“ဆယ်နှစ်ကြာဝေးကွာခဲ့ရတဲ့ ချန်ပီယံအခွင့်အရေးကို ဒေါ့မွန်အသုံးချနိုင်မလား”

(စနေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ကို ဖတ်ရှုနေကြတဲ့ ဘောလုံးဝါသနာရှင် ညီကိုများအားလုံး မင်္ဂလာပါ။ ကျွန်တော်ကတော့ ‌ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဒီညမှာတော့ ဂျာမန်ဘွန်ဒက်လီဂါရဲ့ နောက်ဆုံးပွဲစဉ်တွေကို ည၈:၀၀နာရီမှာ တစ်ပြိုင်တည်းကျင်းပသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီညအတွက်ရွေးချယ်မှုတွေကို ဂျာမန်ဘွန်ဒက်လီဂါထဲကပဲ လေးသင်းမောင်းတွဲလေးအဖြစ် သီးသန့်တင်ဆက်ချင်ပါတယ်။ ပြီးခဲ့တဲ့အပတ်ရဲ့ မောင်းတွဲရွေးချယ်မှုမှာတော့ လေးသင်းထဲကသုံးသင်းအောင်မြင်ခဲ့ပါတယ်။ ဒီညအတွက်ရွေးချယ်မှုထဲက မိတ်ဆွေတို့အကြိုက်နဲ့ ကိုက်ညီတာမျိုးရှိနေမလားဆိုတာ ဖတ်ရှုပေးကြပါဦး။

1️⃣ ဒေါ့မွန် Vs မိန့်ဇ် { ဒေါ့မွန် (၂-၉၀) / (၄-၃၀) }
2011ခုနှစ်ကချန်ပီယံဖြစ်ပြီးနောက် ဒေါ့မွန်ဟာ ဆယ်နှစ်ကျော်ကြာ ဘိုင်ယန်နောက်က ဒုတိယဘဝ‌နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ ဒီနှစ်မှာလည်း ဆက်ဖြစ်မယ်လို့ လွန်ခဲ့တဲ့နှစ်ပတ်အထိ အားလုံးကထင်ထားခဲ့ကြပါတယ်။ ဒါပေမယ့် ဘိုင်ယန်ရဲ့ ပြီးခဲ့တဲ့ပွဲက ခြေချော်မှုက ဒေါ့မွန်အတွက် မဟာအခွင့်အရေးဖြစ်လာခဲ့ပြီး အော့စ်ဘတ်နဲ့ပွဲမှာ အကောင်းဆုံးအသုံးချနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီညမှာလည်း ဒေါ့မွန်အနေနဲ့ အိမ်ကွင်းမှာ အမှားခံမှာမဟုတ်ဘဲ ဖိဖိစီးစီးကစားလာဖို့ရှိပါလိမ့်မယ်။ မိန့်ဇ်ကတော့ ဖိအားကင်းနေသလို လတ်တလောအမှတ်ရောင်းနေတဲ့အသင်းမို့ ဒေါ့မွန်ကွင်းမှာ တစ်ခုခုတုံ့ပြန်နိုင်ဖို့ခက်ပါတယ်။ ဒီနေရာမှာ ကြေးအောင်မအောင်သာ ဂရုစိုက်ရမယ့်အနေအထားသာဖြစ်ပြီး တကယ်အားစိုက်လာမယ့် ဒေါ့မွန်ကို ဘက်ကန်ဖို့တော့ မလုပ်ရဲပါဘူး။ အဝါရောင်ဂိုးတွေ တအိအိတက်လာတာကိုပဲ စောင့်ကြည့်ချင်ပါတယ်။ ဒေါ့မွန်ကိုရွေးချယ်ချင်ပါတယ်။
🎯 ဒေါ့မွန်

2️⃣ လိုက်ဇစ် Vs ရှော်ကေး { လိုက်ဇစ် (၁=) / (၄+၉၀) }
ဘိုင်ယန်ကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့တဲ့အထိ စန်းထနေတဲ့ကျွဲရိုင်းတို့ဟာ အံ့ဩစရာပါ။ အန်ကူကူလည်း ပွဲထွက်စာရင်းထဲပြန်ပါလာနိုင်တဲ့အချိန်မို့ တိုက်စစ်က တစ်ပွဲနှစ်ဂိုးလောက် နပ်မှန်နေသလို ခံစစ်ကလည်း ပေးဂိုးတွေ အလှူရေစက်လက်နဲ့မကွာပါပဲ။ ရှော်ကေးကလည်း တန်းမဆင်းရဖို့မျှော်လင့်ချက်အတွက် ကိုယ့်တာဝန်ကိုယ်ကျေထားရမယ့်အနေအထားပါ။ ကျန်ပွဲတွေဘာဖြစ်ဖြစ် ဒီပွဲမှာ အနိုင်ရဖို့တစ်ခုထဲအတွက် ဖောင်ဖျက်ကစားရတော့မှာပါ။ ဒါပေမယ့် ဒီရာသီမှာ ဂိုးတွေဒိုင်ခံသွင်း‌ပေးနေတဲ့ တိုက်စစ်မှူးတီရော့ဒီ ပွဲပယ်မိနေတဲ့ အနေအထားကြောင့် ရှော်ကေးအတွက် ခက်ခဲလာနိုင်ပါတယ်။ ဒါကြောင့်လည်း တကယ်အမှတ်လိုနေတာက ရှော်ကေးဖြစ်ပေမယ့် လိုက်ဇစ်ဘက်က (၁+၅၀)ကနေ ကြေးထပ်တက်လာပါတယ်။ လိုက်ဇစ်‌ခြေတက်နေတာမှန်ပေမယ့် ရုန်းကစားမယ့်ရှော်ကေးကြောင့် ဂိုးပြန်ပေးရဖို့လည်းရှိနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာ ပရိသတ်မျက်နှာပျက်ရအောင်တော့ ကျွဲရိုင်းတို့ ရုပ်မပေါက်နိုင်ပါဘူး။ အလွန်ဆုံးပြန်ခွာရုံပဲရှိမယ့် လိုက်ဇစ်ကိုပဲ ရွေးချယ်ချင်ပါတယ်။
🎯 လိုက်ဇစ်

