ဆားဘီးယားလော့ခ်ဒေါင်းစည်းမျဉ်းချိုးဖောက်၍ လူကာဂျိုဗစ် ပေါင် ၂၇၀၀၀ ဒဏ်ရိုက်ခြင်းခံရ

ရီးရဲလ်မက်ဒရစ်စတားလူကာဂျိုဗစ်သည် ပြီးခဲ့သည့်မတ်လတုန်းက ဆားဘီးယားလော့ခ်ဒေါင်း စည်းမျဉ်း ချိုးဖောက်မှုကြောင့် ပေါင် ၂၇၀၀၀ ဒဏ်ရိုက်ခြင်းခံခဲ့ရသည်။ သို့ရာတွင် လူကာဂျိူဗစ်သည် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်း ချိုးဖောက်မှုကြောင့် ထောင်ဒဏ်မချမှတ်ခံရချေ။

လူကာဂျိုဗစ်သည် မွေးရပ်မြေ ဆားဘီးယားတွင် ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းချိုးဖောက် ခဲ့မှုကြောင့် ထောင်ဒဏ် ၆ လကျခံရမည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်သည်။ သို့ရာတွင် သူသည် ဆားဘီးယားအာဏာပိုင်များနှင့် ငွေကြေးပြင်းထန်စွာ ကျခံကာ ထောင်ဒဏ် မကျရေး ဆွေးနွေးမှု အောင်မြင်သွားခဲ့သည်။

အသက် ၂၂ နှစ်ရှိ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးသည် ဆားဘီးယားလော့ခ်ဒေါင်းကာလ အစောပိုင်းတွင် ဆားဘီးယားသို့ ပြန်ခဲ့သူဖြစ်ပြီး ပြန်ရောက်လာချိန်တွင် နေအိမ်တွင် သီးသန့် မနေထိုင်ဘဲ ချစ်သူ ဆိုဖီယာမီလိုဂျီဗစ်၏ မွေးနေ့ပါတီပွဲများ ပြုလုပ်ကာ သွားလာနေခဲ့သည်။

ချစ်သူ ဆိုဖီယာမီလိုဂျီဗစ်က လူကာဂျိုဗစ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့မှုကြောင့် သူ၏ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းချိုးဖောက်မှုကို လူသိသွားခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment