ဆန်ဟောင်မင်နှင့် နည်းဗျူဟာပိုင်း ပိုအဆင်ပြေရန် ကိုရီးယား စကားသင်နေသည့် မော်ရင်ဟို

စပါးစ်နည်းပြ ဟိုဆေးမော်ရင်ဟိုက ဆန်ဟောင်မင်နှင့် စကားပြောရာတွင် ပိုမိုအဆင်ပြေမှုရရှိစေရန်အတွက် ကိုရီးယားဘာသာစကား သင်ကြားနေကြောင်းဖွင့်ဟပြောကြားသွားလာသည်။

ပေါ်တူဂီလူမျိုးနည်းပြသည် ပေါ်တူဂီ၊ စပိန်၊ ကတ် တလန်၊ ပြင်သစ်နှင့် အီတလီဘာသာစကားစသည့် ဘာသာစကားခြောက်မျိုး တတ်ကျွမ်းထားသူဖြစ်ပြီး ယခုအခါ စပါးစ်၏ အဓိကကစား သမားနှင့် အပြန်အလှန် ဆွေးနွေးမှုပြုလုပ်သည့်အခါ ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် ကိုးရီးယားဘာသာစကားကိုပါ သင်ကြားနေပြီဖြစ်သည်။

မော်ရင်ဟိုက “အစုအဖွဲ့နဲ့လုပ်ရတာဆိုတော့ ဆက်ဆံရေးကအရေးအကြီးဆုံး ဖြစ်ပါတယ်။ကစားသမားတိုင်းနားလည်ဖို့အတွက် သူတို့ရဲ့မိခင်ဘာသာစကားကို တတ်ကျွမ်းဖို့လိုပါတယ်။ကလပ်ရဲ့အစဉ်အလာကို လေးစားသောအားဖြင့် တစ်ဦးချင်းစီအလိုက် ဘာသာစကားတွေပြောဖို့လိုပါတယ်။ နည်းပြအဖွဲ့မှာ အားလုံးနီးပါးက ပေါ်တူဂီတွေပါ။ အခုဆိုရင် အင်္ဂလိပ်နည်းပြအဖြစ်လက်ဒလေကင်းလည် းရှိနေပါတယ်။ ကစားသမားတွေနဲ့ဆက်သွယ်ဖို့အတွက် သူတို့ဘာသာစကားကို တတ်ကျွမ်းဖို့လိုပါတယ်။ ဒါကြောင့်လည်း ကိုရီးယားစကားသင်နေပြီဖြစ်ပါတယ်”ဟု ပြောကြားသွားသည်။

ဆန်ဟောင်မင်သည် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက မော်ရင်ဟိုရောက်လာပြီးနောက် ၁၂ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနေသလို ပရီးမီးယားလိဂ် အကောင်းဆုံးဂိုးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။ သူသည် ၂၀၁၅ခုနှစ်တွင် လေဗာကူဆင်မှ ရောက်လာပြီးနောက် စပါးစ်အတွက်၂၂၉ ပွဲကစားကာ ၈၅ ဂိုး သွင်းယူပေးထားသည်။ မော်ရင်ဟိုသည် စပါးစ်ကို ကိုင်တွယ်တဲ့ပထမဆုံးရာသီတွင် အဆင့်၆နေရာ ရရှိအောင် စွမ်းဆောင်ကာ ဥရောပဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးထားသည်။ မော်ရင်ဟိုသည် သူကိုင်တွယ်ခဲ့သည့် ကလပ်တိုင်းမှာဆုဖလားရယူနိုင်ခဲ့သလိုမျိုး စပါးစ်တွင်လည်း ဆုဖလားရယူနိုင်ရန် ပစ်မှတ်ထားနေသည်။

Ref: Daily Mail

Facebook Comments Box
Facebook Comment