စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ

ဆန်းဒေးအောင်အောင်

ချဲလ်ဆီး – ဘန်လေ

ပွဲချိန်

ညနေ ၆ : ၃၀

နံနက်ပိုင်းပေါက်ကြေး

ချဲလ်ဆီး ၁-၉၀ (၃+၅၀) ဘန်လေ

ခန့်မှန်းရလဒ်

၂-၀

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

နည်းပြသစ်တူချယ်ရဲ့ လက်အောက်မှာ ချဲလ်ဆီးရဲ့ကစားဟန်က တက်ရိပ်တော့ ပြသနေပါတယ်။ ပြီးခဲ့တဲ့ ဝုဗ်နဲ့ ပွဲစဉ်မှာတုန်းက ချဲလ်ဆီးမှာ ဘယ်လို နည်းဗျူဟာကို သုံးလာမယ်ဆိုတာ တူချယ် ပွင့်ပွင့်လင်းလင်းပြသခဲ့ပါတယ်။ ယင်းပွဲမှာတုန်းက ချဲလ်ဆီးဟာ ဘောလုံးအတိုပေးတွေနဲ့ ဘောလုံးပိုင်ဆိုင်မှု ပြတ်ပြတ်သားသားအသာစီးရယူကာ ကစားခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ခက်နေတာကတော့ ဖန်တီးမှုပိုင်း ဖြစ်ပါတယ်။ တူချယ်လက်ထက်မှာ လည်း ချဲလ်ဆီးက ဖန်တီးမှုပိုင်း အားနည်းနေဆဲ ဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ရောက်ပြီး တစ်ရက်အကြာ မှာ ကစားရတဲ့ပွဲဆိုတော့ အခက်အခဲ ရှိလို့ ဖြစ်ပါလိမ့်မယ်။ တူချယ်ဟာ ချဲလ်ဆီးရဲ့မာဆင်မောင့်၊ ဇီယက်ချ်၊ ဟာဗတ်ဇ်၊ ပီရီဆစ်တို့ရဲ့ခြေစွမ်းကိုသာ ဖော်ထုတ်နိုင်မယ်ဆိုရင်တော့ တိုက်စစ်အကြမ်းစားဖြစ်လာမှာ သေချာနေပါတယ်။ တူချယ်လက်ထက်မှာ ကောင်းတဲ့လက္ခဏာပြလာတာကတော့ ခံစစ်ပိုင်း တော်တော်ကျစ်လစ်လာတာပါ။

တစ်ဖက်မှာ ချဲလ်ဆီးရင်ဆိုင်ရမယ့် ဘန်လေကလည်း တောက်လျှောက် ခြေတက်နေတဲ့အသင်း ဖြစ်ပါတယ်။ ဘန်လေဟာ လီဗာပူး၊ ဖူလ်ဟမ်၊ ဗီလာတို့ကို သုံးပွဲဆက် အနိုင်ရရှိထားပါတယ်။ ဘန်လေက ခံစစ်ကို အမှား ကင်းကင်းနဲ့ ကစားပြီး အနည်းဆုံးတစ်မှတ်ရအောင် အားပြုကာ တန်ပြန်နဲ့ ဂိုးရဖို့ချောင်းကစားလာပါလိမ့်မယ်။

ယခုပွဲမှာ ချဲလ်ဆီးတို့ ဘန်လေအပေါ် ပွဲအစအဆုံး တိုက်စစ်ပိုင်းအသာနဲ့ ကစားပြီး ပြတ်ပြတ်သားသား အနိုင်ရယူလာမယ်လို့ ယုံကြည်နေပါတယ်။  

ဝက်စ်ဟမ်း – လီဗာပူး

ပွဲချိန်

ည ၁၁ : ၀၀

နံနက်ပိုင်းပေါက်ကြေး

ဝက်စ်ဟမ်း (၃+၂၀) ၁+၆၀ လီဗာပူး

ခန့်မှန်းရလဒ်

၂-၂

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

ကြားရက်တုန်းက စပါးစ်ကို အဝေးကွင်းမှာ အနိုင်ရတဲ့ပွဲမှာ ကလော့ပ်ရဲ့လီဗာပူး ပုံမှန်ခြေစွမ်းပြရခဲ့တာ တွေ့ရပါတယ်။ တိုက်စစ်မှာ ဆာဒိုင်ယိုမာနေးရော ဖာမီနိုပါ အကောင်းဆုံးပုံစံ ပြန်ရလာမှုနဲ့အတူ လီဗာပူး ကစားအား တော်တော်မြင့်လာပါတယ်။ ကွင်းလယ်မှာ တီယာဂိုအကောင်းဆုံးပုံစံဖြင့် ကစားနေပါတယ်။

ဒါပေမယ့် ဒေးဗစ်မိုယက်စ်ရဲ့ဝက်စ်ဟမ်းကလည်း ကစားဟန် ကျစ်ကျစ်လစ်လစ်ရှိပြီး နောက်တန်းအမှား နည်းတဲ့ အသင်းဖြစ်ပါတယ်။ အလယ်တန်းကစားအားကောင်းသလို တိုက်စစ်ကလည်း ဂိုးသွင်းအား ရှိပါတယ်။

