ဆာမူရိုင်းတွေရဲ့ နောက်တစ်ဆင့်အိပ်မက်ကို စပိန်က ခွင့်ပြုပါ့မလား

✍️ မောင်ရဲတိုက်

အုပ်စုပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်တွေကစားလာတာ အုပ်စုလေးစု ပြီးဆုံးခဲ့ပါပြီ။ ထိုအုပ်စုများထဲက နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်း၈သင်းထဲမှာ ဥရောပ(၄)သင်း၊ ‌မြောက်အမေရိက(၁)သင်း၊ တောင်အမေရိက(၁)သင်း၊ အာဖရိက(၁)သင်း၊ အာရှ(၁)သင်းဆိုပြီး တွေ့ရှိရပါတယ်။ အာရှမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဖြစ်တာနဲ့အညီ အာရှအသင်းများကို ပရိသတ်တို့ မျှော်လင့်ခဲ့ကြပေမယ့် အခုထိတော့ မထင်မှတ်ထားတဲ့ ဩစတြေးလျတစ်သင်းသာ လွတ်မြောက်နိုင်‌သေးတာဖြစ်ပါတယ်။

ဒီညမှာကစားမယ့်လေးပွဲမှာတော့ အာရှဇုန်က ဂျပန်အသင်းဟာ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်အသင်းကို အနိုင်ရရှိမှ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းပြောပြောနေတဲ့ ဆာမူရိုင်းစိတ်ဓာတ်နဲ့ အနိုင်ရရှိအောင် တက်လှမ်းနိုင်မလား၊ ဥရောပအသင်းကြီးစပိန်ကပဲ ပညာပြသွားမလား စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒီပွဲအပြင် အခြားသောပွဲစဉ်တွေရဲ့ နောက်တစ်ဆင့်အတွက် ရုန်းကန်တိုက်ပွဲဝင်ကြပုံတွေကို ကြည့်ရှုရဦးမှာမို့ အရှိန်မြင့်လာတဲ့ ကမ္ဘာ့ဖလားပွဲတွေကို ကျွန်တော် လေ့လာမြင်တွေ့မိသလောက် ခန့်မှန်းရေးသားဖော်ပြပေးချင်ပါတယ်။

⬛ ကနေဒါ Vs မော်ရိုကို

ပြီးခဲ့တဲ့ပွဲမှာ ခရိုအေးရှားကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပြီးနောက် ကနေဒါအသင်းဟာ နှစ်ပွဲတည်းနဲ့ အုပ်စုကထွက်ခဲ့ရပြီဖြစ်ပါတယ်။ ကစားခဲ့တဲ့နှစ်ပွဲစလုံးမှာ ကောင်းမွန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့သလို ကစားသမားကောင်းတွေကိုလည်း ပိုင်ဆိုင်ထားပေမယ့် ကံတရားကတော့ ကနေဒါဘက်မှာ ရှိမနေခဲ့ပါဘူး။ ခရိုအေးရှားနဲ့ပွဲမှာ တစ်ဂိုးနဲ့ဦးဆောင်ပြီးခါမှ လေးဂိုးပြန်ပေးရတဲ့အထိ သူတို့ခံစစ်က တောင့်တင်းခိုင်မာခြင်းကင်းမဲ့ခဲ့ပါတယ်။ အခုလို ထွက်ရတော့မှာ သိပြီးတဲ့နောက် ဘယ်လိုယုံကြည်ချက်မျိုး၊ ဘယ်လိုပြင်းပြတဲ့စိတ်ဆန္ဒမျိုးနဲ့ မော်ရိုကိုကို ယှဉ်ပြိုင်မှာလဲ။ အရှက်ပြေနိုင်ပွဲတစ်ခုကို နောက်ဆုံးဂုဏ်သိက္ခာအတွက် ယူဆောင်သွားဦးမယ်လို့တော့ တွေးလို့ရနိုင်သေးတာပေါ့။

