ဆန်ချိုကိုယ်တိုင် ဒေါ့မွန်တွင် ဆက်ရှိမည်ဟု မပြောသမျှ မန်ယူ လက်မလျှော့

မန်ယူသည် အင်္ဂလန်စတားကိုယ်တိုင်က ဒေါ့မွန်တွင် ဆက်ကစားမည်ဟု လူသိရှင်ကြား မပြောသမျှ ဆန်ချိုအား ခေါ်ယူရေးကို လက်လျှော့သွားမှာ မဟုတ်ကြောင်း The Sun က ဖော်ပြသွားသည်။

မန်ယူသည် အသက် ၂၀ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်သမားကို ခေါ်ယူရေး ကြိုးပမ်းလာခဲ့သော်လည်း ဒေါ့မွန်က ပေါင်သန်း ၁၁၀ တောင်းဆိုမှုနှင့်အတူ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိရန် ခက်ခဲခဲ့သည်။

ဒေါ့မွန်အသင်းတာဝန်ရှိသူများက လာမည့် ၂၀၂၀-၂၁ ရာသီအတွက် စခန်းသွင်း လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်လာမှုနှင့်အတူ ဆန်ချိုကို ရောင်းချတော့မှာမဟုတ်ဘဲ အသင်းတွင်ပင် ဆက်ရှိမည်ဟု အကြိမ်ကြိမ်ကြေညာခဲ့ကြပြီးဖြစ်သည်။

မန်ယူသည် ဆန်ချိုကို ပေါင်သန်း ၇၀ အပြင် အောင်မြင်မှုအပေါ်မူတည်ကာ ပေါင်သန်း ၁၁၀ သို့အထိ မြင့်တက်နိုင်သည့် အချက်ဖြင့် ဆန်ချိုကို ခေါ်ယူရေး ကမ်းလှမ်းခဲ့သော်လည်း ဒေါ့မွန်က ပေါင်သန်း ၁၁၀ အပြည့် ရရှိလိုနေမှုနှင့်အတူ အပြောင်းအရွှေ့ ဆွေးနွေးမှုမှာ လိပ်ခဲတည်းတည်းဖြစ်လာခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိအနေအထားများအရ မန်ယူအနေဖြင့် ဆန်ချိုကိုယ်တိုင်က အိုးထရက်ဖို့ဒ်သို့ ပြောင်းရေး ကိုယ်တိုင် ကြိုးစားလာမှသာလျှင် ခေါ်ယူနိုင်တော့မည့် အခြေအနေ တွင် ရှိနေသည်။ သို့သော် ၎င်းတို့အနေဖြင့် ဆန်ချိုကို ခေါ်ယူရေးကို အလွယ်တကူ လက်မလျှော့လိုသေးဘဲ ကာယကံရှင်ကိုယ်တိုင်က လာမည့်ရာသီတွင် ဒေါ့မွန်တွင် ရှိနေမည်ဟု လူသိရှင်ကြား မပြောလာသေးသည်အထိ ခေါ်ယူနိုင်ရေး‌ မျှော်လင့် ချက် ရှိနေသေးသည်ဟု ယုံကြည်ကာ ဆက်လက် လုပ်ဆောင်သွားရန် ဆုံး ဖြတ်ထားသည်။

မန်ယူသည် အေဂျက်စ်မှ နယ်သာလန်လက်ရွေးစင် ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ဖြင့် ခေါ်ယူထားနိုင်သော်လည်း ဆန်ချိုကိုပါ ခေါ်ယူနိုင်ပါက မာရှယ်၊ ရပ်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့ ရှိနေသည့် တိုက်စစ်မှာ ပိုမို ပြီးပြည့်စုံလာမည်ဟု ယုံကြည်ကာ အင်္ဂလန် လက်ရွေးစင်ကို ခေါ်ယူရေး လက်မလျှော့သေးချေ။

မန်ယူသည် ယခုနွေရာသီတွင် ဗဟိုခံစစ်မှူးတစ်ဦးနှင့် ဘယ်နောက်ခံလူတစ်ဦး လည်း ခေါ်ယူရန် ရှာဖွေနေသည်။ ပရီးမီးယားလိဂ်တွင် ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မန်ယူနည်းပြဆိုးလ်ရှားက အသင်းကို အဘက်ဘက်မှ တောင့်တင်းအောင် တည်ဆောက်ရန် လိုအပ်နေသည်ဟု ယုံကြည်လျက်ရှိသည်။

Ref: The Sun

Facebook Comments Box
Facebook Comment