ဆွာရက်ဇ်အပါအဝင် ၄ ဦးကို အသင်းပြောင်းဖို့ ပြောလိုက်တဲ့ ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းသည် တိုက်စစ်မှူးလူးဝစ်ဆွာရက်ဇ်အပါအဝင် နာမည်ကြီးကစားသမား ၄ ဦးကို ယခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းသစ်ရှာဖွေရန် အသိပေးထားကြောင်း သိရသည်။

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ဆက်တီယန်၏နေရာကို ဆက်ခံခဲ့ သော ကိုးမန်းသည် ဘာစီလိုနာအသင်းအား ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်စီစဉ်ထားသည်။

ကိုးမန်းသည် အသင်းတွင် မပျော်မရွှင်ဖြစ်နေသည့် အသင်းခေါင်းဆောင်မက်ဆီ ကို ဆက်ထိန်းနိုင်ရန် ဦးစားပေး ကိစ္စအဖြစ် ခံယူထားပြီး မလိုအပ်တော့သည့် အခြားကစားသမားများကို စာချုပ်ဖျက်သိမ်းသွားမည်ဖြစ်သည်။

ကိုးမန်းသည် ယမန်နေ့က ဆွာရက်ဇ်နှင့်တွေ့ဆုံကာ ၎င်း၏အနာဂတ်အစီအမံများထဲ မပါဝင်တော့ကြောင်း အသိ ပေးခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူးနှင့်ချုပ် ဆိုထားသောစာချုပ်အား ရက်ပိုင်းအတွင်း ဖျက်သိမ်းသွားမည်ဖြစ် သည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် ၂၀၁၄ တွင် လီဗာပူးလ်မှ ပေါင် ၇၅ သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက် ဘာ စီလိုနာအတွက် ပြိုင်ပွဲစုံ ၁၉၈ ဂိုးသွင်းကာ မက်ဆီ(၆၃၄ ဂိုး)၊ ဆီဇာ(၂၃၂ ဂိုး)တို့ပြီးလျှင် အသင်း၏ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။ ကိုးမန်းသည် ဆွာရက်ဇ်၏နေရာတွင် မက်ဆီ၏အာဂျင်တီးနား လက်ရွေးစင်အသင်းဖော် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်နှင့်အစားထိုးရန် စီစဉ်ထားသည်။

ကိုးမန်းသည် ဆွာရက်ဇ်အပြင် အသက် ၃၂ နှစ်အရွယ် ခရိုအေးရှားကွင်းလယ်လူ အီဗန်ရာကီတစ်၊ ၃၃ နှစ်အရွယ် ချီလီကွင်းလယ်လူ အာတူရိုဗီဒယ်၊ ၂၆ နှစ် အရွယ် ပြင်သစ်နောက်ခံလူ ဆမ်မြူရယ်အမ်တီတီတို့ကိုလည်း အလိုမရှိ တော့ကြောင်း ပြောကြားထားသည်။

Ref: Metro

Facebook Comments Box
Facebook Comment