
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
ဆန်းဒေးအောင်အောင်
အာဆင်နယ် – စပါးစ်
ပွဲချိန်
ည ၁၁ : ၀၀
နံနက်ပိုင်းပေါက်ကြေး
အာဆင်နယ် =-၂၀ (၃+၉၀) စပါးစ်
ခန့်မှန်းရလဒ်
၁-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
တနင်္ဂနွေညရဲ့အကောင်းဆုံးပွဲတစ်ပွဲဖြစ်လာမယ့်ပွဲဖြစ်ပါတယ်။ အကောင်းဆုံးပုံစံရနေတဲ့အသင်းနှစ်သင်း၊ လန်ဒန်အခြေစိုက်အသင်းနှစ်သင်းရဲ့ကြီးမားတဲ့ပြိုင်ဆိုင်မှုကို မြင်တွေ့ရမယ့်ပွဲဖြစ်ပါတယ်။ အထူးသဖြင့် ဥရောပဝင်ခွင့်တိုက်ပွဲက ဒီနှစ်သင်းအကြားယှဉ်ပြိုင်မှုကိုပိုပြီးတော့ ပြင်းထန်လာနေစေပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီလတုန်းက ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူထားတဲ့ အိုဒီဂတ် အသင်းနဲ့အံဝင်လာမှုနဲ့အတူ အလယ်တန်းတိုက်စစ်ကစားဟန်တော်တော်ကောင်းလာပါတယ်။ အိုဒီဂတ်ဟာ ဖန်တီးနိုင်မှုစွမ်း ရည်မြင့်မားတဲ့အပြင် အလယ်တန်းကနေ နေရာလွတ် ရှာပေးနိုင်စွမ်းလည်းရှိတဲ့သူ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ အာဆင်နယ်ခံစစ်က အမှားအယွင်းနည်းသလို အူဘာမီယန်လည်း အကောင်းဆုံးပုံစံ ရရှိနေပါတယ်။

တစ်ဖက်မှာ မော်ရင်ဟိုရဲ့စပါးစ်က ဂါရတ်ဘေးလ် အကောင်းဆုံးပုံစံရရှိလာမှုနဲ့အတူ ခြေစွမ်းပိုင်း တော်တော် ကောင်းနေပါတယ်။ တိုက်စစ်ပိုင်း ကစားပုံ လျှင်မြန်ပြီး ထိရောက်တိကျပါတယ်။ စပါးစ်က တိုက်စစ်ကောင်းသလို ခံစစ်ကလည်း အမှားအယွင်းနည်းလွန်းလှတဲ့အသင်း ဖြစ်ပါတယ်။ စပါးစ်ဟာ နောက်ဆုံး ၅ ပွဲဆက်နိုင်ပွဲရယူထားနိုင်ပြီး ပေးဂိုး ၂ ဂိုးတည်းဘဲ ရှိပါတယ်။ ဟိုဘတ်ရဲ့လုပ်အားမြင့်မားမှုနဲ့အတူ စပါးစ်ရဲ့တိုက်စစ် ပိုင်းရော ခံစစ်ပိုင်းပါ စိတ်ချရနေပါတယ်။ ယင်းလိုအခြေအနေမျိုးမှာ ဟယ်ရီကိန်းရဲ့တိုက်စစ်ကို ဂါရတ်ဘေးလ်က အပြည့်အဝအထောက်ပံ့ဖြစ်နေစေတာက စပါးစ်တိုက်စစ်အတွက် ကြီးမားတဲ့အင်အားတစ်ခု ဖြစ်နေပါတယ်။

