
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
ဆန်းဒေးအောင်အောင်
ချဲလ်ဆီး – မိုးကမ်ဘီ
ပွဲချိန်
ည ၈ : ၀၀
နံနက်ပိုင်းပေါက်ကြေး
ချဲလ်ဆီး ၃+၂၀(၄+၇၀) မိုးကမ်ဘီ
ခန့်မှန်းရလဒ်
၄-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲ အနိုင်ရရှိထားတဲ့ ချဲလ်ဆီးတို့ ခြေစွမ်းက တော်တော် အနုတ်လက္ခဏပြနေပါတယ်။ နည်းပြ ဖရန့်လမ်းပတ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ ထုတ်စရာဖြစ်နေပြီ ဖြစ်ပါတယ်။ ယင်းလို အချိန်မျိုးမှာ မိုးကမ်ဘီလို လိဂ်၂ ကလပ်နဲ့ အက်ဖ်အေဖလားတတိယအဆင့်ပွဲကစားရမယ့် အခြေအနေက ချဲလ်ဆီးအတွက် ထွက်ပေါက်တစ်ခု ဖြစ်နေပါတယ်။

ချဲလ်ဆီးဟာ ကြားရက်မှာ ပွဲကစားစရာမရှိတာကြောင့် ယခုပွဲကို လူစုံတက်စုံနဲ့ ပွဲထုတ်လာဖို့ ရှိပါတယ်။ ချဲလ်ဆီးဘက်က ဖွင့်လှစ်မှု ပြင်းပြပေမယ့် အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ချဲလ်ဆီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းပါလိမ့်မယ်။ ချဲလ်ဆီးဘက်က ရပ်တည်ပါမယ်။
မန်စီးတီး – ဘာမင်ဂမ်
ပွဲချိန်
ည ၈ : ၀၀
နံနက်ပိုင်းပေါက်ကြေး
မန်စီးတီး ၂-၇၀ (၃-၃၀) ဆက်စ်ဆူလို
ခန့်မှန်းရလဒ်
၄-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
မန်စီးတီးရဲ့ခြေစွမ်းက လှပတယ်။ တိုက်စစ်ကောင်းသလောက် ခံစစ်ကလည်း တော်တော်လုံပါတယ်။ နောက်ဆုံးငါးပွဲမှာ ၂ ဂိုးဘဲ ပေးထားရတဲ့ မန်စီးတီးခံစစ်က တော်တော်စိတ်ချရပါတယ်။ မင်ဒီမပါဝင်ချိန်မှာ ဝင်ကစားနေတဲ့ ဇင်ချန်ကိုကလည်း တိုက်စစ်ပိုင်း လိုက်ပါနိုင်မှုအား တော်တော်ကောင်းပါတယ်။အခုပွဲမှာ ဂွါဒီယိုလာဟာ အဓိကကကစားသမားအချို့ကို အနားပေးနိုင်ပေမယ့် ဂျွန်စတုန်း၊ ဖာနန်ဒင်ဟို၊ ဇင်ချန်ကို၊ ဂန်ဒိုဂန်၊ ဖိုဒန်တို့ ပါဝင်လာဖို့ သေချာနေသလို တိုက်စစ်ကိုလည်း ဝါရင့်တိုက်စစ်မှူး ဂိုးသွင်းစက် အဂူရို ပွဲထွက်ကစားကာ ဦး ဆောင်လာပါမယ်။

ဘာမင်ဂမ်က ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းပါ တော်တော်ချာပြီး ချန်ပီယံရှစ်အမှတ်ပေးဇယားအောက်ဘက်မှာ ရုန်းကန်နေရကာ နောက်ဆုံးခြောက်ပွဲဆက်နိုင်ပွဲမရှိပါဘူး။ဘာမင်ဂမ်ဟာ အဝေးကွင်းဆိုရင်ခံစစ်ပိတ်ကစားလေ့ ရှိတာကြောင့်အဝေးကွင်းခြေစွမ်းမဆိုးလှတဲ့အသင်းလို့တော့ဆိုနိုင်ပါတယ်။ ဒါပေမယ့်အခုကစားရမယ့်အသင်းက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းရနေတဲ့ မန်စီးတီးဖြစ်နေပါတယ်။
မန်စီးတီးဘက်က ပေးရတဲ့ကြေးက ပြင်းရှလွန်းပေမယ့်လည်း မန်စီးတီးဘက်က မရပ်တည်ရဲစရာ အကြောင်း မရှိပါဘူး။
ရိုးမား – အင်တာ
ပွဲချိန်
ည ၆ : ၀၀
နံနက်ပိုင်းပေါက်ကြေး
ရိုးမား (၃-၂၀) L-၃၀ အင်တာ
ခန့်မှန်းရလဒ်
၂-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
လက်ရှိအချိန်မှာ အိမ်ရှင် ရိုးမားရဲ့ခြေစွမ်းက တော်တော်လေးကောင်းမွန်နေပါတယ်။ ခြေစွမ်းတော်တော် ကောင်းနေပြီး နောက်ဆုံး သုံးပွဲဆက်အနိုင်ရရှိထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ အတ္တလန္တာတစ်သင်းတည်းကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးထားကာ လေးပွဲနိုင်ပါတယ်။

