
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
ဆန်းဒေးအောင်အောင်

လီဗာပူး – ဖူလ်ဟမ်
ပွဲချိန်
ည ၈ : ၃၀
နံနက်ပိုင်းပေါက်ကြေး
လီဗာပူး ၁-၄၅ (၃+၄၅) ဖူလ်ဟမ်
ခန့်မှန်းရလဒ်
၂-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အားလုံးသိထားတာက လီဗာပူးမှာ ခံစစ်ပြဿနာရှိနေတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ လီဗာပူးခံစစ်က ပြဿနာတစ်ရပ် ဖြစ်မနေပါဘူး။
လီဗာပူးတိုက်စစ်ကပဲ ပြဿနာတစ်ရပ်ဖြစ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လီဗာပူးတိုက်စစ်မှာ အဓိကကျတဲ့ မိုဟာမက်ဆာလာရဲ့ကြိုးစားအားထုတ်မှု နည်းပါးမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ကြားရက်တုန်းက ချဲလ်ဆီးကို အန်ဖီးလ်မှာ ရှုံးနိမ့်ပြီးနောက် လီဗာပူးဟာ ကလပ်သမိုင်းမှာ လိဂ်ပွဲ ၅ ပွဲဆက် ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်ခဲ့ပါတယ်။
အခုပွဲမှာ ဖာဘင်ဟို ပါဝင်လာမှာဖြစ်လို့ လီဗာပူးခံစစ်ပိုင်း တော်တော်ကောင်းမွန်လာပါမယ်။
အခု လီဗာပူးတို့ ရင်ဆိုင်ရမယ့် ဖူလ်ဟမ်ကလည်း ခြေစွမ်းပိုင်း တော်တော်ကောင်းနေတဲ့အသင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဖူလ်ဟမ်ရဲ့တိုက်စစ်ကစားဟန်၊ ခံစစ်ကစားဟန်က ကျေနပ်စရာကောင်းတဲ့ အနေအထားမှာ ရှိပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်မှာ လီဗာပူးကို အနိုင်ယူနိုင်လောက်တဲ့ အရည်အချင်းမျိုး မရှိဘူးလို့ ထင်ပါတယ်။
အိမ်ကွင်းငါးပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ထားရတဲ့ လီဗာပူးတို့ အန်ဖီးလ်မှာ ပြတ်သားတဲ့အနိုင်ရလဒ် ရယူလာမှာ သေချာနေပါတယ်။

မန်စီးတီး– ယူနိုက်တက်
ပွဲချိန်
ည ၁၁ : ၀၀
နံနက်ပိုင်းပေါက်ကြေး
မန်စီးတီး ၁-၂၀ (၃+၃၅) ယူနိုက်တက်
ခန့်မှန်းရလဒ်
ဝ-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
မန်စီးတီးက လက်ရှိအချိန်မှာ ခြေစွမ်းပိုင်း အကောင်းဆုံးအသင်း ဖြစ်ပါတယ်။ အထူးသဖြင့် မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှုပိုင်း အသာစီးရယူပြီး ပြိုင်ဘက်အမှားကိုစောင့်ကာ ဂိုးသွင်းယူတဲ့ အသင်းဆိုရင်လည်း မမှားပါဘူး။
အကောင်းဆုံးတိုက်စစ်က အကောင်းဆုံးခံစစ်ပါ။ လက်ရှိအချိန်မှာ မန်စီးတီးရဲ့ဂိုး၊ နောက်၊ လယ်၊ ရှေ့တန်း အားနည်းချက်မရှိပါဘူး။
ကစားပုံအလွန်ကျစ်လျစ်ပြီး ပြိုင်ဘက်အတွက် ဂိုးသွင်းနိုင်ဖို့ နေရာလွတ် ရှာရ အင်မတန်ခက်ခဲတဲ့အသင်းမျိုး ဖြစ်ပါတယ်။
ဒီပွဲအဖြေက ယူနိုက်တက်အပေါ်မှာ မူတည်နေပါတယ်။ နောက်ဆုံးသုံးပွဲဆက် ဂိုးသွင်းနိုင်ခြင်းမရှိ၊ ဂိုးပေးရခြင်းမရှိတဲ့ ဆိုးလ်ရှားရဲ့ယူနိုက်တက်အနေနဲ့ မန်စီးတီးလို အရည်အသွေး ကွာခြားတဲ့အသင်းမျိုးကို တိုက်စစ်ဆင်ကစားဖို့ စဉ်းစားလာမှာမဟုတ်ပါဘူး။
ဂိုးမပေးရအောင်ကစားပြီး အခွင့်အရေးရရင် ဂိုးသွင်းမယ်ဆိုတဲ့စနစ်နဲ့ ကစားလာဖို့ သေချာနေပါတယ်။
ရှေ့မှာ ပြောထားသလို ခံစစ်ပိုင်းက ဂိုးမပေးရပေမယ့် ဂိုးမသွင်းနိုင်တာက ယူနိုက်တက်ရဲ့အားနည်းချက်ဆိုတာ ပြသနေပါတယ်။
ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို မှန်းနေတယ် မထင်ပါဘူး။ ဆိုးလ်ရှားရဲ့အဓိကရည်မှန်းချက်က ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၂ နေရာလို့ ယူဆပါတယ်။
ဒါကြောင့် ဆိုးလ်ရှားဟာ မန်စီးတီးကို သူတင်ကိုယ်တင် တိုက်စစ်ကစားလာဖို့မရှိပါဘူး။ ပွဲချိန်ပြည့် ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်နဲ့ပဲ အားပြုလာပါမယ်။
တစ်ဂိုးတည်းနဲ့ ကပ်ရှုံးရင်တောင် ပါးပါးလေး ရလာဦးမယ့် ယူနိုက်တက်နဲ့ ရပ်တည်ပါမယ်။