စပါးစ်ဟာ နောက်ဆုံးငါးပွဲမှာ သုံးပွဲက ၄ ဂိုးစီသွင်းထားပြီး မော်ရင်ဟိုက ခံစစ်အသားပေးကစားတဲ့အသင်းမဟုတ် ကြောင်း သက်သေပြနေပါတယ်။ တစ်ဖက်မှာ အာဆင်နယ်က ခြေစွမ်းက ခန့်မှန်းရခက်ခဲတဲ့ အသင်းတစ်သင်းဆိုရင်လည်းမမှားပါဘူး။ လတ်တလောခြေစွမ်းအရ စပါးစ်ကဘဲ အပြည့်အဝ ယုံကြည်ရမယ့်ပွဲ ဖြစ်နေပါတယ်။
ယူနိုက်တက် – ဝက်စ်ဟမ်း
ပွဲချိန်
နံနက် ၁ : ၄၅
နံနက်ပိုင်းပေါက်ကြေး
ယူနိုက်တက် ၁+၉၀ (၂-၁၀၀) ဝက်စ်ဟမ်း
ခန့်မှန်းရလဒ်
၂-၀
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ယူနိုက်တက်ဟာ သုံးပွဲဆက် ဂိုးမရှိသရေကျပြီးတဲ့နောက် အပြီးပြည့်စုံဆုံး ခြေစွမ်းနဲ့ ကစားကာ ချန်ပီယံဖြစ်လုနီးပါး မန်စီးတီးကို အဝေးကွင်းမှာ ၂ ဂိုးပြတ်ချေမှုန်းပြခဲ့ပါတယ်။ ကြားရက်တုန်းက အေစီမီလန်နှင့် ယူရိုပါလိဂ်ပွဲစဉ်တုန်းက ယူနိုက်တက်ရဲ့ခြေစွမ်းက ကျေနပ်စရာရှိပါတယ်။ ထုံးစံအတိုင်း ဦးဆောင်ဂိုးရပြီးချိန်မှာ ခံစစ်ဦးစားပေးပြီး တန်ပြန်တိုက်စစ်ကစားဖို့ ရွေးချယ်ခဲ့မှုက သူတို့ရဲ့အကြီးမားဆုံးအမှားဖြစ်ခဲ့ကာ ချေပဂိုးပေးခဲ့ရ တာလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာ ဒေးဗစ်မိုယက်စ်ရဲ့ ဝက်စ်ဟမ်းကလည်း ခံစစ်၊ အလယ်တန်း၊ တိုက်စစ် တော်တော်လေး ကောင်းမွန်တဲ့အသင်း ဖြစ်နေပါတယ်။ ဝက်စ်ဟမ်းရဲ့ ယုံကြည်မှုပိုင်းက အမြင့်မားဆုံးအနေအထားသို့ ရောက်နေပါတယ်။ ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်ကို အချိန်ပိုမှာ ရှုံးခဲ့ပြီးတဲ့နောက် နောက်ဆုံးလေးပွဲမှာ မန်စီးတီးတစ်သင်းတည်းကိုဘဲ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ကာ ၃ ပွဲအနိုင်ရရှိထားပါတယ်။ ယင်းနိုင်ပွဲတွေမှာလည်း ဂိုးမပေးခဲ့ရပါဘူး။

ယူနိုက်တက်က အိမ်ကွင်းရောက်ရင် ခြေစွမ်းမမှန်တဲ့အပြင် ရပ်ရှ်ဖို့ဒ်၊ မာရှယ်ပါဝင်ဖို့ မသေချာမှုက တိုက်စစ်ပိုင်း အားနည်းစရာ ဖြစ်လာနိုင်တယ်ဆိုပေမယ့် ယခုပွဲမှာ ယူနိုက်တက်က အပေါ်စီးကနေ ကစားလာဖို့ကတော့ သေချာနေတဲ့အရာ ဖြစ်ပါတယ်။ အခုပွဲကို သေချာပေါက် အနိုင်ကစားဖို့ ကြိုးပမ်းလာမယ့် ယူနိုက်တက်ကို အပြည့် အဝယုံကြည်နေပါတယ်။
မီလန် – နာပိုလီ
ပွဲချိန်
နံနက် ၂ : ၁၅
နံနက်ပိုင်းပေါက်ကြေး
မီလန် =-၁၀ (၃+၇၅) နာပိုလီ
ခန့်မှန်းရလဒ်
၂ – ၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အေစီမီလန်ဟာ အဓိကကစားသမားတွေ မပါဝင်ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ အကောင်းဆုံးခြေစွမ်း ရရှိနေတာတွေ့ရပါတယ်။ အထူးသဖြင့် ကြားရက်တုန်းက ယူနိုက်တက်နှင့် ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်မှာ ဖြစ်ပါတယ်။ အေစီမီလန်ဟာ အဓိကကစားသမားတွေ မပါဝင်ပေမယ့်လည်း အဝေးကွင်းမှာ လူစုံတက်စုံ ယူနိုက်တက်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး သရေကစားနိုင်ခဲ့ပါတယ်။ တကယ်လို့များ ဒိုင်မပေးခဲ့တဲ့ ဂိုးနှစ်ဂိုးရခဲ့ရင် နိုင်ခဲ့ပါမယ်။ ပြောရမယ်ဆိုရင် အဓိကကစားသမားတွေ မပါဝင်ပေမယ့် အေစီမီလန်က နည်းဗျူဟာပိုင်း၊ ကစားဟန်ပိုင်းမှာ ကျေနပ်စရာအနေအထားမှာ ရှိနေတုန်း ဖြစ်သလို ဂိုးဖန်တီးနိုင်စွမ်းကောင်းမွန်နေတုန်း ဖြစ်ပါတယ်။

တစ်ဖက်မှာ ဂတ်တူဆိုရဲ့နာပိုလီကတော့ တော်တော်ခန့်မှန်းရခက်ခဲတဲ့အသင်းမျိုး ဖြစ်ပါတယ်။ ဂတ်တူဆိုရဲ့ နာပိုလီက တိုက်စစ်ပိုင်းကစားဟန်မှာတော့ ကျေနပ်စရာကောင်းတဲ့ အနေအထားမှာ ရှိနေတုန်း ဖြစ်ပါတယ်။ အထူးသဖြင့် အသင်းခေါင်းဆောင်အင်ဆိုက်နီ အကောင်းဆုံးခြေစွမ်းရရှိနေပါတယ်။ အင်ဆိုက်နီဟာ နောက်ဆုံး ငါးပွဲမှာ လေးဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် ဒရေးမာတင် ဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုနဲ့အတူ နာပိုလီတိုက်စစ်က တော်တော်လေး ထက်မြက်နေပါတယ်။