ဝက်စ်ဟမ်းဟာ လီဗာပူးနဲ့ ရင်ဆိုင်ရတိုင်း ဒုက္ခပေးနေကြအသင်းဖြစ်ပါတယ်။ အခုပွဲမှာ စီနီယာခံစစ်သမားမပါဘဲ ကစားလာမယ့် လီဗာပူးကို အနည်းဆုံး သရေကစားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ဝက်စ်ဟမ်းနဲ့ ဂိုးပေါ်အကြိုက်တွေ့ပါတယ်။

နာပိုလီ – ပါးမား

ပွဲချိန်

ည ၁၁ : ၃၀

နံနက်ပိုင်းပေါက်ကြေး

နာပိုလီ ၂+၉၀ (၃-၂၀) ပါးမား

ခန့်မှန်းရလဒ်

၃ – ၁

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

စီးရီးအေဆယ်ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ပါးမားဟာ ဒီယေဂိုအာမန်ဒိုမာရာဒိုနာကွင်းသို့ သွားကာ နာပိုလီကို ရင်ဆိုင်ရပါမယ်။ပါးမားဟာနောက်ဆုံးစီးရီးအေပွဲ၁၀ပွဲမှာ၄ပွဲသရေကျပြီး၆ပွဲအထိရှုံးနိမ့်ကာတန်းဆင်းရဖို့ အခြေအေနကောင်းနေပါတယ်။

နာပိုလီကလည်း ခြေမှန်းရခက်ပါတယ်။ ဂျူဗင်တပ်၊ ဗီရိုနာတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ကြားရက်တုန်းက စပီဇီယာကို ၄-၂ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ နာပိုလီရဲ့အင်ဆစ်နီ၊ လိုဇာနိုတို့ ဦးဆောင်တဲ့ တိုက်စစ်က တော်တော် ကောင်းမွန်ပြီး ၉ ဂိုးစီသွင်းထားကြပါတယ်။

ခက်နေတာ နာပိုလီတိုက်စစ်က ပြိုင်ဘက်ကို ဖိအားကစားနေချိန်မျိုးမှာဆို ရုန်းကန်ရပြီး သူတင်ကိုယ်တင် ကစားတဲ့ အသင်းမျိုးနဲ့ လျှင်မြန်တဲ့ တိုက်စစ်နဲ့ ဂိုးရတတ်ပါတယ်။ အခု ပါးမားနဲ့ပွဲက နာပိုလီတို့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားရမယ့်ပွဲမျိုး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီဟာ ယခုပွဲအနိုင်ရရင် ထိပ်ဆုံးလေးသင်းစာရင်းထဲ ဝင်ရောက်နိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် ယခုပွဲမှာ ပါးမားကို ပြတ်ပြတ်သားသား ချေမှုန်းလာမယ်လို့ ယုံကြည်နေပါတယ်။

ဘာစီလိုနာ – ဘီလ်ဘာအို

ပွဲချိန်

နံနက် ၂ : ၃၀

နံနက်ပိုင်းပေါက်ကြေး

ဘာစီလိုနာ ၁-၅၀ (၂-၈၀) ဘီလ်ဘာအို

ခန့်မှန်းရလဒ်

၂-၀

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

နောက်ဆုံး ၉ ပွဲဆက်လာလီဂါမှာရှုံးပွဲမရှိသေးတဲ့ ဘာစီလိုနာဟာ မကြာသေးမီတုန်းက စပိန်စူပါဖလားမှာ သူတို့ကို အနိုင်ယူသွားတဲ့ ဘီလ်ဘာအိုကို ကလဲ့စားပြန်ချေခွင့်ရရှိလာပါတယ်။

ဘာစီလိုနာဟာ ခြေစွမ်းပိုင်းမှာ တောက်လျှောက် ကောင်းမွန်နေလို ဘီလ်ဘာအိုကလည်း နောက်ဆုံး ငါးပွဲဆက်တိုက် အနိုင်ရရှိပြီး အကောင်းဆုံးအမြင့်ဆုံး ဖြစ်နေတာကြောင့် ကြည့်ကောင်းလာမယ့်ပွဲတစ်ပွဲ ဖြစ်ဖို့ သေချာနေပါတယ်။

ဒါပေမယ့် အခုကစားရမှာက လာလီဂါဖြစ်ပါတယ်။ စပိန်စူပါဖလားမဟုတ်ပါဘူး။ ဒါ့အပြင် အခုအချိန်မှာ မက်ဆီကလည်း နဂိုခြေစွမ်းမျိုး ပြန်ရနေတဲ့အပြင် ဂရက်ဇ်မန်းကလည်း တောက်ပနေတာကြောင့် ဘာစီလိုနာတို့ ဘီလ်ဘာအိုကို အသာစီးနဲ့ကစားလာဖို့ သေချာနေပါတယ်။

ဖွင့်လှစ်ထားတဲ့ကြေးအရ ခြေတက်နေတဲ့ ဘီလ်ဘာအိုဘက်က ရပ်တည်ချင်စရာကောင်းလွန်းနေပါတယ်။ ဒါပေမယ့် တောက်လျှောက်ခြေကောင်းနေတဲ့ ဘာစီလိုနာကိုဘဲ ယုံကြည်နေပါတယ်။

Facebook Comments Box
Facebook Comment