ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံး ဂိုးမပေးရစံချိန် ရရှိခဲ့သည့် ချဲလ်ဆီး

ချဲလ်ဆီး၏ခံစစ်ကြောင်းသည် ဗုဒ္ဓဟူးနေ့တုန်းက ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း အကောင်းဆုံးပုံစံကို ဆက်လက်ပြသနိုင်ခဲ့သည်။ ချဲလ်ဆီးသည် ချန်ပီယံလိဂ်၌ ရန်းနက်စ်အား အနိုင်ရရှိသည့်ပွဲတွင်လည်း ဂိုးမပေးခဲ့ရချေ။

ချဲလ်ဆီးသည် လီဂူး ၁ ကလပ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုပွဲ ၃ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၇ မှတ်ရရှိထားကာ နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေ ကောင်းနေပြီ ဖြစ်သည်။

ယင်းပွဲစဉ်တွင် ယခုရာသီအစောပိုင်းတုန်းက ခံစစ်ပိုင်း အားနည်းချက်များကြောင့် ဝေဖန်ခံခဲ့ရသည့် ချဲလ်ဆီးခံစစ်ပိုင်းမှာ အကောင်းဆုံးဆက်ကစားသွားခဲ့သည်?

ချဲလ်ဆီးခံစစ်သည် ပထမဆုံးပရီးမီးယားလိဂ်ပွဲ ၅ ပွဲတွင် ၁၁ ဂိုးအထိ ပေးခဲ့ရပြီး ဝေဖန်မှုများစွာ နှင့်ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ဂိုးမပေးခဲ့ရမှုနှင့်အတူ ချဲလ်ဆီးသည် နောက်ဆုံး ၅ ပွဲဆက် ဂိုးမပေးခဲ့ရသည့် မှတ်တမ်း ရယူနိုင်ခဲ့သည်။

ချဲလ်ဆီးသည် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ၅ ပွဲဆက်တိုက် ဂိုးမပေးရသည့် မှတ်တမ်း ရရှိထားခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလတုန်းက အန်ဆယ်လော့တီ၏ ချဲလ်ဆီးသည် ၅ ပွဲဆက် ဂိုးမပေးရပါဘူး။ ယင်းရာသီမှာ ချဲလ်ဆီးသည် အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

အခြားတစ်ဖက်တွင် ချဲလ်ဆီးသည် ချန်ပီယံလိဂ်တွင်လည်း သုံးပွဲဆက် ဂိုးမပေးထားရကာ ၂၀၀၉-၁၀ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးပွဲဆက်ဂိုးမပေးရသည့် မှတ်တမ်း ရရှိထားသည်။

ချဲလ်ဆီးသည် ခံစစ်ပိုင်း လုံလာသလို တိုက်စစ်လည်း ကောင်းမွန်ခဲ့သည်။ ရန်းနက်စ်နှင့်ပွဲတွင် ချဲလ်ဆီးအတွက် အနိုင်ဂိုးများကို တီမိုဝါနာမှ ပင်နယ်တီမှ နှစ်ဂိုး၊ အေဘရာဟမ်က တစ်ဂိုး အသီးသီး သွင်းယူခဲ့သည်။ အေဘရာဟမ်သည် ၂၀၁၅ ခုနှစ်တုန်းက ဝီလီယံ နောက်ပိုင်း ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်သုံးပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည်။

ထို့အပြင် သူသည် ၂၀၀၈ ခုနှစ်တုန်းက ဖရန့်လမ်းပတ်နောက်ပိုင်းတွင် ချန်ပီယံလိဂ်သုံးပွဲဆက် ဂိုးသွင်းနိုင်သည့် ပထမဆုံး အင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့သည်။

Facebook Comments Box
Facebook Comment