ခရစ္စတန်တီ၊ ဗီလာ၊ ပယ်လီဂရီနီ၊ ဗီရီတောက်၊ ခီတာယန်တို့ ပါဝင်တဲ့ ရိုးမား အလယ်တန်းက ကစားပုံကွက် တော်တော်ကောင်းကောင်းပြီး တိုက်စစ်မြိုင်ပါတယ်။ ဒီဇီကို၊ မာယိုရယ်တို့ ဦးဆောင်တဲ့ ရိုးမားတိုက်စစ်က လည်း ဂိုးသွင်းကောင်းပါတယ်။
အလားတူ အင်တာမီလန်ကလည်း ကြားရက်တုန်းက ဆမ်းဒိုးရီးယားကို ရှုံးနိမ့်ခဲ့တဲ့ပွဲကလွဲရင် တောက်လျှောက် ခြေစွမ်းကောင်းမွန်လာတဲ့အသင်း ဖြစ်ပါတယ်။ ဆမ်ဒိုးရီးယားပွဲမှာလည်း အင်တာတို့ ခြေစွမ်းကောင်းမွန်ခဲ့ပြီး အဆုံးသတ်မသေချာမှု၊ ဆန်းချက်ဇ် ပင်နယ်တီ မဝင်မှုတို့ကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်က တိုက်စစ်အားကောင်းတဲ့အသင်းနှစ်သင်းတွေ့တဲ့ပွဲဖြစ်လို့ ဂိုးတွေမြင်တွေ့ရနိုင်ပါတယ်။ အဝေးကွင်းမှာ လာကစားရမယ့် အင်တာမီလန်က ရိုးမားကို သရေ ၃၀ ပါးပါးပေးထားရပါတယ်။ အိမ်မှာ ကစားရမယ့်အပြင် တိုက်စစ်ကောင်းမွန်တဲ့ ရိုးမားနဲ့ ဂိုးအပေါ် ကြိုက်ပါတယ်။
ဂျူဗင်တပ် – ဆက်စ်ဆူလို
ပွဲချိန်
နံနက် ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
ဂျူဗင်တပ် ၁-၉၀ (၃-၆၀) ဆက်စ်ဆူလို
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဂျူဗင်တပ်ရဲ့ တိုက်စစ်အား တော်တော်ကောင်းမွန်နေပါတယ်။ တိုက်စစ်သမားသုံးဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဒိုင်ဘာလာနဲ့ ချီယေးဆာတို့ အကောင်းဆုံးပုံစံ ရနေပါတယ်။ ဒါပေမယ့် ဆက်စ်ဆူလိုနဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်ရဲ့အဓိကခံစစ်မှူးဖြစ်တဲ့ ဒီလက် ကိုဗစ်ကူးစက်ခံထားရမှုကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။ ဒီလက်မပါဝင်နိုင်မှုက ဂျူဗင်တပ် ခံစစ်ပိုင်းအတွက် အကြီးမားဆုံး ထိုးနှက်ချက် ဖြစ်နေပါတယ်။ ဂျူဗင်တပ်ဟာ ရာသီအစတုန်းကလည်း ဒီလက် မပါဝင်နိုင်တုန်းက တော်တော်ရုန်းကန်ခဲ့ရပါတယ်။

ဆက်စ်ဆူလိုကလည်း တိုက်စစ်ကောင်းပြီး နောက်တန်းက တော်တော်အမှားအယွင်းများတဲ့ အသင်း ဖြစ်ပါတယ်။ ဆက်စ်ဆူလိုတဲ့ ခံစစ်ကစားပုံနဲ့ဆိုရင် ဂျူဗင်တပ်ရဲ့ ခရစ္စတီယာနိုရော်နယ်ဒို၊ ဒိုင်ဘာလာ၊ ချီယေးဆာတို့ကို ဂိုးသေချာပေါက်ပေးရမယ့် အနေအထားမှာ ရှိပါတယ်။ အခြားတစ်ဖက်မှာ ဆက်စ်ဆူလိုရဲ့ ဘီရာဒီ၊ ကာပူတိုတို့ ဦးဆောင်တဲ့ တိုက်စစ်ကလည်း ယခုရာသီမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ ၃ ပွဲဘဲ ရှိထားပါတယ်။
ယခုပွဲမှာ ဂိုးပေါက်ကြိုက်ပေမယ့် ကြေးကပြင်းလွန်းနေပါတယ်။ အနိုင်ရဖို့ သေချာနေတဲ့ ဂျူဗင်တပ်နဲ့ဘဲ စွန့်စား သွားပါမယ်။