
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
ဆန်းဒေးအောင်အောင်
ဝက်စ်ဘရွန်း – ယူနိုက်တက်
ပွဲချိန်
ည ၈ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဝက်စ်ဘရွန်း (၃+၀၅) ၁-၁၀၀ ယူနိုက်တက်
ခန့်မှန်းရလဒ်
၀-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ကြားရက်တုန်းက ယူနိုက်တက်ဟာ ဝက်စ်ဟမ်းကို အနိုင်ယူကာ အက်ဖ်အေဖလားကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်တုန်းက အဲဗာတန်နှင့် အိုးထရက်ဖို့ဒ်ပွဲစဉ်မှာ နောက်ကျ ချေပဂိုးပေးခဲ့ရပြီး ယူနိုက်တက်တို့ ရမှတ် ၂ မှတ်နစ်နာဆုံးရှုံးခဲ့ရပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ယနေ့ညမှာ ကစားမယ့် ဝက်စ်ဘရွန်းနှင့် အဝေးကွင်းပွဲစဉ်မှာ ခြေချော်လက်ချော် အဖြစ်ခံမှာ မဟုတ်ပါဘူး။

ဝက်စ်ဘရွန်းက ခြေစွမ်းပိုင်းအဆိုးဆုံးဖြစ်နေပြီး ဒီခြေအတိုင်းဆိုရင် ဇယားကြမ်းခင်းမှာ ရပ်တည်ပြီး တန်းဆင်း ရမယ့် အခြေဆိုက်နေပါတယ်။ နောက်ဆုံးအိမ်ကွင်းလေးပွဲမှာ ၁၉ ဂိုးအထိပေးထားရပါတယ်။ ဆမ်အလာဒွိုက်ဦး စီးနေပေမယ့်လည်း ဝက်စ်ဘရွန်းက ခြေတက်မလာတဲ့အပြင် ပိုတောင် ဆိုးရွားနေပါသေးတယ်။

ယူနိုက်တက်မှာ ပေါ့ဘာကလွဲရင် အားလုံး လူစုံတက်စုံရှိနေပါတယ်။ ယူနိုက်တက်အတွက် ဂိုးပြတ်နိုင်ပွဲက ခက်ခဲ လာလိမ့်မယ်လို့မထင်ပါဘူး။
အာဆင်နယ် – လိဒ်
ပွဲချိန်
ည ၁၁ : ၀၀
နံနက်ပိုင်းပေါက်ကြေး
အာဆင်နယ် ၁+၉၅ (၃+၀၅) လိဒ်
ခန့်မှန်းရလဒ်
၂-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အာတီတာရဲ့အာဆင်နယ်ဟာ တောက်လျှောက်ခြေကောင်းလာပြီးမှ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ နောက်ဆုံးသုံးပွဲမှာ သွင်းဂိုးကလည်း ၁ ဂိုးဘဲ ရှိပါတယ်။ လိဒ်ကတော့ ခြေစွမ်း အတောက်ပဆုံးအနေအထားမှာ ရှိနေတုန်းပါ။

အာဆင်နယ်က နောက်ပိုင်းမှာ ခံစစ်ပိုင်း နည်းနည်းကောင်းမွန်လာတာ တွေ့ရသလို ဇာခါ ကွင်းလယ်မှာ အကောင်းဆုံးပုံစံ ရနေတာက အားရစရာပါ။ အခုပွဲမှာ ပါတေး ပါဝင်နိုင်ဖို့ မရှိလို့ စီဘယ်လို့စ်နဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ လိဒ်အနေနဲ့ အရင်ပွဲတွေတုန်းကလို အာဆင်နယ်ကို တိုက်စစ်ဖွင့်ကစားမယ်ဆိုရင်တော့ အူဘာမီယန်၊ ဆာကာတို့ရဲ့လျှင်မြန်တဲ့ တန်ပြန်ုတိုက်စစ်ကို ခံစားသွားရဖို့ သေချာပါတယ်။
အာဆင်နယ် ဘော်ဒီအပိုင်ပါ။
အင်တာမီလန် – လာဇီယို
ပွဲချိန်
နံနက် ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
အင်တာမီလန် ၁+၆၀ (၃+၄၀) ပါးမား
ခန့်မှန်းရလဒ်
၂ – ၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
မနေ့ညတုန်းက အေစီမီလန်နှင့် ဂျူဗင်တပ်တို့ ရှုံးပွဲတွေ အသီးသီး ကြုံခဲ့ရပါတယ်။ အိမ်ရှင်အင်တာမီလန်အနေဖြင့် ယနေ့ည လာဇီယိုပွဲ အနိုင်ရရှိရင် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းခွင့် ရရှိပါမယ်။ တစ်ဖက်မှာ လာဇီယိုကလည်း ယခုပွဲ အနိုင်ရရှိရန် ဂျူဗင်တပ်ရဲ့အဆင့် ၃ နေရာကို ရယူနိုင်ပါမယ်။