မော်ရိုကိုကတော့ ကမ္ဘာ့အဆင့်(၂)က ဘယ်ဂျီယံကို အံ့ဖွယ်အနိုင်ရခဲ့ပြီး အုပ်စုကနေတက်ဖို့ အလားအလာကောင်းနေတာဖြစ်ပါတယ်။ အာဖရိကအသင်းဖြစ်တဲ့ မော်ရိုကိုဟာ လက်ရှိမှာ(၄)မှတ်ပိုင်ဆိုင်ထားပြီး ခရိုအေးရှားနဲ့ အဆင့်တူဂိုးကွာခြားချက်အရ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒီညပွဲမှာ ကနေဒါကို သရေကစားနိုင်ရုံနဲ့ အုပ်စုတက်ဖို့ အလားအလာရှိနေတာဖြစ်ပြီး လက်ရှိခြေစွမ်းအရ အနိုင်ရတဲ့ထိပါ ဖြစ်သွားနိုင်တာလည်း တွေ့ရပါတယ်။ ချယ်ဆီးမှာချောင်ထိုးခံထားရတဲ့ ဟာကင်ဇီယက်ခ်ျရဲ့ မော်ရိုကိုမှာ တောက်ပနေမှုက သူတို့အသင်းကို ၁၉၈၆ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားမှာ ပထမဆုံးအုပ်စုတက်ခွင့်ရမယ့် အနေအထားကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဖွင့်လှစ်မှုအရ မော်ရိုကိုဘက်က သရေ(၇၀)ရှုံးပေးထားပြီး ဂိုးပေါင်းကတော့ (၂-၆၀)မှာ စတင်ထားပါတယ်။ ဇယားအနေအထားအရ မော်ရိုကိုက သရေတစ်မှတ်ဆိုရင်ကို အဆင်ပြေနေသလို ကနေဒါကလည်း အုပ်စုကထွက်ရပြီမို့ ဘာမှအသည်းအသန်မရှိပါဘူး။ သုံးမှတ်ရဖို့ထိ မလိုဘဲ သရေဆိုရင်လည်း ကျေနပ်နေမယ့် မော်ရိုကိုကို သရေကျရင် နစ်နာရမယ်ဆိုတဲ့ကြေးဖွင့်လှစ်မှုက ခြောက်လှန့်နေသလိုပါပဲ။ ဒါ့အပြင် ကနေဒါရဲ့ ပြီးခဲ့တဲ့နှစ်ပွဲက တိုက်စစ်ကစားပုံကြောင့် ဒီညမှာသူတို့ဘက်က အိမ်ပြန်လက်ဆောင် ဂိုးတွေယူသွားဖို့ကလည်း ဖြစ်နိုင်နေသေးပါတယ်။ ဒါကြောင့် မော်ရိုကိုနဲ့ ဂိုးပေါ်ကိုတွဲရွေးသင့်တယ်လို့ မြင်မိပါတယ်။

⬛ ခရိုအေးရှား Vs ဘယ်ဂျီယံ

ခရိုအေးရှားတို့ပြီးခဲ့တဲ့ပွဲမှာ ကနေဒါကို အမိုက်စားcomebackနဲ့ ဂိုးပြတ်နိုင်ခဲ့တာကြောင့် အုပ်စုဗိုလ်နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ဗိုလ်ချုပ် မိုဒရစ်၊ ချယ်ဆီးရဲ့ ကွင်းလယ်တိုက်စစ်ဖန်တီးရှင် ကိုဗာဆစ်တို့နဲ့အတူ တိုက်စစ်မှုးတွေဖြစ်တဲ့ ကရာမာရစ်၊ ပါရီဆစ်တို့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ လက်ရှိအခြေအနေအရ ဘယ်ဂျီယံကို မရှုံးတာနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံကတော့ ရွှေရောင်မျိုးဆက်တွေရဲ့ နေဝင်ချိန်ကို တွေ့ကြုံနေရတာဖြစ်ပြီး ၂၀၁၈ကမ္ဘာ့ဖလားတုန်းက‌တွေ့မြင်ခဲ့ရတဲ့ သူတို့ရဲ့primeပုံစံဟာ ကျန်ခဲ့ပါပြီ။ အခုမှာတော့ ဒီဘရိုင်းတစ်ယောက်သာ ရုန်းကန်နေရတာကို တွေ့မြင်နေရပြီး ကျန်ကစားသမားတွေကတော့ အားရစရာမရှိတော့ပါဘူး။ ဒါပေမယ့် ဒီပွဲက သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တာမို့ နောက်ဆုံးရုန်းကန်အားတစ်ချက်ကို စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဖွင့်လှစ်မှုအရ ဒဲ့ပေါက်နေတဲ့အနေအထားဖြစ်တာမို့ ဘယ်သူနိုင်မယ်မနိုင်ဘူး ပြောရခက်တဲ့အခြေအနေပါ။ ကြေးအရသုံးသပ်ရရင် သုံးမှတ်ရမှ နောက်တစ်ဆင့်တက်နိုင်မယ့် ဘယ်ဂျီယံဟာ ဒီပွဲကိုနိုင်ဖို့ မဖြစ်‌မနေလိုအပ်နေပြီး ကမ္ဘာ့အဆင့်အရလည်း ကွာခြားနေတာမို့ လုပ်နိုင်စွမ်းမကွာရင်တောင် သရေ၃၀ရှုံးလောက်နဲ့ ပေးထားသင့်ပါတယ်။ ဒါပေမယ့် ဒဲ့သာဖွင့်ပေးထားတာကြည့်ရင် ဘယ်ဂျီယံတို့ ကြေးကျောမပေးရဲတဲ့ အခြေအနေကိုတွေ့မြင်ရတာမို့ မရှုံးနိုင်တဲ့ခရိုအေးရှားနဲ့ပဲ လက်တွဲကြည့်ပါမယ်။

