ဆောက်သမ်တန်နှင့်ပွဲအား ဘန်ချီဝဲလ်၊ မန်ဒီနှင့် ဘီလီဂီလ်မိုးတို့ လွဲချော်ဖွယ်ရှိ

နိုင်ငံတကာ ရက်သတ္တပတ်အပြီး ပြန်လည်စတင်မည့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အဓိက ကစားသမားအချို့ ပါဝင်နိုင်ဖွယ်မရှိ၍ ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ် အခက်တွေ့လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးကစားထားသည့်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အား ၄ ဂိုးပြတ် အနိုင်ရထားသော ချဲလ်ဆီးသည် လာမည့် အောက်တိုဘာ ၁၇ ရက်တွင် ဆောက်သမ်တန်အား အိမ်ကွင်းပွဲစဉ် လက်ခံကစားသွားမည်ဖြစ်သည်။

ယခုပွဲသည် လိဂ် ၂ ပွဲဆက် ရှုံးပွဲမရှိဘဲ ၄ မှတ်ရထားသော ချဲလ်ဆီးအတွက် အရေးပါနေသလို ၂ ပွဲဆက် အနိုင်ရထားသော နည်းပြ ဟာဆန်ဟက်၏ ဆောက်သမ်တန်အတွက်လည်း နိုင်ပွဲဆက်ရေးက အရေးကြီးနေသည်။

ချဲလ်ဆီး ကစားသမားအချို့သည် နိုင်ငံတကာပွဲစဉ်များအတွက် သက်ဆိုင်ရာ လက်ရွေးစင်အသင်းများတွင် ပါဝင်ကစားခဲ့ရာ ဂိုးသမားမန်ဒီ၊ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်နှင့် ကွင်းလယ်လူ ဘီလီဂီလ်မိုးတို့ ဒဏ်ရာရခဲ့သောကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ နှင့် လွဲချော်ဖွယ်ရှိနေသည်။

အင်္ဂလန်လက်ရွေးစင် ဘန်ချီဝဲလ်သည် ခြေထောက်ဒဏ်ရာကြောင့် အသင်းမှ နုတ်ထွက်ခဲ့ရပြီး ၎င်းသည် အဆိုပါဒဏ်ရာကြောင့် ချဲလ်ဆီး၏ ရာသီအစပွဲများအား လွဲချော်ဖူးသည်။

မန်ဒီက ဆီနီဂေါအတွက် ကစားပေးစဉ် ပေါင်ခြံဒဏ်ရာ ရရှိသွားရာ ဆောက်သမ်တန်နှင့်ပွဲအား လွဲချော်ဖွယ်ရှိနေသလို စကော့တလန် ယူ-၂၁ ကွင်းလယ်လူ ဂီလ်မိုးကလည်း ဒူးဒဏ်ရာ ခွဲစိတ်ကုသရမည်ဖြစ်သည်။

ဘန်ချီဝဲလ်၊ မန်ဒီ၊ ဂီလ်မိုးတို့ ဒဏ်ရာရနေချိန်တွင် သတင်းကောင်းက ဒဏ်ရာကြောင့် တစ်ပွဲမှ မကစားရသေးသော ကွင်းလယ်တောင်ပံ ကစားသမား ဇီရက်ချ်မှာ မော်ရိုကိုအသင်းအတွက် ပြန်ကစားနိုင်ခဲ့ပြီဖြစ်ရာ ဆောက်သမ်တန်နှင့်ပွဲတွင် ချဲလ်ဆီးအတွက် ပထမဆုံးအကြိမ် ကစားနိုင်တော့မည် ဖြစ်သည်။

Ref: hampshirelive

Facebook Comments Box
Facebook Comment