ဆေးလ်ဗားကို ကပ္ပတိန် လက်ပတ် ပေးမယ့် လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်သည် မကြာမီ အသင်းသို့တရားဝင်ရောက်ရှိလာတော့မည့် ပီအက်စ်ဂျီနောက်ခံလူ ဟောင်း သီယာဂိုဆေးလ်ဗားကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လာမည့်စက်တင်ဘာ ၂၂ ရက်တွင် အသက် ၃၆ နှစ်ပြည့်မည့် ဘရာဇီးလ်လက်ရွေးစင် ဆေးလ်ဗားသည် ဘိုင်ယန် မြူးနစ်အား ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး ၈ နှစ်ကြာကစားခဲ့သော ပါရီအခြေစိုက်အသင်းမှ ထွက်ခွာမည်ဟု အတည်ပြုခဲ့သည်။ လာမည့်ဘောလုံးရာသီအတွက် နောက်တန်းအင်အားဖြည့်တင်းလိုနေသော ချဲလ်ဆီးသည် ဆေးလ်ဗား၏လုပ်အား နှုန်းကို သဘောကျသလို အသင်းသားများအပေါ် လွှမ်းမိုးဦးဆောင်နိုင်စွမ်းရှိခြင်းကို နှစ်သက်သောကြောင့် အလွတ် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည်။

ဘရာဇီးလ်အားကစားသတင်းစာ Globo ၏ ဖော်ပြချက်အရ လမ်းပတ်သည် ရာသီသစ်တွင် အသင်းအား ဦး ဆောင်ကစားရန် ဆေးလ်ဗားအားမေးမြန်းထားပြီး သဘောတူပါက လက်ရှိအသင်းခေါင်းဆောင် စပိန်နောက်ခံလူ အက်စပီလီကွေတာ၏ ကပ္ပတိန်လက်ပတ်အား လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။

ယမန်နှစ်ရာသီက ပြိုင်ပွဲစုံပေးဂိုး ၇၉ ဂိုးအထိရှိခဲ့သော ချဲလ်ဆီးသည် နောက်တန်းအပြင် တိုက်စစ်၊ ကွင်းလယ် နေ ရာစုံအားဖြည့်ထားပြီး ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်တွင် အောင်မြင်မှုများရယူနိုင်ရန် ရည်မှန်းထားသည်။

Ref: Globo

Facebook Comments Box
Facebook Comment