3️⃣ ဘိုချမ် Vs လေဗာကူဆင် { လေဗာကူဆင် (=-၈၀) / (၃-၆၀) }
ဒီပွဲကတော့ အိမ်ရှင်ဘိုချမ်ကလည်း တန်းတင်ကျန်ရစ်ဖို့ ရုန်းကန်ရမှာဖြစ်သလို လေဗာကူဆင်ကလည်း ကွန်ဖရန့်လိဂ်ဝင်ခွင့်အတွက် အားထုတ်ရမှာပါ။ ဒါပေမယ့် အဝေးကွင်းသုံးပွဲဆက် သရေကျခဲ့တဲ့ လေဗာကူဆင်ရဲ့ခြေစွမ်းက တည်ငြိမ်မှုမရှိပါဘူး။ ဒီညမှာ အဓိကပွဲထွက်ကစားသမား ၅ယောက်လောက် မပါနိုင်တဲ့ အခြေအနေမို့ လေဗာကူဆင်ရဲ့ ခြေစွမ်းပိုပြီးကျဆင်းနိုင်ပါတယ်။တစ်ဖက်မှာလည်း တန်းမဆင်းရဖို့ရုန်းလာမယ့် ဘိုချမ်ကြောင့် ဒီပွဲကပိုခက်ခဲနိုင်ပါတယ်။ ဥရောပဝင်ခွင့်မှန်းနေတဲ့အသင်းက တန်းဆင်းဇုန်ထဲကအသင်းကို (=-၁၀၀)တောင် ပြည့်အောင်‌ကြေးမပေးရဲတဲ့အနေအထားအရ ‌လေဗာကူဆင်ထက် အိမ်ရှင်ဘိုချမ်ကို ဘွတ်ကီမျက်စိကျနေပုံပါပဲ။ ဒါကြောင့် ဒီပွဲမှာတော့ ဘိုချမ်ကိုပဲရွေးချယ်ချင်ပါတယ်။
🎯 ဘိုချမ်

4️⃣ စတုဂတ် Vs ဟော့ဖန်ဟိမ်း { စတုဂတ် (၁-၁၀) / (၃-၃၀) }
စတုဂတ်အတွက် အနိုင်သုံးမှတ်ရယူနိုင်ရုံနဲ့ ကျန်ပွဲတွေကို အာရုံစိုက်စရာမလိုတော့ပါဘူး။ ပြီးခဲ့တဲ့ပွဲမှာ အိမ်ကွင်းမာတဲ့မိန့်ဇ်ကို ဂိုးပြတ်အနိုင်ယူခဲ့တာမို့ သူတို့ရဲ့ တန်းမဆင်းရဖို့ကြိုးပမ်းနေမှုဟာ အားကောင်းနေပါတယ်။ ဒါကို အိမ်ကွင်းရောက်မှ သဲထဲရေသွန်အဖြစ်ခံမယ်မထင်ပါဘူး။ ဟော့ဖန်ဟိမ်းကတော့ ဂိုးကွာခြားချက်အရ ဒီနှစ်တန်းဆင်းဖို့အတော်နည်းသွားပါပြီ။ ဘိုချမ်တို့ ရှော်ကေးတို့ တစ်ပွဲတည်း ၁၀ဂိုးသွင်းနိုင်မှသာ တန်းဆင်းရမှာမို့ ဖိအားသိပ်မရှိပါဘူး။ ဒါ့အပြင် ဟော့ဖန်ဟိမ်းဟာ အလယ်အလတ်အသင်းတွေထဲ ရဂိုးရော ပေးဂိုးပါ မြင့်တက်နေတဲ့အသင်းပါ။ နောက်ဆုံးအဝေးကွင်း၅ပွဲမှာ လိုက်ဇစ်ကိုသာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပြီး ဘိုင်ယန်၊ ဖရိုင်းဘတ်တို့ကိုတောင် ဂိုးပြန်သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ နှစ်သင်းစလုံးရဲ့ စရိုက်ကြောင့် သုံးဂိုးပြည့်ဖို့ အားကောင်းနေပြီး အဲ့ထက်ပိုမလားဆိုတာကို ပြား၃၀ရင်းပြီး လိုက်နိုင်သလောက်ရမယ့်ပွဲပါပဲ။ ဂိုးအပေါ်ကိုပဲ ရွေးတာ အကောင်းဆုံးဖြစ်မှာပါ။
🎯 စတုဂတ် ဂိုးအပေါ်

ဒီညအတွက် ကျွန်တော့်ရဲ့ မောင်းတွဲလုံးများကတော့ ဒီလိုရှိပါတယ်။

🎯 ဒေါ့မွန်

🎯 လိုက်ဇစ်

🎯 ဘိုချမ်

🎯 စတုဂတ် ဂိုးအပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်မှာကစားမယ့် ပရီမီးယားလိဂ် နောက်ဆုံးပွဲစဉ်တွေနဲ့အတူ ကျွန်တော့်ရဲ့ မောင်းတွဲလုံးတွေနဲ့ ပြန်လာခဲ့ပါဦးမယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment