
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
ဆန်းဒေးအောင်အောင်
ရှက်ဖီးလ်ယူနိုက်တက် – စပါးစ်
ပွဲချိန်
ည ၈ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ရှက်ဖီးလ် (၂-၈၀) ၁+၄၀ စပါးစ်
ခန့်မှန်းရလဒ်
၀-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အမှတ်ပေးဇယားကြမ်းခင်းမှာ ရပ်တည်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ဟာ ကြားရက်တုန်းက နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ယခုရာသီ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲ တွေ့ခဲ့ပါတယ်။ ခြေစွမ်းအရမ်းကောင်းလို့ ရှက်ဖီးလ်တို့ နိုင်ပွဲတွေ့ခဲ့တာတော့ မဟုတ်ပါဘူး။ ဒုတိယပိုင်းတစ်ပိုင်းလုံး နယူးကာဆယ်ကို လူတစ်ယောက်အသာနဲ့ကစားကာ ပင်နယ်တီ ကယ်လို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ရှက်ဖီးလ်ရဲ့ခြေစွမ်းက အားရစရာ အနေအထားမှာတော့ မရှိပါဘူး။ ဒါပေမယ့် နယူးကာဆယ်နိုင်ပွဲကြောင့် ရှက်ဖီးလ်ရဲ့ယုံကြည်မှုကို မြင့်မားလာစေမှာကတော့ သံသယဖြစ်စရာ မရှိပါဘူး။

မော်ရင်ဟိုရဲ့စပါးစ်က နောက်ဆုံးပရီးမီးယားလိဂ်သုံးပွဲမှာတစ်ပွဲတည်းဘဲ အနိုင်ရရှိထားပါတယ်။ စပါးစ်ဟာ ဝုဗ်၊ ဖူလ်ဟမ်တို့နဲ့ပွဲမှာ နောက်ကျဂိုးတွေကြောင့် ချေပဂိုးတွေ ပေးရပြီး သရေဖြင့် ကျေနပ်ခဲ့ရတာပါ။ အထူးသဖြင့် စပါးစ်ဟာ ပြိုင်ဘက်ကို ဦးဆောင်နေချိန်မှာ ဂိုးရဖို့ ထပ်မတိုက်မှုနဲ့အတူ ချေပဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ စပါးစ် ခြေစွမ်းက အကျဘက်သို့ ရောက်တဲ့အနေအထားမျိုးမှာ မရှိပါဘူး။ ပွဲပြီးခါနီး ၁၅ မိနစ်ဝန်းကျင်မှာ ခံစစ်ပိတ်က စားရာကနေ ဂိုးတွေ ပေးနေရတာပါ။

စပါးစ်ဘက်က ဖွင့်လှစ်မှု မြင့်မားတယ်ဆိုပေမယ့် အခုပွဲမှာ အနိုင်ရရင် ထိပ်ဆုံးက မန်ယူ၊ လီဗာပူးတို့နောက်နားက ကပ်လိုက်နိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် စပါးစ်အနိုင်သေချာနေပါတယ်။
လီဗာပူး – ယူနိုက်တက်
ပွဲချိန်
ည ၁၁ : ၀၀
နံနက်ပိုင်းပေါက်ကြေး
လီဗာပူး L-၈၀ (၃+၃၀) ယူနိုက်တက်
ခန့်မှန်းရလဒ်
၁-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ယခုအပတ်ရဲ့လူစိတ်ဝင်စားမှု အမြင့်မားဆုံးပွဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကမှာ အအောင်မြင်ဆုံးအသင်း နှစ်သင်းရဲ့ကြီးမားတဲ့တိုက်ပွဲတစ်ပွဲကို မြင်တွေ့ရပါမယ်။ အခု ယူနိုက်တက်က လီဗာပူးကို ၃ မှတ်ဖြတ်ထားနိုင်ပြီး ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇယားထိပ်မှာ ရပ်တည်ထားနိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကအခြေအနေမျိုးနဲ့ ယနေ့ညပွဲအခြေအနေမျိုးက လုံးဝ ကွဲပြားနေပါတယ်။ ယနေ့ည အန်ဖီးလ်ပွဲမှာ ပရိသတ်မပါဝင်ပါဘူး။ ပြီးတော့ လီဗာပူးက ခြေစွမ်းပိုင်းအနုတ်လက္ခဏာ ပြနေပြီး ယူနိုက်တက်က အပေါင်းလက္ခဏာပြနေပါတယ်။
အထူးသဖြင့် ယူနိုက်တက်ရဲ့အဝေးကွင်းခြေစွမ်း ဖြစ်ပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ အဝေးကွင်းမှာ လက်စတာနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲကလွဲရင် ပွဲအားလုံး အနိုင်ရရှိထားပါတယ်။ အထူးသဖြင့် ယူနိုက်တက် ကွင်းလယ်မှာ ပေါလ်ပေါ့ဘာ အကောင်းဆုံးပုံစံပြန်ရလာသလို ဖာနန်ဒက်စ်၊ မက်တိုမီနေးတို့လည်း ဆက်တိုက် ဆိုသလို အကောင်းဆုံးပုံစံရနေကြပါတယ်။

