ဆွာရက်ဇ် ဂျူဗင်တပ်စ်သို့ ရောက်နိုင်ဖွယ်မရှိဟု နည်းပြပီယာလို ဖွင့်ဟ

ယခုနှစ် ဘောလုံးရာသီ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် ဆမ်ဒိုးရီးယားအသင်းနှင့် မကစားမီ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် မိမိတို့အသင်းသို့ ရောက်နိုင်ခြေ မရှိကြောင်း ပြောကြားလိုက်သည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းကြောင့် အသင်းပြောင်းရွှေ့ရန် စီစဉ်လျက်ရှိပြီး ယမန်နေ့က အီတလီသို့ရောက်ရှိလာကာ အီတလီပတ်စ်ပို့ ရရှိနိုင်ရေးအတွက် အီတလီဘာသာစကား ဖြေဆိုရန် ကြိုးစားနေသည်။

ဂျူဗင်တပ်စ်သည် အပြောင်းအရွှေ့ကာလတစ်ခုတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများမှ ကစားသမား ၂ ဦးသာ ခေါ်ယူနိုင်သည့် စည်းမျဉ်းအရ ဘရာဇီးလ်ကွင်းလယ်လူ အာသာမယ်လို၊ အမေရိကန်ကွင်းလယ်လူ မက်ကန်နီတို့ကို ခေါ်ယူထားပြီးဖြစ်သောကြောင့် ခွဲတမ်းပြည့်သွားပြီဖြစ်သည်။

ထို့ကြောင့် ဆွာရက်ဇ်သည် အီတလီပတ်စ်ပို့ရရှိနိုင်ရေးအတွက် အီတလီဘာသာစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ကြိုးစားနေခြင်းဖြစ်သော်လည်း ပီယာလိုကမူ ၎င်း ဂျူဗီသို့ရောက်လာရေးက ဖြစ်နိုင်ဖွယ်မရှိဟု ဆိုခဲ့သည်။

“အီတလီပတ်စ်ပို့ ရရှိဖို့ဆိုတာက အချိန်အကြာကြီး ယူရပါတယ်။ ဒါကြောင့် ဆွာရက်ဇ်က ဂျူ ဗင်တပ်စ် အထောင်တိုက်စစ်မှူး ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပီယာလိုက ပြောသည်။

ဆက်လက်၍ ၎င်းက ရိုးမားတိုက်စစ်မှူး အီဒင်ဂျက်ကိုအား အလျင်အမြန် ခေါ်ယူမည်မဟုတ်ဟု ပြောသော်လည်း အဆိုပါ ဘော့စနီးယားတိုက်စစ်မှူးသည် ဗီရိုနာနှင့်ကစားမည့်ပွဲအတွက် နည်းပြ ဖွန်ဆီကာက ခေါ်ယူထားသော်လည်း ဒဏ်ရာအကြောင်းပြကာ ရှောင်လွှဲခဲ့သောကြောင့် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ရန် ရာခိုင်နှုန်းများနေသည်ဟု သတင်းထွက်နေသည်။

ထို့အပြင် ၎င်းက ဆမ်ဒိုးရီးယားကို ဧည့်ခံရမည့်ပွဲမှာ အလွန်ခက်ခဲမည်ဖြစ်ပြီး နည်းပြ ရာနီရေရီကလည်း ပါရမီရှိသည့် နည်းပြကောင်းတစ်ဦးဖြစ်သော်လည်း အနိုင် ၃ မှတ်ရရှိရန် အကောင်းဆုံး စွမ်းဆောင်ပြမည်ဟု ပြောသည်။

Ref:footballitalia

Facebook Comments Box
Facebook Comment