ဒီနေရာမှာ ပြောစရာရှိနေတာက နာပိုလီရဲ့အဝေးကွင်းခြေစွမ်းပိုင်းပါ။ နာပိုလီဟာ အိမ်ကွင်းရောက်ရင် စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်း ရုန်းကန်ရပါတယ်။ တစ်ဖက်မှာ ယူနိုက်တက်နဲ့ပွဲတုန်းက ခြေစွမ်းမျိုးနဲ့ဆိုရင် အေစီမီလန် ခြေစွမ်းက ကျေနပ်လောက်စရာ ခြေစွမ်းမျိုးဖြစ်ပါတယ်။
နာပိုလီဟာ ဇန်နဝါရီလတုန်းက အူဒီးနီးစ်ကို အဝေးကွင်းမှာ အနိုင်ရရှိပြီးတဲ့နောက် ပထမဆုံးအဝေးကွင်းနိုင်ပွဲ ရရှိရေး ကြိုးပမ်းလာမယ်ဆိုပေမယ့် အဝေးကွင်းရောက်ရင် ယုံကြည်လို့မရတာကတော့ ငြင်းစရာမရှိပါဘူး။ ဒီပွဲမှာ အေစီမီလန်ကိုဘဲ ယုံကြည်ရပါမယ်။
ဆီဗီလာ – ဘက်တစ်
ပွဲချိန်
နံနက် ၂ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဆီဗီလာ =-၈၀ (၂-၅၅) ဘက်တစ်
ခန့်မှန်းရလဒ်
၁-၂
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဆီဗီလာဟာ အိုဆာဆူနာကို အဝေးကွင်းမှာ အနိုင်ယူပြီးတဲ့နောက် နောက်ဆုံးလေးပွဲဆက်နိုင်ပွဲပျောက်နေပြီး သုံးပွဲရှုံးနိမ့်ထားပါတယ်။ ယင်းအထဲမှာ နှစ်ပွဲက ဘာစီလိုနာကို လာလီဂါနဲ့ ကိုပါဒယ်ရေးတို့မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာဟာ အယ်လ်ချီကို အံ့ဩဖွယ်ရှုံးနိမ့်ပြီးတဲ့နောက် ဒေါ့မွန်နဲ့သရေကျကာ ချန်ပီယံလိဂ်ကနေ ထွက်ခွာထားရပါတယ်။ အခုဆို ဆီဗီလာအတွက် ပစ်မှတ်တစ်ခုတည်းဘဲ ရှိပါတော့တယ်။ ထိပ်ဆုံးလေးသင်းစာရင်းဝင်ရေး ဖြစ်ပါတယ်။ ရလဒ်ဆိုးတွေဆက်တိုက်ကြုံပြီးတဲ့နောက် အခု တွေ့ရမယ့်ပွဲက ဆဗီးလ်မြို့ခံပြိုင်ဘက် ဘက်တစ်နဲ့ တွေ့ရတာ ဆီဗီလာအတွက် နောက်ထပ် အခက်အခဲတစ်ခု ကျော်ဖြတ်ရမယ့် သဘောမှာ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်မန်စီးတီးနည်းပြဟောင်းပယ်လီဂရီနီဦးဆောင်တဲ့ဘက်တစ်ကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ် တွေမှာ ခြေစွမ်းပိုင်း ရလဒ်ပိုင်း တော်တော်လေးကောင်းမွန်နေတဲ့အသင်းမျိုး ဖြစ်ပါတယ်။ ဘက်တစ်ဟာ နောက်ဆုံး လာလီဂါ ၆ ပွဲမှာ ၅ ပွဲအထိ အနိုင်ရထားပါတယ်။

ဒီနေရာစိတ်ဝင်စားဖို့ကောင်းတာကတော့ ဆီဗီလာရော ဘက်တစ်ပါ ယခုရာသီ လာလီဂါမှာ နောက်ဆုံး ၁၅ မိနစ် အတွင်းမှာ သွင်းယူတဲ့ ဂိုးနဲ့ အမှတ်အများဆုံး ရယူထားတဲ့အသင်းတွေ ဖြစ်ကြပါတယ်။

အခုပွဲမှာ ဆီဗီလာဟာ ရလဒ်ဆိုးရွားမှုကို အဆုံးသတ်ဖို့ ကြိုးစားလာမယ့်အပြင် ဒါဘီပွဲလည်း ဖြစ်တာကြောင့် အားတိုက်အားတိုက် ကြိုးပမ်းလာဖို့ သေချာနေပါတယ်။ ဒါပေမယ့် ဆီဗီလာရဲ့ တိုက်စစ်ကစားပိုင်းက အားရစရာအနေအထားမှာ မရှိတဲ့အပြင် တစ်ဖက်မှာ ဘက်တစ်က ခြေစွမ်းပိုင်း တော်တော်လေး အားရစရာကောင်းနေတဲ့အသင်း ဖြစ်နေပါတယ်။ ဘက်တစ်ကိုဘဲ အပြည့်အဝ ယုံကြည်နေပါတယ်။