ပွဲစုံ ၂ ဂိုး သွင်းယူထားသည်။

အေဂျက်စ်မှ ပေါင် ၃၈ သန်းဖြင့် ပြောင်းရွှေ့လာသော ဇီရက်ချ်သည် ဂိုးဖန် တီးမှု ၃ ကြိမ် ပြုလုပ်ပေးထားပြီး ၎င်းထံမှ အကောင်းဆုံးအရာများကို ကာ လကြာရှည် ရရှိနေမည်ဟု ဖာဘရီဂတ်စ်က ပြောသည်။

လက်ရှိအချိန်တွင် ချဲလ်ဆီးသည် ပြိုင်ပွဲစုံ ၈ ပွဲဆက် ရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်တွင် ဇယားထိပ်ဆုံးမှ လက်စတာနှင့် ၃ မှတ်အကွာ အဆင့် ၅ နေရာ၊ ချန်ပီယံလိဂ်တွင် ၃ ပွဲကစား ၂ ပွဲနိုင်၊ ၁ ပွဲသရေ ရမှတ် ၇ မှတ်ဖြင့် အုပ် စုထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။

၂၀၁၄ မှ ၂၀၁၉ ခုနှစ်အထိ ချဲလ်ဆီးတွင် ကစားကာ ယခု မိုနာကို၌ ကစားနေသော ဖာဘရီဂတ်စ်က “ဇီရက်ချ်က အရမ်းကောင်းတဲ့ ကစားသမား တစ်ယောက်ပါ။ ချဲလ်ဆီးလို ထိပ်တန်းအသင်းတစ်သင်းမှာ ကစားဖို့ လိုအပ်တဲ့ အမြင်လည်းရှိတယ်။ သူက ချန်ပီယံဖြစ်ချင်သလို အဲဒီလိုဖြစ်အောင် လည်း ကူညီပေးနိုင်တဲ့ အစွမ်းအစ ရှိပါတယ်” ဟု ပြောသည်။

Ref:90min

Facebook Comments Box
Facebook Comment