⬛ ကော်စတာရီကာ Vs ဂျာမနီ

ကော်စတာရီကာအသင်းဟာ ပထမပွဲမှာ စပိန်ကိုရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ အာရှအင်အားကြီးအသင်းဖြစ်တဲ့ ဂျပန်ကို အနိုင်ရခဲ့ပြီး လက်ရှိအဆင့်(၃)မှာ ဂျပန်နဲ့ ရမှတ်တူဂိုးကွာခြားချက်နဲ့ ရပ်တည်နေတာ တွေ့ရပါတယ်။ ကော်စတာရီကာအသင်းဟာ ခြေစစ်ပွဲနဲ့ ခြေစမ်းပွဲတွေတုန်းက ကစားပုံမဆိုးခဲ့ပေမယ့် စပိန်နဲ့အတွေ့မှာတော့ အရှက်တကွဲအရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျပန်နဲ့ပွဲမှာတော့ ခံစစ်ကစားပုံကောင်းမွန်အောင် အထူးအာရုံစိုက်ခဲ့ပြီး ရလာတဲ့အခွင့်အရေးကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့တာမို့ ရမှတ်သုံးမှတ် စုဆောင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီတို့ကတော့ လေးထပ်ကွမ်းချန်ပီယံကြီးဆိုပေမယ့် ပွဲဦးထွက်မှာ ဂျပန်ကိုရှုံးနိမ့်ခဲ့ရပြီး စပိန်ကိုလည်းသရေတစ်မှတ်ရဖို့ မနည်းရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ နာမည်ကျော်ကစားသမားတွေအများအပြားပါဝင်ပြီး ဘိုင်ယန်မြူးနစ်အသင်းသားတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဂျာမနီဟာ မထင်မှတ်ဘဲ အုပ်စုပွဲစဉ်တွေမှာ အတော်ရုန်းကန်နေခဲ့ရပြီး အခန့်မသင့်ရင် ၂၀၁၈ကလို အုပ်စုအဆင့်နဲ့ လှည့်ပြန်ရတာမျိူးလည်း ဖြစ်သွားနိုင်ပါတယ်။ ဘိုင်ယန်နည်းပြဟောင်း ဟန်ဆီဖလစ်လည်း ပထမဆုံးကမ္ဘာ့ဖလားမှာပဲ အသင်းနဲ့လမ်းခွဲရတာမျိုး မဖြစ်ရအောင် စီစဉ်ထားရတော့မှာဖြစ်ပါတယ်။

ပေါက်ကြေးအရတော့ ဂျာမန်ရဲ့ ဖွင့်လှစ်မှုက (၃+၉၀)နဲ့စတင်ထားတာ တွေ့ရပါတယ်။ အမြဲလို ဘော်ဒီအောက်၊ ဂိုးအောက်တွေပဲ တွေ့နေရတဲ့ ကမ္ဘာ့ဖလားမှာ ဒီလိုကြေးမျိုးပေးထားတာက ဆန်းပါတယ်။ ဂျာမနီလည်း အမှတ်လိုနေသလို ကော်စတာရီကာကလည်း နိုင်ပွဲရမှဖြစ်မှာမို့ အပြန်အလှန် အမှတ်လိုနေတဲ့အနေအထားပါ။ ဒီလို အသည်းအသန်ဖြစ်နေပုံချင်းအတူတူကို ဂျာမနီဘက်က အပြတ်အသပ်အကျောပေးထားတာဟာ ဂျာမန်ကစားသမားတွေရဲ့ လုပ်နိုင်စွမ်းကို အထူးအလေးပေးထားကြောင်း ထင်ရှားစေပါတယ်။ ‌ဒါကြောင့် ကြေးပြင်းနေပေမယ့် ဂျာမနီကိုပဲ ရွေးထားကြည့်ချင်ပါတယ်။