လီဗာပူးမှာ မာနေးက အကောင်းဆုံးပုံစံ ပျောက်ဆုံးနေပေမယ့် ဆာလာ၊ ဖာမီနိုတို့ ကစားပုံက ကောင်းမွန်နေတုန်းပါ။ ယခုပွဲမှာလည်း တီယာဂို၊ ဟင်ဒါဆင်နဲ့ ဝီနယ်ဒမ်တို့ ဦးဆောင်လာမယ့် လီဗာပူးကွင်းလယ်က ယူနိုက်တက်ကို အသာစီးနဲ့ ကစားလာဖို့ သေချာနေပါတယ်။ လီဗာပူးဟာ ခံစစ်ပိုင်း အားနည်းနေတာနဲ့အညီ ယူနိုက်တက်ကို ဖိတိုက်ရင် ဂိုးပေးရဖို့ သေချာနေပါတယ်။ အထူးသဖြင့် လီဗာပူးတို့ တိုက်စစ်ဖွင့်ကစားနေရင် ဘောလုံးပျက်မှု ဖြစ်လာချိန်မှာ နေရာလွတ်ကို မဖာထေးနိုင်ဘူးဆိုရင်တော့ အချိန်မရွေး ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်ဒဏ်ကို ခံစားသွားရပါလိမ့်မယ်။
အခုညပွဲက သရေနဲ့ အဆုံးသတ်ဖို့ များနေပြီး သရေကျရင်တောင် ကျေနပ်ရမယ့် အဝေးကွင်းခြေစွမ်းကောင်းတဲ့ ယူနိုက်တက်ဘက်ကဘဲ ရပ်တည်ပါမယ်။
အင်တာ – ဂျူဗင်တပ်
ပွဲချိန်
နံနက် ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
အင်တာ L-၂၀ (၃+၅၀) ဂျူဗင်တပ်
ခန့်မှန်းရလဒ်
၂-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အင်တာနှင့် ဂျူဗင်တပ်တို့ ပွဲစဉ်က စကူဒက်တိုဖလားအတွက် အဆုံးအဖြတ်ပွဲမဟုတ်ပေမယ့် စကူဒက်တိုဖလား အတွက် စိန်ခေါ်ရေးမှာ အရေးပါတဲ့ပွဲ ဖြစ်နေပါတယ်။ အင်တာမီလန်ဟာ ယခုပွဲအနိုင်ရရင် ထိပ်ဆုံးက မီလန်ကို ဖိအားပေးနိုင်မှာ ဖြစ်ပြီး ဂျူဗင်တပ်ကလည်း ယခုပွဲ ရှုံးရင် ဆယ်ကြိမ်မြောက် စကူဒက်တိုဖလားအတွက် မျှော်လင့်ချက် နည်းပါးသွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

အိမ်ရှင် အင်တာမီလန်ဟာ နောက်ဆုံး စီးရီးအေနှစ်ပွဲဆက် နိုင်ပွဲပျောက်နေပြီး ဂျူဗင်တပ်ကတော့ စီးရီးအေ သုံးပွဲဆက်အနိုင်ရထားပါတယ်။ ဂျူဗင်တပ်ရဲ့နိုင်ပွဲမှာ အေစီမီလန်ကို အဝေးကွင်းမှာ ၃-၁ ဂိုးဖြင့် အနိုင်ရတဲ့ပွဲ လည်း ပါဝင်ပါတယ်။ အင်တာမီလန်ဟာ စီးရီးအေနှစ်ပွဲဆက် နိုင်ပွဲပျောက်နေတယ်ဆိုပေမယ့် ခြေစွမ်း ကျဆင်း နေတာမျိုး မဟုတ်ပါဘူး။ ပြိုင်ဘက်ကို တိုက်စစ်ပိုင်းအသာနဲ့ကစားပြီး အဆုံးသတ်ပိုင်း မသေချာလို့ နိုင်ပွဲပျောက် နေတာပါ။ အခြားတစ်ဖက်မှာ ဂျူဗင်တပ်ကလည်း နောက်ခံလူဒီလက် ကိုဗစ်ကြောင့် မပါဝင်နိုင်ပြီးနောက် ခံစစ်ပိုင်း ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်တိုက်စစ်က ဂိုးသွင်းကောင်းနေတုန်းပါ။ အခုပွဲကို ဒိုင်ဘာလာ လွဲချော်မှာ ဖြစ်ပေမယ့် မိုရာတာ ပွဲထွက်ပါဝင်လာမှာပါ။

