ဆဲလ်ဘတ်နှင့်ပွဲမှာ ချန်ပီယံလိဂ် ဂိုးသွင်းစံချိန်သစ် ရေးထိုးလိုက်သည့် ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်သည် ဆဲလ်ဘတ်အား ၆-၂ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပွဲပြီးခါနီး ၁၅ မိနစ်အတွင်းတွင် သွင်းယူသည့် ဂိုး ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းဂိုးများကြောင့် ဘိုင်ယန်မြူးနစ်သည် ချန်ပီယံလိဂ်သမိုင်းတွင် ပွဲပြီးခါနီး ၁၅ မိနစ်အတွင်းတွင် ၄ ဂိုးသွင်းနိုင်သည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။

လက်ရှိ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်မှ ဘိုတန်း၊ ဆာနေး၊ လီဝန်ဒေါ့စကီးနှင့် ဟာနန်ဒက်ဇ်တို့သည် ပွဲပြီးခါနီး ၁၁ မိနစ်အတွင်းတွင် ဘိုင်ယန်မြူးနစ်အတွက် သမိုင်းဝင်ဂိုးများ သွင်းယူခဲ့ကြခြင်း ဖြစ်သည်။

ဘိုင်ယန်သည် ပွဲချိန် ၄ မိနစ်တွင် မာဂမ်ဘီရီရှာသွင်းယူသည့် ဂိုးကြောင့် ဆဲလ်ဘတ်ကို နောက်မှ လိုက်ကစားခဲ့ရသည်။ ၎င်းတို့သည် ချန်ပီယံလိဂ် ၁၁ ပွဲအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် နောက်မှ လိုက်မှ လိုက်ကစားခဲ့ရခြင်း ဖြစ်သည်။ သို့ရာတွင် ၂၁ မိနစ်တွင် လီဝန်ဒေါ့စကီးက ပင်နယ်တီမှ ချေပဂိုးသွင်းယူခဲ့ပြီး ရက်စ်မတ်စ်ခရစ္စတန်ဆင်၏ Own Goal ကြောင့် ပထမပိုင်းတွင် ဘိုင်ယန်မြူးနစ်က ၂-၁ ဖြင့် အနိုင်ရရှိနေသည်။

ဩစတြီးယားချန်ပီယံသည် ပွဲချိန် ၆၆ မိနစ်တွင် အိုကူဂါဝါ၏ ဂိုးဖြင့် ပြန်လည်ချေပနိုင်ခဲ့သည်။ သို့ရာတွင် ဘိုင်ယန်မြူးနစ်က ပွဲပြီးခါနီး ၁၁ မိနစ်အတွင်းတွင် အနိုင်ဂိုးများရရှိကာ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ဆဲလ်ဘတ်နိုင်ပွဲကြောင့် ချန်ပီယံလိဂ်တွင် အဝေးကွင်း ၁၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်း ရရှိထားသည်။ လက်ရှိအချိန်တွင် မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်တွင် အဝေးကွင်း ၁၆ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်း(၂၀၀၇ မှ ၂၀၁၀ အတွင်း)ဖြင့် ထိပ်ဆုံးမှာ ရပ်တည်နေသည်။

ဘိုင်ယန်သည် အုပ်စုပွဲ ၃ ပွဲလုံး အနိုင်ရရှိထားမှုကြောင့် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ဆဲလ်ဘတ်နှင့် အိမ်ကွင်းပွဲတွင် အနိုင်ရရှိပါက ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment