ဆွာရက်ဇ်အား ပြန်လည်ခေါ်ယူနိုင်သည့် အခွင့်အလမ်းနည်းပါးကြောင်း မာ့ခ်အိုဗားမားပြောကြား

အေဂျက်စ်အားကစားဒါရိုက်တာမာ့ခ်အိုဗားမားက မိမိတို့အေဂျက်စ်အသင်းတွင် ဘာစီလိုနာစတားလူးဝစ်ဆွာရက်ဇ်အား ပြန်လည်ခေါ်ဆောင်လာနိုင်ရေးအတွက် အခွင့်အရေး အလွန်နည်းပါးကြောင်း အတည်ပြု ပြောကြားလိုက်သည်။

အသက် ၃၃ နှစ်ရှိ လူးဝစ်ဆွာရက်ဇ်သည် ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်း၏ ဘာစီလိုနာကို ပြန်လည်တည်ဆောက်ရေးစီမံကိန်းတွင် ပါဝင်ခြင်းမရှိချေ။

လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကလပ်များထဲတွင် အေဂျက်စ်လည်း ပါဝင်သည်။ ဆွာရက်ဇ်သည် အေဂျက်စ်တွင် လေးနှစ်ကြာကစားခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်တွင် လီဗာပူးသို့ ပြောင်းခဲ့သူဖြစ်သည်။

အိုဗားမားက “သူ ကျွန်တော်တို့ဆီ လာဖို့ အခွင့်အလမ်း အလွန်နည်းပါးပါတယ်။ သူနဲ့ အဆက်အသွယ်ရှိသလားဆိုတော့ ကျွန်တော်တို့က အေဂျက်စ်ကစားသမားဟောင်းတွေနဲ့ ဆက်သွယ်မှုရှိပါတယ်”ဟု Ziggo Sport သို့ ပြောကြားသွားခဲ့သည်။

ဆွာရက်ဇ်သည် အေဂျက်စ်တွင် ကစားစဉ်အတွင်း ဒတ်ချ်အမှတ်ပေးဖလားနှင့် ရှုံးထွက်ဖလားတို့ ဆွတ်ခူးနိုင်ခဲ့သည်။ သူသည် ၂၀၁၄ ခုနှစ်တွင် လီဗာပူးမှ ဘာစီလိုနာသို့ ပြောင်းပြီးနောက် လာလီဂါဖလားလေးကြိမ်နှင့် ချန်ပီယံလိဂ်ဖလားတစ်ကြိမ် ဆွတ်ခူးထားနိုင်သည်။

Ref: Ziggo Sport

Facebook Comments Box
Facebook Comment