စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ

ဆန်းဒေးအောင်အောင်

နယူးကာဆယ် – လက်စတာ

ပွဲချိန်

ည ၈ : ၄၅

နံနက်ပိုင်းပေါက်ကြေး

နယူးကာဆယ် (၃+၈၀)၁+၃၀ လက်စတာ

ခန့်မှန်းရလဒ်

၁-၁

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

နယူးကာဆယ်က နောက်ဆုံး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတဲ့အသင်း ဖြစ်ပြီး ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ အကျဘက်ရောက်နေတဲ့အသင်းပါ။ ပြီးနောက် နောက်ဆုံး ၃ ပွဲဆက် ဂိုးပေါက်ရှာမတွေ့တဲ့အသင်းဖြစ်ပါတယ်။

လက်စတာကတော့ ခြေစွမ်းပိုင်း တော်တော်ကောင်းနေပါတယ်။ နောက်ဆုံးသုံးပွဲမှာ စပါးစ်ကို အနိုင်ရရှိထားပြီး မန်ယူကို သရေကစားထားသလို ကြားရက်တုန်းက ပဲလေ့စ်ကို အဝေးကွင်းမှာ သရေကျထားပါတယ်။ အခုပွဲစဉ်မှာ ပဲလေ့စ်နဲ့ပွဲမှာ အရန်အဖြစ် ဝင်ကစားခဲ့တဲ့ ဂိုးသွင်းစက် ဂျေမီဗာဒီ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ကွင်းလယ်က မက်ဒီ ဆင်နဲ့ ဘန်းစ်တို့ အကောင်းဆုံးပုံစံ ရနေတဲ့ လက်စတာရဲ့အလယ်တန်းတိုက်စစ်က ကောင်းမွန်နေပါတယ်။

လက်စတာခြေစွမ်းကောင်းနေတဲ့အချိန်မှာ တွေ့ရတာ နယူးကာဆယ်အတွက် ကံဆိုးမှုတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဟာ ကြားရက်တုန်းက ချန်ပီယံလီဗာပူးကို အိမ်ကွင်းမှာ သရေကစားထားပါတယ်။ လီဗာပူးပွဲရလဒ်က စတိဗ်ဘရုစ်ရဲ့နယူးကာဆယ်အတွက် စိတ်ဓာတ်ခွန်အား များစွာရရှိလာမှာ သေချာပါတယ်။

ဖွင့်လှစ်မှုအရ လက်စတာက တစ်ဂိုးသွင်းရင်တောင် ၃၀ ဘဲ ရရှိမှာ ဖြစ်ပါတယ်။ စာရေးသူကတော့ နယူးကာဆယ်တို့ အနည်းဆုံး ကစားနိုင်တယ်လို့ ယုံကြည်နေပါတယ်။ နယူးကာဆယ်ဘက်မှာဘဲ ရပ်တည်ပါမယ်။

ချဲလ်ဆီး – မန်စီးတီး

ပွဲချိန်

ည ၁၁ : ၀၀

နံနက်ပိုင်းပေါက်ကြေး

ချဲလ်ဆီး(၃+၆၀) L-၂၀ မန်စီးတီး

ခန့်မှန်းရလဒ်

၂-၁

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

ရာသီအစောပိုင်းတုန်းက တာထွက်ကောင်းခဲ့တဲ့ ချဲလ်ဆီးတို့ တောက်လျှောက်ကြွေကျနေပါတယ်။ နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲမှာ ဝက်စ်ဟမ်း တစ်သင်းတည်းကိုဘဲ ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး အဲဗာတန်၊ ဝုဗ်၊ အာဆင်နယ် တို့ကို ရှုံးနိမ့်ထားကာ ဗီလာနဲ့ သရေကျထားပါတယ်။

အထူးသဖြင့် ချဲလ်ဆီးဟာ နောက်ဆုံး အဝေးကွင်း သုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက အိမ်ကွင်းဆိုရင် ကစားပုံကျစ်လစ်ပြီး တိုက်စစ်အား ကောင်းမွန်ပါတယ်။ ယနေ့ ကစားရမယ့်ပွဲက ဖရန့်လမ်းပတ် ရဲ့ ချဲလ်ဆီးအတွက် ပြန်လည်နိုးထဖို့အတွက် အကောင်းဆုံးပွဲ ဖြစ်ပါတယ်။ ချဲလ်ဆီးအနေဖြင့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်ဖို့အတွက် ယခုပွဲက အလွန် အရေးပါနေပါတယ်။

မန်စီးတီးကတော့ ချဲလ်ဆီးနဲ့ ဆန့်ကျင်ဘက်ပါ။ ဂွါဒီယိုလာရဲ့အသင်းက ဆက်တိုက် အကောင်းဆုံးပုံစံ ရရှိနေပြီး နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲရထားပါတယ်။ ဒါပေမယ့် မန်စီးတီးမှာ ကိုဗစ်ကူးစက်ခံရသူများစွာ ရှိနေပါတယ်။ ယင်းအထဲမှာ ဂျီးဆပ်စ်နဲ့ဝေါလ်ကားတို့လည်း ပါဝင်ပါတယ်။ ကြားရက်တုန်းက လေ့ကျင့်ရေးကွင်းကိုပါ ပိတ်ထားခဲ့ရတာကြောင့် မန်စီးတီးဟာ ကြံ့ခိုင်မှုပိုင်း အနည်းငယ် အားနည်းနိုင်ပါတယ်။

ဖွင့်လှစ်မှုကတော့ မျှပါတယ်။ မန်စီးတီးက သရေ ၂၀ အရှုံးပါ။ အခုပွဲကို အိမ်ကွင်းမှာ ကစားရမယ့်အပြင် အနိုင်ရလဒ် ရယူဖို့ စိတ်အား ထက်သန်နေမယ့် ချဲလ်ဆီးကို ပိုကြိုက်ပါတယ်။

