
ဆီတိန်းကို ထုတ်ပယ်လိုက်ပြီဟု ဘာတိုမြူအတည်ပြု
ဘောလုံးကမ္ဘာတစ်လုံး မျှော်လင့်ထားသလို ကွီကွီဆီတန်းအတွက် ဘာစီလိုနာဇာတ်လမ်းတို ပြီးဆုံးသွားပြီဖြစ်သည်။
ကွီကွီဆီတိန်းသည် ဘာစီလိုနာကို ကိုင်တွယ်သည့်ကာလရှစ် လမပြည့်ခင်မှာဘဲ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီဖြစ်သည်။ ဘာစီလိုနာဥက္ကဌဘာတိုမြူက စပိန်ရေဒီယိုတစ်ခုသို့ ဆီတိန်းအား ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုလာခဲ့ပြီ ဖြစ်သည်။
ဘာတိုမြူက စပိန်ရေဒီယို Cadena Cope ရေဒီယိုသတင်းဌာနမှ သတင်းထောက် ဗစ်တာနာဗာရိုအား‘‘သူ့ကို ထုတ်လိုက်ပြီ”ဟု တိုတိုတောင်းတောင်းပင် အတည်ပြုပြောကြားခဲ့တာပါ။
ဘာစီလိုနာဥက္ကဌဘာတိုမြူသည် အားကစားဒါရိုက်တာအဘီဒယ်နှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ရေဒီယိုသတင်းဌာနမှသတင်းထောက်နှင့်တွေ့ဆုံစဉ် ယင်းသို့ ပြောကြားသွားခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိအချိန်မှာ ဘာစီလိုနာသည် ဆီတိန်းအား ထုတ်ပယ်ကြောင်း တရားဝင်ကြေညာထားခြင်း မရှိသေးသော်လည်း မကြာမီကာလအတွင်းတွင် ကြေညာလာရန် ရှိသည်။ ဆီတိန်းနေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် နယ်သာလန်နည်းပြရော်နယ်ကိုးမန်းက ရေပန်းစားနေသည်။
Ref: Marca