
ဆယ်စုနှစ် တစ်ခုအတွင်း ကစားသမား ရောင်းချမှုမှ ဘင်ဖီကာ ဒေါ်လာ ၁ ဘီလီယံခန့်ရရှိ
ယခင်ကဆိုလျှင် နယ်သာလန်ကလပ် အေဂျက်စ်သည် လူငယ် ကစားသမားများအား နိုင်ငံရပ်ခြား ကလပ်များသို့ ရောင်းချခြင်းမှတစ်ဆင့် ဝင်ငွေကောင်းသော အသင်းအဖြစ် သတ်မှတ်ခံခဲ့ရဖူးသည်။
သို့သော်လည်း ယခုအခါ ပေါ်တူဂီကလပ် ဘင်ဖီကာက ၎င်းတို့ အကယ်ဒမီမှ ထွက်ပေါ်လာသော ရွက်ပုန်းသီး ကစားသမားများ၊ ခြေစွမ်းထက် ကစားသမားများကို ရောင်းချကာ ဝင်ငွေဖြောင့်ဖြူးနေသော အသင်းအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း goal.com က ဖော်ပြသည်။
ပေါ်တူဂီ အမှတ်ပေး ချန်ပီယံဆုကို ၃၇ ကြိမ်ရယူကာ အအောင်မြင်ဆုံး ကလပ်အဖြစ် ရပ်တည်နေသည့် ဘင်ဖီကာသည် လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ကစားသမား ရောင်းချခြင်းမှ ယူရို သန်း ၉၀၀(အမေရိကန်ဒေါ်လာ ၁ ဘီလီယံ)အထိ ရရှိခဲ့သည်။
ဘာနာဒိုဆေးလ်ဗားမှသည် ယာအိုဖိလစ်အထိ ထိပ်တန်း ကစားသမားများကို ရောင်းချခဲ့သော ဘင်ဖီကာသည် Soccerex Football Finance 100 for 2020 ဘဏ္ဍာရေး အ တောင့်တင်းဆုံး ကလပ် ၁၀၀ စာရင်းတွင် အဆင့် ၆၄ နေရာမှ ရပ်တည်လျက်ရှိပြီး ထို သို့ ရပ်တည်နိုင်ရေးအတွက် ကစားသမား ရောင်းချခြင်းက အထောက်အကူ ပြုခဲ့သည်။
ဘာနာဒိုဆေးလ်ဗား၊ ရူဘန်ဒီယက်စ်၊ အီဒါဆန်၊ ကန်ဆယ်လိုတို့က မန်စီးတီး၊ လင်ဒီလော့ဖ်က မန်ယူနိုက်တက်၊ ယာအိုဖိလစ်က အက်သလက်တီကို၊ ဂူးဒက်စ်က ဗလန်စီယာ၊ ဒါနီလိုက ပီအက်စ်ဂျီ၊ လိုင်လီတွင် ခြေစွမ်းပြနေသော ယခင် ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ရီနာတိုဆန်းချက်စ်တို့သည် ဥရောပ ထိပ်တန်းကလပ်များက ပြောင်းရွှေ့ကြေး အများအပြားဖြင့် ခေါ်ယူခဲ့သော ဘင်ဖီကာ အကယ်ဒမီထွက် ကစားသမားများ ဖြစ်သည်။
ထိုအထဲတွင် ၂၀၁၉ နွေရာသီက အက်သလက်တီကိုသို့ ယူရို ၁၂၆ သန်း(ဒေါ်လာ ၁၄၂)သန်းဖြင့် ပြောင်းရွှေ့ခဲ့သော ယာအိုဖိလစ်က ဘင်ဖီကာ အကယ်ဒမီထွက် ကစားသမားများအနက် တန်ဖိုးအမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။
Ref:goal