ဆိုစီဒက် – အိုဆာဆူနာ

ပွဲချိန်

ည ၁၂ : ၀၀

နံနက်ပိုင်းပေါက်ကြေး

ဆိုစီဒက် ၁+၂၀(၂-၁၀၀) အိုဆာဆူနာ

ခန့်မှန်းရလဒ်

၂-၀

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

ဆိုစီဒက်ဟာ ရာသီအစတုန်းက ခြေစွမ်းပိုင်း အကောင်းဆုံးနဲ့ နိုင်ပွဲတွေနဲ့ ချီတက်ပြီးမှ ၆ ပွဲဆက်သရေကျ၊ ၃ ပွဲဆက် ရှုံးပြီး ကြားရက်တုန်းက ဘီလ်ဘာအိုကို အဝေးကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ၂၀၂၀ ခုနှစ်ကို နိုင်ပွဲနဲ့ လှပစွာ ပိတ်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဒေးဗစ်ဆေးလ်ဗား ပါဝင်လာနိုင်ဦးမှာမဟုတ်လို့ ဆိုစီဒက်နဲ့ အလယ် တန်းတိုက်စစ်အနည်းငယ် အားနည်းနိုင်ပေမယ့် ဂျာနူဇာ၊ မီရီနို၊ ဂူဗာရာတို့က အိုဆာအူနာကို လွှမ်းမိုး ကစားလာနိုင်ဖို့ သေချာနေပါတယ်။

ဘီလ်ဘာအိုကလည်း တိုက်စစ်ပိုင်းတင်မက ခံစစ်ပိုင်းကလည်း တော်တော်ဆိုးဆိုးရွားရွားနိုင်ကာအဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းရဖို့ အလားအလာများနေတဲ့အသင်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကို နိုင်ပွဲနဲ့ ဖွင့်လှစ်ဖို့ ကြိုးစားလာမယ့် အပြင် အချိန်ပြည့် တိုက်စစ်ဆင်လာဖို့ ရှိနေတဲ့ ဆိုစီဒက်ကိုဘဲ ကြိုက်ပါတယ်။

အတ္တလန္တာ – ဆက်စ်ဆူလို

ပွဲချိန်

ည ၈ : ၃၀

နံနက်ပိုင်းပေါက်ကြေး

အတ္တလန္တာ ၁-၂၀ (၃-၆၀) ဆက်စ်ဆူလို

ခန့်မှန်းရလဒ်

၂-၁

အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်

https://bit.ly/3o3fcMm

စီးရီးအေမှာ တိုက်စစ်ကစားဟန်ကောင်းမွန်တဲ့ အသင်းကောင်းနှစ်သင်း တွေ့ကြမယ့်ပွဲ ဖြစ်ပါတယ်။ လှပတဲ့ အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်မှု‌တွေ တဝကြီး ကြည့်ရမယ့်ပွဲ ဖြစ်ပါတယ်။

နှစ်သင်းလုံးက တိုက်စစ်ကောင်းသလို ခံစစ်အားနည်းချက်တွေလည်း ရှိတဲ့အသင်းတွေ ဖြစ်ပါတယ်။ အတ္တလန္တာမှာ အသင်းခေါင်းဆောင်ဂိုမက်ဇ်ပါဝင်လာမှာမဟုတ်ပါဘူး။ ဂိုမက်ဇ်ဟာ ဒီဇင်ဘာလ အစောပိုင်းတုန်းက ချန်ပီယံလိဂ်ပွဲမှာ နည်းပြဂက်စ်ပါရီနီနဲ့ ပြဿနာတက်ပြီးနောက် အသင်းလူစာရင်းမှာတောင် ထည့်သွင်းမခံထားရပါဘူး။

အစဉ်အလာအရ အတ္တလန္တာက ဆက်စ်ဆူလိုအပေါ်အများကြီး အသာရထားပါတယ်။ ကလပ်နှစ်ခုအကြား ၁၉ ကြိမ် ဆုံတွေ့ရာမှာ အတ္တလန္တာက ၁၃ ကြိမ် အနိုင်ရထားပါတယ်။ ဆက်စ်ဆူလိုက ၂ ကြိမ်တည်းသာ အနိုင်ရဖူးပါတယ်။ ဒီနှစ်သင်း နောက်ဆုံးအကြိမ်တွေ့တုန်းက အတ္တလန္တာက ၄-၁ နဲ့ အနိုင်ရရှိပြီး ဇာပါတာက နှစ်ဂိုး သွင်းခဲ့ပါတယ်။

အစဉ်အလာအရရော၊ အိမ်ကွင်းခြေစွမ်းအရ အတ္တလန္တာက ဆက်စ်ဆူလိုကို အသာစီးနဲ့ တိုက်စစ်ဆင်လာဖို့က သေချာနေပါတယ်။ ဒါပေမယ့် ဖွင့်လှစ်မှုအရ အတ္တလန္တာဟာ တစ်ဂိုး သွင်းနိုင်ရင်တောင် ၂၀ ရှုံးဦးမယ်ဆိုတာက တော့ ယုံကြည်မြင့်မားရာ အလွန်ကျနေပါတယ်။ ဆက်စ်ဆူလိုတို့ အတ္တလန္တာကို သရေကစားနိုင်စွမ်းရှိတယ်လို့ ယုံကြည်တဲ့အပြင် ရှုံးရင်တောင် ကပ်ရှုံးမယ်လို့ ယုံကြည်ထားတာကြောင့် ဆက်စ်ဆူလိုဘဲကနေ ရပ်တည်သွားပါမယ်။

Facebook Comments Box
Facebook Comment