⬛ ဂျပန် Vs စပိန်

ဆာမူရိုင်းတို့ဟာ ပထမပွဲမှာ ဂျာမန်ကို (၁-၂)နဲ့ comebackလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပွဲမှာတော့ ကော်စတာရီကာကို မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် အခုလို စပိန်အသင်းနဲ့ ထိပ်တိုက်ကစားပြီး အဆုံးအဖြတ်ခံယူဖို့ဖြစ်လာခဲ့ပါတယ်။ ကော်စတာရီကာနဲ့ပွဲမှာ ဂျပန်နည်းပြကြီး မိုရီယာဆူရဲ့ လူထုတ်ပုံမှားယွင်းခဲ့တာက ဝေဖန်စရာဖြစ်လာခဲ့ပြီး အကယ်၍ စပိန်နဲ့ပွဲမှာပါရှုံးပြီး အုပ်စုက ထွက်ခဲ့ရရင် သူ့အတွက် အခြေအနေမကောင်းပါဘူး။ ဒါကြောင့် ဂျာမန်နဲ့ကစားတုန်းကထက်ပိုတဲ့ ဆာမူရိုင်းစိတ်ဓာတ်ကို အမှန်တကယ်ပြသရတော့မှာဖြစ်ပြီး နောက်တစ်ဆင့်ကိုတက်နိုင်တဲ့ ဒုတိယအာရှအသင်းဖြစ်လာဖို့ ကြိုးစားပြရတော့မှာပါ။

စပိန်ကတော့ နှစ်ပွဲကစားပြီးချိန်မှာ လေးမှတ်ရရှိထားလို့ အုပ်စုထိပ်မှာရပ်တည်နေပေမယ့် လွတ်လွတ်ကျွတ်ကျွတ်တော့ ပွဲမခံရသေးပါဘူး။ မမျှော်လင့်ဘဲ ဂျပန်ကိုရှုံးခဲ့ပြီး တစ်ဖက်က ကော်စတာရီကာနိုင်ခဲ့ရင်၊ သို့မဟုတ် ဂျာမန်က ဂိုးပြတ်အောင်ပွဲရခဲ့ရင် စပိန်အသင်းအနေနဲ့ အုပ်စုကနေထွက်ခွာနိုင်ချေရှိနေတာပါ။ ဒါကြောင့် ဒီညမှာ ဆာမူရိုင်းတွေကို လွယ်လွယ်ဖြတ်ကျော်ဖို့ခွင့်ပြုမှာ မဟုတ်ဘဲ အုပ်စုဗိုလ်နေရာမြဲအောင် အားထုတ်ရမယ့်အခြေအနေဖြစ်ပါတယ်။

ဖွင့်လှစ်မှုအရ စပိန်ဘက်က(၁-၆၀)နဲ့ စတင်ထားပြီး ဂိုးပေါင်းမှာတော့ (၃+၅၀)နဲ့စတင်ထားပါတယ်။ ဘော်ဒီဝင်ရိုးက ရှေ့မှာကစားခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်အချို့မှာ မြင်တွေ့ခဲ့ပြီးဖြစ်ပေမယ့် ဒီလိုဂိုးပေါင်းကြေးနဲ့တော့ တွဲပြီးမမြင်ဖူးသေးပါဘူး။ အခုဖွင့်လှစ်မှုအရ စပိန်အသင်းရဲ့ အနိုင်မှာ ဂျပန်ရဲ့သွင်းဂိုးတစ်ဂိုးကို ထည့်ပေါင်းရမယ့် အနေအထားဖြစ်နေပါတယ်။ ဒါပေမယ့် ဂျပန်အသင်းရဲ့ အနိမ့်ဆုံးတစ်ဂိုးရနိုင်ချေက ၁၃%သာရှိပြီး စပိန်ရဲ့အနိမ့်ဆုံးတစ်ဂိုးရနိုင်ချေက ၉၁%အထိမြင့်တက်နေသလို နှစ်ဂိုးရနိုင်ချေ၄၆%နဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါမှာ ဒီပွဲဟာ ဘော်ဒီအပေါ် ဂိုးအောက်သာ သွားဖို့သင့်တော်တဲ့ပွဲလို့ ကောက်ချက်ချမိပါတယ်။ စပိန်ကိုပဲ ရွေးချယ်ချင်ပါတယ်။

ဒီညအတွက် ကျွန်တော့်ရဲ့ရွေးချယ်မှုတွေက ဒီလိုရှိပါတယ်။

✅ မော်ရိုကို

✅ ခရိုအေးရှား

✅ ဂျာမနီ

✅ စပိန်

အားလုံး အဆင်ပြေကြပါစေ။

Facebook Comments Box
Facebook Comment