
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
✍ ဆန်းဒေးအောင်အောင်

ဆာဆူအိုလို – အေစီမီလန်
ပွဲချိန်
ည ၈ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဆာဆူအိုလို (၃+၁၀) L-၈၀ အေစီမီလန်
ခန့်မှန်းရလဒ်
၂-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
စီးရီးအေ ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိဘဲ ရလဒ်ကောင်းရယူထားတဲ့ ဆာဆူအိုလိုဟာ တိုက်စစ်ပိုင်းက အသင်းကြီးတွေကိုတောင် ယှဉ်နိုင်စွမ်းရှိပါတယ်။
အင်တာမီလန်ရဲ့ဖိအားပေးခြင်း ခံနေရတဲ့ အေစီမီလန်ကလည်း အဓိကတိုက်စစ်မှူး မို ဗစ် မပါနိုင်ချိန်မှာတောင် စီးရီးအေ ရှုံးပွဲမရှိသေးဘဲ ရလဒ်ကောင်း ပိုင်ဆိုင်ထားပါတယ်။
ဒီနေ့ပွဲမှာလည်း မိုဗစ် ပြန်ပါလာဖွယ်ရှိတယ်လို့ သတင်းထွက်နေပေမယ့်လည်း လူစာ ရင်းထွက်ပေါ်လာရာမှာတော့ မပါလာသေးပါဘူး။
အေစီမီလန်က L-၈၀ အကျောပေးထားပြီး နှစ်သင်းစလုံးက တိုက်စစ်ကောင်းတဲ့ အသင်းတွေဖြစ်လို့ ဂိုးပေါင်းအပေါ်ကို ရွေးချင်ပါတယ်။

စပါး – လက်စတာ
ပွဲချိန်
ည ၈ : ၄၅
နံနက်ပိုင်းပေါက်ကြေး
စပါး L-၈၀ (၃+၈၀) လက်စတာ
ခန့်မှန်းရလဒ်
၂-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
စပါယ်ရှယ်ဝမ်းရဲ့စပါးဟာ ကြားရက်က လီဗာပူးလ်ကို ရှုံးထားတဲ့အပြင် အဲဒီမတိုင်ခင်ကလည်း ပဲလေ့စ်နဲ့ သရေကျခဲ့တာကြောင့် လီဗာပူးလ်နဲ့ ၆ မှတ်ကွာနေသလို အဲဗာတန်ရဲ့ကျော်တက်ခြင်းကိုလည်း ခံလိုက်ရပါတယ်။
မော်ရင်ညိုရဲ့တပည့်လို့ပြောနိုင်တဲ့ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျားစ်ကလည်း ကြားရက်မှာ အဲဗာတန်ကိုရှုံးခဲ့လို့ နိုင်ပွဲပြန်ရဖို့ ကြိုးစားရတော့မှာပါ။
ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်တို့ ဂိုးမြူးနေတဲ့ စပါးဟာ လက်စတာကို နောက်ဆုံးဧည့်ခံတဲ့ လိဂ် ၉ ပွဲအနက် ၁ ပွဲသာ ရှုံးထားပြီး ၆ ပွဲနိုင်၊ ၂ ပွဲသရေ ကစားထားပါတယ်။
မဖြစ်မနေ အနိုင်ကစားတော့မယ့် စပါးကိုပဲ အကြိုက်တွေ့မိပါတယ်။

မန်ယူနိုက်တက် – လိဒ်စ်ယူနိုက်တက်
ပွဲချိန်
ည ၁၁ : ၀၀
နံနက်ပိုင်းပေါက်ကြေး
ယူနိုက်တက် ၁+၂၀ (၃-၅၀) လိဒ်စ်ယူနိုက်တက်
ခန့်မှန်းရလဒ်
၂-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ယူနိုက်တက်ဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားပြီး နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲမရှိဘဲ ၁၆ မှတ်အထိ စု ဆောင်းနိုင်ခဲ့ပါတယ်။
အခုပွဲမှာ ကာဗာနီ ပြန်လည်ပါဝင်လာဖို့ရှိပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ် တိုက်စစ်အတွဲကလည်း ဂိုးမြူးနေသလို ၁၉၈၁ ခုနှစ်နောက်ပိုင်း လိဒ်စ်ကို ဧည့်ခံတဲ့ အိမ်ကွင်း ၁၅ ပွဲစလုံး ရှုံးပွဲမရှိသေးဘဲ ၉ ပွဲနိုင်၊ ၆ ပွဲသရေ ကစားထားပါတယ်။
လိဒ်စ်ကတော့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်းကို ၂ ပွဲဆက်တိုက်ရှုံးပြီးမှ နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ယူကာ နိုင်ပွဲပြန်ရှာနိုင်လို့ စိတ်အားထက်သန်နေပါတယ်။
အနိုင်ရရင် အနိမ့်ဆုံး အဆင့် ၄ အထိ တက်လှမ်းလာမယ့် ယူနိုက်တက်ကိုပဲ ဆက်ပြီး အားပေးရဦးမှာပါ။

အီဘာ – ရီးရဲလ်မက်ဒရစ်
ပွဲချိန်
ည ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
အီဘာ (၃+၇၀) ၁-၀၅ ရီးရဲလ်မက်ဒရစ်
ခန့်မှန်းရလဒ်
၁-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အဆင့် ၁၃ နေရာက အီဘာဟာ ရီးရဲလ်ကိုဧည့်ခံတိုင်း ဒုက္ခပေးလေ့ရှိပြီး မနှစ်ကတော့ အီပူရူအာကွင်းမှာ ၄ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အဲဒီမတိုင်ခင် တစ်ကြိမ်မှာတော့ အီဘာက စပိန်တော်ဝင်အသင်းကို ၃ ဂိုးပြတ် အနိုင်ရခဲ့တာ မမေ့သင့်သလို ကျန်ပွဲတွေကလည်း ဂိုးပြတ်တဲ့ပွဲ ရှားပါးလှပါတယ်။
ဇီဒန်းကတော့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားလို့ နည်းပြဇီဒန်းလည်း ဖိအားဒဏ်က အနည်းငယ်လျော့ပါးသွားပြီး အခုပွဲ အနိုင်ရခဲ့ရင် ဆိုစီဒက်ကိုကျော်ကာ ဒုတိယနေရာအထိ တက်လှမ်းနိုင်မှာပါ။
ကစားသမားအင်အားအရ ရီးရဲလ်က သာလွန်နေသလို ဘန်ဇီးမားကလည်း ဂိုးမြူးနေ တာကြောင့် ရီးရဲလ်ကို ကြိုက်ပါတယ်။