ဆာဒေယိုမာနေးမာနေးတွင် စိုးရိမ်စရာဒဏ်ရာမရှိဟု ကလော့ပ် ပြောကြား

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်က ဆာဒေယိုမာနေးတွင် စိုးရိမ်စရာ ဒဏ်ရာရရှိထားခြင်းမရှိကြောင်း ငြင်းဆိုလိုက်သည်။ လီဗာပူးတိုက်စစ်သမားသည် ဗုဒ္ဓဟူးညတုန်းက အေဂျက်စ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပွဲချိန် ၆၀ မိနစ်၌ လူစားလဲခြင်းခံခဲ့ရပြီး ညာဖက်ခြောက်ထောက်ကို ရေခဲအုံနေကြောင်း တွေ့ရသည်။

သို့ရာတွင် ကလော့ပ်က မာနေးမှာ ခြေထောက်နာကျင်နေခြင်းဖြစ်ပြီး စိုးရိမ်စရာ အခြေအနေတွင် မရှိကြောင်း ပြောကြားသွားသည်။

ဂျာမန်လူမျိုးနည်းပြက “နာကျင်နေတုန်းဖြစ်လို့ ရေခဲအုံနေတာပါ။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ပွဲမကစားချိန်မှာ ရေခဲအုံထားရတာပါ”ဟု ပြောကြားခဲ့သည်။

လီဗာပူးသည် အေဂျက်စ်ကို နီကိုလပ်စ်တာဂလီယာဖီကို၏ OG ဂိုးကြောင့် ၂၀၂၀-၂၁ ချန်ပီယံလိဂ်အား အနိုင်ဖြင့် စတင်နိုင်ခဲ့သည်။ မာနီ၏ကန်ချက်မှာ တာဂလီယာဖီကို၏ခြေထောက်ကို ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်သွားခဲ့ခြင်းလည်း ဖြစ်သည်။

လီဗာပူးသည် ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရတော့မည့် နောက်ခံလူဗန်ဒိုက် မပါဝင်သည့် ပထမဆုံးပွဲတွင် ဂိုးမပေးခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ဗဟိုခံစစ်တွင် ကစားသွားသည့် ဖာဘင်ဟိုသည် ဂိုးစည်းပေါ်မှ ဘောလုံးရှင်းထုတ်မှု တစ်ခု ပြုလုပ်နိုင်ခဲ့သည်။

လီဗာပူးသည် ယခုအပတ်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment