ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ချမှတ်ခံလိုက်ရတဲ့ မက်ဂွိုင်းယား

ဂရိနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရန်ပွဲတစ်ခုတွင် တာဝန်ရှိရဲအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ဆဲရေးတိုင်း ထွာခြင်း၊ လာဘ်ငွေပေးရန် ကြိုးစားခြင်းတို့ကြောင့် မန်ယူအသင်းခေါင်းဆောင် အင်္ဂလန်နောက်ခံလူ ဟယ်ရီမက် ဂွိုင်းယားကို မိုင်ကိုနော့စ်တရားရုံးက ထောင်ဒဏ် ၂၁ လနှင့် ၁၀ ရက်ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

သို့သော်လည်း ၎င်းသည် ပထမတစ်ကြိမ်ကျူးလွန်ခြင်းဖြစ်နေသောကြောင့် ထောင်ဒဏ်ကို လက်ငင်းကျခံရမည် မ ဟုတ်ဘဲ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

မက်ဂွိုင်းယားနှင့် အစ်ကိုဖြစ်သူ ဂျိုး၊ ညီမဖြစ်သူ ဒေစီ၊ ဂျိုး၏သူငယ်ချင်း ခရစ္စတို ဖာရှာမန်တို့ပါဝင်သောအဖွဲ့နှင့် အယ်လ်ဘေးနီးယား အမျိုးသားများပါဝင်သောအဖွဲ့တို့ ဘားတစ်ခုအပြင်တွင်ဖြစ်ပွားသောရန်ပွဲကို အရပ်ဝတ်နှင့် ရဲအရာရှိက လာရောက်ဟန့်တားခဲ့သည်။

ထိုအချိန်တွင် အသက် ၂၇ နှစ်အရွယ် မက်ဂွိုင်းယားက ရဲအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်သလို ညစ်ညမ်း စွာ ဆဲရေးခြင်း၊ ဖမ်းဆီးခံထားရချိန်တွင် လွှတ်ပေးပါက ပိုက်ဆံပေးမည်ဟု လာဘ်ထိုးခဲ့ခြင်းများ ပြုလုပ်ခဲ့သည် ဟု ဂရိရှေ့နေများက လျှောက်လှဲခဲ့သည်။

ဂရိတွင် တာဝန်ကျအရာရှိကို လာဘ်ပေးရန်ကြိုးစားခြင်းသည် ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်သည်။ ထောင် ဒဏ်ချမှတ်ခံရသော်လည်း မက်ဂွိုင်းယားက စိတ်ဓာတ်ကြံ့ခိုင်သလို ယုံကြည်မှုလည်းရှိကြောင်း၊ အပြစ်လုပ်ထား ခြင်းလည်းမရှိကြောင်း ပြောသည်။

မန်ယူအသင်းက မက်ဂွိုင်းယား၏အမှုအတွက် အယူခံတက်ရန်စီစဉ်ထားသော်လည်း ၎င်း၏အပြုအမူကြောင့် အ သင်းခေါင်းဆောင်အဖြစ် ဆက်ခန့်၊ မခန့်ဆိုသည်ကို မျက်နှာချင်းဆိုင်တွေ့ဆုံ၍ ဆွေးနွေးသွားမည်ဟု သိရသည်။

Ref: Skysports

Facebook Comments Box
Facebook Comment