အင်တာမီလန်က ယခုရာသီမှာ စီးရီးအေမှာ အိမ်ကွင်းအကောင်းဆုံးအသင်း ဖြစ်ပါတယ်။ အိမ်ကွင်း ၁၀ ပွဲကစားထားရာမှာ ၈ ပွဲ အနိုင်ရရှိထားပြီး ၁ ပွဲတည်းသာ ရှုံးနိမ့်ထားပါတယ်။ ရိုကာကူ၊ မာတီနက်ဇ်တို့ ဦးဆောင်တဲ့ တိုက်စစ်ကောင်းမွန်သလို ခံစစ်နဲ့ အလယ်တန်းကလည်း ကျစ်ကျစ်လစ်လစ်ရှိပြီး ကစားအားကောင်းပါတယ်။ ဆီမြွန်နီအင်ဇာဂီရဲ့လာဇီယိုကလည်း စီးရီးအေ ၆ ပွဲဆက် နိုင်ပွဲရရှိကာ ထိပ်ဆုံးလေးသင်းသို့ တိုးဝင်နေတဲ့အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်း ဥရောပ ရွှေဖိနပ်ဆုရှင် အမ်မိုဘိုင်းကလည်း ဂိုးမြူးနေသလို ကွင်းလယ်ကစားသမားမီလန်ကိုဗစ်ဆာဗစ်ကလည်း အကောင်းဆုံးပုံစံ ရနေပါတယ်။

အင်တာမီလန်ရဲ့လူကာကူဂိုးမြူးနေသလို တိုက်စစ်ပိုင်း အကောင်းဆုံးပုံစံမှာ ရှိနေတာကြောင့် အင်တာတို့ အနိုင်ရဖို့ အလားအလာကောင်းပေမယ့် အင်တာခံစစ်တစ်ချက်မှားတာနဲ့ ဂိုးမြူးနေတဲ့ လာဇီယိုကို ဂိုးပေးရဖို့ ရှိနေပါတယ်။ အင်တာမီလန်ကိုဘဲ ကြိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ် – ဗလင်စီယာ
ပွဲချိန်
ည ၉ : ၄၅
နံနက်ပိုင်းပေါက်ကြေး
ရီးရဲလ်မက်ဒရစ် ၁-၄၅ (၃+၀၅) ဗလင်စီယာ
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာပြဿနာများနှင့် ကြုံတွေ့နေရပေမယ့်လည်း နောက်ဆုံးနှစ်ပွဲဆက် အနိုင်ရရှိအောင် ကစားနိုင်ပါတယ်။ တိုက်စစ်မှူးဘန်ဇီးမား အကောင်းဆုံးပုံစံ ရရှိနေဆဲ ဖြစ်သလို အဆန်စီယိုရဲ့ခြေစွမ်း တော်တော် လေး တောက်ပနေပါတယ်။

ဗလင်စီယာကတော့ အကောင်းဆုံးပုံစံရရှိရန် ရုန်းကန်နေရတဲ့အသင်း ဖြစ်ပါတယ်။ နောက်တန်းအမှားများပြီး တိုက်စစ်နဲ့ကွင်းလယ်အဆင်အသွယ်ပြတ်နေသလိုမျိုး ဖြစ်နေတာတွေ့ရပါတယ်။
ရီးရဲလ်မက်ဒရစ်တို့ လူမစုံပေမယ့် အိမ်ကွင်းရောက်ရင် ကစားအားကောင်းတာကြောင့် ဗလင်စီယာကို အနိုင်ရဖို့ မခက်ခဲဘူးလို့ ယုံကြည်ပါတယ်။ ၄၅ အရှုံးနဲ့ အပြည့်အနိုင်ရွေးရမယ့်ပွဲပါ။ ပထမအကျော့တုန်းက ပင်နယ်တီ သုံးလုံး အပါအဝင် ၄-၁ ဂိုးဖြင့် အရှုံးကို ကလဲ့စားချေဖို့ ကြိုးစားလာမယ့် ရီးရဲလ်မက်ဒရစ်ကို ရွေးရပါမယ်။