ယခုပွဲမှာ အင်တာမီလန်က သရေကျရင်တောင် ပါးပါးလေးပေးထားပါတယ်။ ကျွန်တော်ကတော့ တိုက်စစ်ကောင်းတဲ့ နှစ်သင်း တွေ့ဆုံတဲ့ ပွဲဖြစ်လို့ ဂိုးအပေါ်နဲ့ဘဲ ရပ်တည်သွားပါမယ်။
ဘာစီလိုနာ – ဘီလ်ဘာအို
ပွဲချိန်
နံနက် ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဘာစီလိုနာ ၁+၆၀ (၃+၅၀) ဘီလ်ဘာအို
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ယခုပွဲစဉ်က စပိန်စူပါဖလား ဗိုလ်လုပွဲစဉ် ဖြစ်ပါတယ်။ ရော်နယ်ကိုးမန်းအတွက် မှတ်ကျောက်တင်ခံရမယ့် ပွဲဆိုရင် လည်း မမှားပါဘူး။ ဘာစီလိုနာဟာ ဆီမီးဖိုင်နယ်မှာ ဆိုစီဒက်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လာခဲ့တာပါ။ ဘီလ်ဘာအိုက ရီးရဲလ်မက်ဒရစ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်လာခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ဘီလ်ဘာအိုတို့ဟာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်တုန်းက ပူပူနွေးနွေး တွေ့ဆုံထားကြတာဖြစ်ပြီး ဘာစီလိုနာက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အခုပွဲမှာ ဘာစီလိုနာက ထုံးစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားလာနိုင်တယ်ဆိုပေမယ့်လည်း မေးခွန်း ထုတ်စရာ ဖြစ်နေတာက မက်ဆီ ပါဝင်လာမလားဆိုတာပါ။ ဂရန်နာဒါနဲ့ပွဲမှာ ဒဏ်ရာရပြီး အနားယူနေရတဲ့ မက်ဆီဟာ ယခုပွဲမှာ ပါဝင်ဖို့ ပွဲထွက်လာဖို့ မသေချာပါဘူး။ တကယ်လို့ မက်ဆီ မပါဝင်ဘူးဆိုရင်တော့ ဘာစီလိုနာတို့ ရုန်းကန်ရနိုင်ပါတယ်။ တိုက်စစ်မှာ ဂရက်ဇ်မန်း အကောင်းဆုံးပုံစံ အနေအထားရနေပေမယ့် မက်ဆီ မပါလာရင် ဘာစီလိုနာက ဂိုးရဖို့ ရုန်းကန်ရပါတယ်။ ဘီလ်ဘာအိုကလည်း မြူနီယံ၊ ဝီလီယမ်တို့ရဲ့ တန်ပြန် တိုက်စစ်က မြန်ဆန်သလို ရာအူးလ်ဂါစီယာ၊ ဒါနီဂါစီယာ၊ နျူနက်ဇ်တို့ရဲ့အလယ်တန်းကလည်း ကျစ်လစ် တောင့်တင်းပါတယ်။

ဒါပေမယ့် အခုပွဲကြားကွင်းမှာ ကစားရမယ့်အပြင် ဗိုလ်လုပွဲအတွေ့အကြုံကြွယ်ဝတဲ့ ဘာစီလိုနာအတွက် ဘီလ်ဘာအိုကို တစ်ဂိုးတည်းသာ ကပ်အနိုင်ရဖို့ အရမ်းကြီး ခက်ခဲမနေဘူးလို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာ အနိုင်သေချာနေပြီး ဂိုးတောင်ပြတ်သွားနိုင်ပါတယ်။