ဆွာရက်ဇ်ကို မခေါ်ဘူးလို့ အသိပေးလိုက်တဲ့ ဂျူဗီ

ဘာစီလိုနာအသင်း၏ စီမံကိန်းထဲတွင် ပါဝင်ခြင်းမရှိဟု အသိပေးခံထားရသောကြောင့် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့နိုင်ရေး ကြိုးစားနေသော ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ခေါ်ယူတော့မည်မဟုတ်ကြောင်း တူရင်အခြေစိုက်ကလပ်က ဆွာရက်ဇ်၏ ကိုယ်စားလှယ်များကို အသိပေးလိုက်သည်။

အသက် ၃၃ နှစ်အရွယ် ဆွာရက်ဇ်သည် ဘာစီလိုနာ သမိုင်းတစ်လျှောက် တတိယ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသော်လည်း နည်းပြသစ် ရော်နယ်ကိုးမန်းက အသင်းပြောင်းရန် အသိပေးထားသည်။

ထို့ကြောင့် ၎င်းသည် စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့နိုင်ရေးအတွက် အီတလီပတ်စ်ပို့ ရနိုင်ရန် အီတလီဘာသာစကား ဖြေဆိုသွားမည်ဖြစ်သည်။

ယမန်နေ့ကလည်း ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက အီတလီပတ်စ်ပို့ ရရှိရန်မှာ အချိန်ယူရသောကြောင့် ဆွာရက်ဇ်ကို ခေါ်ယူတော့မည် မဟုတ်ကြောင်း ပြောကြားထားသည်။

ဂျူဗင်တပ်စ်သည် ၎င်းအစား ရိုးမားတိုက်စစ်မှူး အီဒင်ဂျက်ကိုအား ခေါ်ယူသွားမည် ဖြစ်ပြီး ဝုဖ်ဘတ်နှင့် မန်စီးတီး ကစားသမားဟောင်းနှင့် မကြာမီ တရားဝင် စာချုပ်သွားမည်ဖြစ်သည်။

ရိုးမားသည် နာပိုလီတိုက်စစ်မှူး မီလစ်ကိုခေါ်ယူရန် သဘောတူညီမှု ရယူထားသောကြောင့် ရိုးမားအခြေစိုက် ကလပ်အတွက် ပြိုင်ပွဲစုံ ၁၀၆ ဂိုးသွင်းထားသော ဂျက်ကိုသည် ရောမမှ ထွက်ခွာတော့မည်ဖြစ်သည်။

အီတလီ အားကစားသတင်းစာ La Gazzetta dello Sport ၏ ဖော်ပြမှုအရ ဂျူဗင်တပ်စ် အားက စားဒါရိုက်တာ ပါရာတီဆီသည် ဆွာရက်ဇ်၏ ကိုယ်စားလှယ်များကို တွေ့ဆုံကာ တိုက်စစ်အတွက် ဂျက်ကိုအား ခေါ်ယူတော့မည်ဟု တရားဝင် အသိပေးခဲ့သည်။

ထို့ကြောင့် ဆွာရက်ဇ်အနေဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့မပိတ်မီ ကလပ်အသင်းသစ် ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။

Ref:LaGazzettadelloSport

Facebook Comments Box
Facebook Comment