ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၁.၅ သန်းဖြင့် ဂျူဗင်တပ်သဘောတူညီမှုရရှိ

ဂျူဗင်တပ်သည် လူးဝစ်ဆွာရက်ဇ်အား ခေါ်ယူရေးအတွက် လိုအပ်သည့် သဘောတူ ညီမှုအားလုံး ရရှိထားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် လူးဝစ်ဆွာရက်ဇ်သည် ယခုအပတ်အတွင်းတွင် ဘာစီလိုနာမှ ထွက်ခွာကာ ဂျူဗင်တပ်သို့ ရောက်လာရန် သေချာနေပြီ ဖြစ်သည်။

ဂျူဗင်တပ်သည် တစ်နှစ်လုပ်ခယူရို ၁၀ သန်းဖြင့် ၂ နှစ်စာချုပ်ချုပ်ဆိုရန် ဆွာရက်ဇ်နှင့် သဘောတူညီမှုရရှိထားသည်။ ယင်းစာချုပ်အတွင်းတွင် ခြေစစ်ပွဲနှင့် အောင်မြင်မှုအပေါ် မူတည်ပြီး နောက်ထပ် တစ်နှစ် သက်တမ်းတိုးနိုင်မည့် အချက် ပါဝင်နေသည်။

ဂျူဗင်တပ်သည် လူးဝစ်ဆွာရက်ဇ်၏ အပြောင်းအရွှေ့အတွက် ဘာစီလိုနာကို ပြောင်းရွှေ့ကြေး ယူရို ၁.၅ သန်းသာ ပေးရမည်ဖြစ်သည်။ ဘာစီလိုနာသည် ခရိုအေးရှားလက်ရွေးစင်အိုင်ဗန်ရာကီတစ်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို ၁.၅ သန်းဖြင့်ပင် ဆီဗီလာသို့ ရောင်းချခဲ့ဖူးပြီး ဖြစ်သည်။

ဆွာရက်ဇ်သည် ယနေ့ တနင်္လာနေ့တွင် စပိန်ရှိ အီတလီသံရုံးသို့ သွားရောက်ကာ ပတ်စ်ပို့ရရှိရေးအတွက် ဘာသာစကားစာမေးပွဲဖြေဆိုရမည်ဖြစ်သည်။ ဆွာရက်ဇ်၏ဇနီးသည်မှာ အီတလီသူဖြစ်ရာ ၎င်းအနေဖြင့် အီတလီပတ်စ်ပို့စ်ရရှိရန် သေချာနေသော်လည်း ဘာသာစကားစာမေးပွဲအောင်မြင်ရန် လိုအပ်နေသည်။

ဆွာရက်ဇ်သာ အီတလီပတ်စ်ပို့ ရရှိလာပါက ဂျူဗင်တပ်အနေဖြင့် ၎င်းကို EU ကစားသမားအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

Facebook Comments Box
Facebook Comment