ဆန်းချက်ဇ်နှင့်ပတ်သက်၍ ချီလီနည်းပြရူဒါကို အင်တာမီလန်တုံ့ပြန်

အင်တာမီလန်သည် အလက်ဆစ်ဆန်းချက်ဇ်အား အလွန်အကျွံအသုံးပြုသည့် ဝေဖန်မှု ပြုလုပ်ခဲ့သည့် ချီလီနည်းပြရီနယ်ဒိုရူဒါကို ပြန်လည်တုံ့ပြန်လိုက်သည်။ အင်တာမီလန်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အလွန်မြင့်မားလာမှုကြောင့် ကစားသမားများအား လက်ရွေးစင်အသင်းပွဲစဉ်တွင် မပါဝင်သင့်ကြောင်း ယုံကြည်နေကာ ဆန်းချက်ဇ်နှင့်ပတ်သက်ပြီး ချီလီနှင့် အဆင်မပြေမှုများ ဖြစ်ခဲ့သည်။

အင်တာမီလန်က ကစားသမားများမှာ သုံးရက် တစ်ပွဲနှုန်းကစားနေရသည့် ကလပ်ပွဲစဉ်များ အပြည့် ရှိနေချိန်တွင် နိုင်ငံတကာပွဲများကြောင့် ကစားသမားများ ပိုမို ပွဲပန်းနိုင်သည့်အပြင် ဒဏ်ရာပြဿနာလည်း ရရှိလာနိုင်ကြောင်း ယုံကြည်နေသည်။

အင်တာက “ချီလီလက်ရွေးစင်အသင်းနည်းပြ ရီနယ်ဒိုရူဒါရဲ့ မှတ်ချက်က လုံးဝ လက်ခံနိုင်စရာ မရှိတဲ့အပြင် တိကျမှုမရှိတဲ့အပြင် တိုက်ခိုက်မှု တစ်ခုလို့ ယူဆပါတယ်။ ကလပ်ဟာ လက်ရွေးစင်အသင်းက ဝန်ထမ်းတွေနဲ့ အကောင်းဆုံးပူးပေါင်း လုပ်ဆောင်ခဲ့တာချည်းပါပဲ။ အထူးသဖြင့် အလက်ဆစ်ဆန်းချက်ဇ်က လက်ရွေးစင်အသင်းက ဆင့်ခေါ်လိုက်တာတိုင်း ကြံ့ခိုင်မှုပြဿနာနဲ့ချည်း ကြုံလာရသူ ဖြစ်ပါတယ်။ အဲဒီထဲက တစ်ခုကြောင့် သူ သုံးလအထိ နားခဲ့ရဖူးတယ်။ ဒါက ကလပ်အပေါ်မှာ အများကြီး ထိခိုက်တယ်။ ကလပ်က ကစားသမားတွေ ရဲ့ ကျန်းမာရေးအခြေအနေကို အမြဲတမ်း အာရုံစိုက်လာခဲ့တဲ့ကလပ်ပါ”ဟု ထုတ်ပြန်ခဲ့သည်။

မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ရူဒါက ဆန်းချက်ဇ်ကို အင်တာမီလန် ဆေးအဖွဲ့ ထက် ချီလီဆေးအဖွဲ့က ပိုမိုဂရုစိုက်ကြောင်းပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment