ဇယားထိပ်မှာ ဆက်ရှိဖို့ ကာဒစ်ဇ်ကို အနိုင်ယူမယ့် ဆိုစီဒက်

လာလီဂါ ပွဲစဉ် ၁၀ ပွဲကြိုသုံးသပ်ချက်

အီဘာ Vs ဂီတာဖေး

ည ရး၃၀ နာရီ(အီပူရူအာ)

အီဘာကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၈-၁၂-၂၀၁၉ အီဘာ ဝ-၁ ဂီတာဖေး

၁၆-၂-၂၀၁၉ အီဘာ ၂-၂ ဂီတာဖေး

၂၁-၄-၂၀၁၈ အီဘာ ဝ-၁ ဂီတာဖေး

အီဘာက လာလီဂါနောက်ဆုံး ၅ ပွဲမှာ ၈ မှတ်ရယူထားကာ ရှုံးပွဲ ၁ ပွဲသာ ကြုံထားပါတယ်။

ဂီတာဖေးကတော့ လာလီဂါ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲရှုံးထားလို့ အီဘာထက်စာရင် အခြေအနေ ဆိုးနေတယ်လို့ ဆိုနိုင်ပါတယ်။

လတ်တလော ခြေစွမ်းအရ ပုံစံကောင်းရနေတဲ့ အီဘာကို ဂီတာဖေးက =၂၅ ဖွင့်လှစ်ထားပြီး ဧည့်သည်ကို ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – အီဘာ ဝ-၁ ဂီတာဖေး

ကာဒစ်ဇ် Vs ဆိုစီဒက်

ည ၉း၄၅ နာရီ(ကာရန်ဇာ)

ကာဒစ်ဇ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၅-၆-၂၀၁၀ ကာဒစ်ဇ် ၁-၃ ဆိုစီဒက်

၁၁-၅-၂၀၀၈ ကာဒစ်ဇ် ၂-၂ ဆိုစီဒက်

၄-၅-၂၀၀၆ ကာဒစ်ဇ် ၂-၂ ဆိုစီဒက်

တန်းတက်ကာဒစ်ဇ်ဟာ အံ့အားသင့်စရာကောင်းလောက်အောင် ရလဒ်ကောင်းတွေ ရယူထားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

နည်းပြ အယ်လ်ဂွါဆီရဲ့ဆိုစီဒက်ကတော့ အသင်းလိုက် စုဖွဲ့မှုကောင်းကောင်းနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

တိုက်စစ်ကောင်းတဲ့ ဆိုစီဒက်က ၁+၆၀ ဖွင့်လှစ်ထားပြီး ထိပ်တိုက်တွေ့ဆုံ တိုင်းလည်း အသာရတတ်တဲ့ ဆိုစီဒက်နဲ့ လက်တွဲရမယ့်ပွဲပါ။

ခန့်မှန်းရလဒ် – ကာဒစ်ဇ် ဝ-၂ ဆိုစီဒက်

ဂရန်နာဒါ Vs ဗလာဒိုလစ်

ည ၁၂း၀၀ နာရီ(ကာမီနက်စ်)

ဂရန်နာဒါကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၁၆-၂-၂၀၂၀ ဂရန်နာဒါ ၂-၁ ဗလာဒိုလစ်

၃-၈-၂၀၁၉ ဂရန်နာဒါ ၂-၁ ဗလာဒိုလစ်

၁၀-၂-၂၀၁၈ ဂရန်နာဒါ ၁-၀ ဗလာဒိုလစ်

အဆင့် ၅ နေရာက ဂရန်နာဒါဟာ ရလဒ်တွေကောင်းနေပြီးမှ နောက်ဆုံးပွဲမှာ ဆိုစီဒက်ကို အဝေးကွင်းမှာ ၂ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

ဇယားအောက်ဆုံးက ဗလာဒိုလစ်ကတော့ နောက်ဆုံးပွဲတုန်းက ဘီလ်ဘာအိုကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံး လိဂ်နိုင်ပွဲကို ရယူနိုင်ခဲ့လို့ အားတက်နေပါတယ်။

ဂရန်နာဒါက =၆၀ ဖွင့်လှစ်ထားပြီး ဗလာဒိုလစ်ကို မေ့ထားရမယ့်ပွဲပါ။

ခန့်မှန်းရလဒ် – ဂရန်နာဒါ ၁-၀ ဗလာဒိုလစ်

အလာဗက်စ် Vs ဗလန်စီယာ

ည ၂း၃၀ နာရီ(မန်ဒီဇော်ရိုဇာ)

အလာဗက်စ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၇-၃-၂၀၂၀ အလာဗက်စ် ၁-၁ ဗလန်စီယာ

၅-၁-၂၀၁၉ အလာဗက်စ် ၂-၁ ဗလန်စီယာ

၅-၁-၂၀၁၈ အလာဗက်စ် ၂-၁ ဗလန်စီယာ

အမှတ်ပေးဇယား အဆင့် ၁၅ နေရာက အလာဗက်စ်ဟာ လာလီဂါ နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၁ ပွဲနိုင်၊ ၂ ပွဲသရေ ကစားထားပါတယ်။

နည်းပြ ဂျာဗီဂါစီယာရဲ့ဗလန်စီယာကတော့ နောက်ဆုံးပွဲမှာ ချန်ပီယံရီးရဲလ်ကို ဂိုးပြတ်အနိုင်ရထားပေမယ့် ခြေစွမ်းကတော့ ယုံစားလို့ မရပါဘူး။

အလာဗက်စ်က =၂၅ အကျောပေးထားပြီး ဗလန်စီယာကို မေ့ထားရမယ်။

ခန့်မှန်းရလဒ် – အလာဗက်စ် ၂-၁ ဗလန်စီယာ

Facebook Comments Box
Facebook Comment