ဗီရိုနာ – အေစီမီလန်
ပွဲချိန်
ည ၈ : ၃၀
နံနက်ပိုင်းပေါက်ကြေး
ဗီရိုနာ (၂-၉၆) = -၆၅ အေစီမီလန်
ခန့်မှန်းရလဒ်
၁-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဗီရိုနာဟာ ရာသီအစတုန်းက ခြေစွမ်းပြရနေတာ တွေ့ရပါတယ်။ အထူးသဖြင့် ခံစစ်ပိုင်းပါ။ ရာသီအစတုန်းက မြင်တွေ့ခဲ့ရတဲ့ ဗီရိုနာရဲ့ခံစစ်ကစားပုံကျစ်လျစ်မှုမျိုး ပြန်လည်မြင်တွေ့လာရပါတယ်။
တစ်ဖက်မှာ ဗီရိုနာရဲ့တိုက်စစ်ပိုင်းက ကျေနပ်စရာကောင်းတဲ့ အနေအထားမှာမရှိပါဘူး။ နောက်ဆုံးလေးပွဲဆက် ရှုံးပွဲမရှိမှုနဲ့အတူ ဗီရိုနာရဲ့တစ်ပွဲပျမ်းမျှသွင်းဂိုးပမာဏ မြင့်တက်လာတယ်ဆိုပေမယ့် တိုက်စစ်အတွက် ဇက်ကာဂနီ၊ လာဆာဂနာတို့ကလွဲပြီး အားကိုးစရာမရှိပါဘူး။
တစ်ဖက်မှာ ရာသီဝက်ချန်ပီယံ အေစီမီလန်ကလည်း ၂၀၂၁ ခုနှစ်မှာ ရှုံးပွဲလေးပွဲအထိရှိထားပြီး ဖြစ်ပါတယ်။ အေစီမီလန်ရဲ့စကူဒက်တိုချန်ပီယံအိပ်မက်က တဖြည်းဖြည်း ဝေးသထက် ဝေးလာနေပါတယ်။
ယခုပွဲမှာ ကယ်ဟန်နိုဂလူ၊ အီဘရာဟီမိုဗစ်တို့ မပါဝင်ဖို့ သေချာနေမှုနဲ့အတူ အေစီမီလန်ရဲ့ဂိုးရနိုင်ရေး ဖန်တီးမှု၊ ဂိုးရနိုင်ရေး ကြိုးပမ်းမှုက အားနည်းလာပါမယ်။
အေစီမီလန်ရဲ့အဓိကကစားသမားတွေ မပါဝင်မှုနဲ့အတူ သူတင်ကိုယ်တင်ကစားနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အပြင် အိမ်ကွင်းရလဒ်က ကျေနပ်စရာရှိတဲ့ ဗီရိုနာကိုပဲ နှစ်သက်ပါတယ်။

အက်သလက်တီကို– ရီးရဲလ်မက်ဒရစ်
ပွဲချိန်
ည ၉ : ၄၅
နံနက်ပိုင်းပေါက်ကြေး
အက်သလက်တီကို= -၁၅ (၂-၂၀) ရီးရဲလ်မက်ဒရစ်
ခန့်မှန်းရလဒ်
၁-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
မက်ဒရစ်ဒါဘီပွဲက မန်ချက်စတာဒါဘီထက် ပိုပြီးတော့ ပျင်းစရာကောင်းတဲ့ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။
မန်ချက်စတာဒါဘီမှာ ယူနိုက်တက်က ခံစစ်မှာ ပိတ်ဆို့ကစားရင်း ပြီးဆုံးဖို့ ရှိသလို မက်ဒရစ်ဒါဘီမှာလည်း ရီးရဲလ်မက်ဒရစ်က ခံစစ်အားပြုကစားလာဖို့ ရှိနေပါတယ်။
အခုအချိန်မှာ နှစ်သင်းလုံးက အကောင်းဆုံးအနေအထားမှာ မရှိပါဘူး။အက်သလက်တီကို သုံးပွဲဆက် နိုင်ပွဲပျောက်ပြီးမှ ဗီလာရီးရဲလ်ကို အဝေးကွင်းမှာ အနိုင်ယူထားနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ်ကလည်း လေးပွဲဆက် အနိုင်ရယူထားမှုက ဆိုစီဒက်ကို သရေကျပြီး နိုင်ပွဲရပ်သွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်အားပြုကစားတဲ့ အသင်းဆိုပေမယ့် နောက်ဆုံးပိုင်းမှာ ခံစစ်ကိုပဲ အားပြုကစားလာပါတယ်။ ခံစစ်ကို ပိုပြီးတော့ ကျစ်ကျစ်လျစ်လျစ်တည်ဆောက်ပြီး ဂိုးရဖို့ ချောင်းကစားတဲ့အသင်းမျိုး ဖြစ်နေပါတယ်။
အခုပွဲမှာ နှစ်သင်းလုံးက ခံစစ်အားပြုကာ ကစားလာမှုနဲ့အတူ ဧရိယာအပြင်ဘက်ကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားလာဖို့ သေချာနေပါတယ်။
အိမ်ကွင်းအကောင်းဆုံးအသင်းနဲ့ အဝေးကွင်းအကောင်းဆုံးအသင်းစာရင်းဝင် ရီးရဲလ်မက်ဒရစ်ရဲ့မက်ဒရစ်ဒါဘီပွဲက သရေနဲ့အဆုံးသတ်ဖို့ များပါတယ်။ အောက်ကြေးဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကိုပဲ ကြိုက်ပါတယ်။