
ဆီနီဂေါကို သက်တောင့်သက်သာ အနိုင်ယူပြီး ကွာတားတက်တဲ့ အင်္ဂလန်

အင်္ဂလန် ၃-၀ ဆီနီဂေါ
အင်္ဂလန် အသင်းဟာ အာဖရိကတိုက်က ခြေစွာပါတယ် ဆိုတဲ့ ဆီနီဂေါကို သက်တောင့် သက်သာ ဂိုးပြတ် အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ ပထမဆုံး ဂိုးကို ဟန်ဒါဆန် အတွက် ဖန်တီးပေးခဲ့တဲ့ ဘယ်လင်ဂန်ဟာ ၁၉၆၆ ကမ္ဘာ့ဖလား နောက်ပိုင်း ရှုံးထွက်အဆင့်မှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစားသမား ဖြစ်လာပါတယ်။
နောက်ဆုံး ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ အဓိက ပြိုင်ပွဲကြီး နှစ်ခုမှာ ဆီမီးဖိုင်နယ် အဆင့်ကို အနည်းဆုံး ရောက်ခဲ့တဲ့ အင်္ဂလန် အတွက် နောက်ထပ် ဂိုးတွေကို ကိန်းနဲ့ ဆာကာတို့က သွင်းယူပေးခဲ့ ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ ကွာတားဖိုင်နယ် ရောက်ရင် ထိပ်တိုက် တွေ့ဆုံမှု ၈ ကြိမ်မှာ တစ်ကြိမ်သာ နိုင်ဖူးတဲ့ ပြင်သစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အဓိက ပြိုင်ပွဲကြီးတွေ ဗိုလ်မစွဲဖူးတာ ၅၆ နှစ်ရှိပြီ ဖြစ်တဲ့ အင်္ဂလန်တို့ အခုပွဲမှာတော့ ဘယ်အဆင့်ထိ တက်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါဦးမယ်။