
စူပါဆန်းဒေး အကြိုက်ဆုံး ၄ ပွဲ
✍ ဆန်းဒေးအောင်အောင်

နာပိုလီ – ဆမ်ဒိုးရီးယား
ပွဲချိန်
ည ၈း၃၀
နံနက်ပိုင်းပေါက်ကြေး
နာပိုလီ ၁-၇၀ (၃-၁၀) ဆမ်ဒိုးရီးယား
ခန့်မှန်းရလဒ်
၃-၁
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
နည်းပြ ဂတ်တူဆိုရဲ့အသင်းဟာ စီးရီးအေ နောက်ဆုံး ၂ ပွဲဆက်တိုက် အနိုင်ရထားပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ရိုးမားကို ၄ ဂိုးပြတ် အနိုင်ရထားတဲ့ခြေစွမ်းက အထင်ကြီးစရာကောင်းပြီး ဒဏ်ရာပြဿနာတွေ လည်း သိပ်မရှိပါဘူး။
ဝါရင့်နည်းပြကြီး ရာနီရေရီရဲ့ဆမ်ဒိုးရီးယားကတော့ စီးရီးအေ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ကာ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
နာပိုလီရဲ့၁-၇၀ ဆိုတဲ့ကြေးက ပြင်းလွန်းပြီး ဆမ်ဒိုးရီးယားရဲ့ခံစစ်ပေါက်ထွက်နေလို့ နေပယ်မှာ နာပိုလီနဲ့ ရပ်တည်ချင်ပါတယ်။

ပဲလေ့စ် – စပါး
ပွဲချိန်
ည ၈း၄၅
နံနက်ပိုင်းပေါက်ကြေး
ပဲလေ့စ် (၂-၁၀၀) ၁+၂၅ စပါး
ခန့်မှန်းရလဒ်
၁-၃
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ဘန်လေနဲ့ နယူးကာဆယ်ကို ၂ ပွဲဆက်ရှုံးပြီးမှ ဝက်စ်ဘရွန်းကို ၅-၁ ဂိုးနဲ့ ပြန်အနိုင်ရထားတဲ့ ပဲလေ့စ်မှာ နသန်ဖာဂူဆန်၊ ဟန်နက်ဆေး၊ ကွန်နာဝစ်ခ်ဟမ်းတို့ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရပါတယ်။
စပါးမှာတော့ လာမယ်လာ ပါဝင်နိုင်ခြင်း မရှိပေမယ့် ယူရိုပါလိဂ်မှာ အနားပေးထားတဲ့ ဟော့ဂျက် ပြန်ပါလာမှာဖြစ်လို့ ပဲလေ့စ်နောက်တန်း မလွယ်ပါဘူး။
ပဲလေ့စ်တိုက်စစ်မှာ ဇာဟာ ခြေစွမ်းပြဂိုးသွင်းနေပေမယ့်လည်း ဗန်အန်ဟော့၊ မစ်ချဲလ်၊ စကော့ဒန်း၊ ရှလက်ပ်တို့ပါဝင်တဲ့ နောက်တန်းက အားရစရာမရှိလို့ ဆွန်ဟောင်မင်နဲ့ ဟယ်ရီကိန်း တိုက်စစ်အတွဲကို ထိန်းချုပ်နိုင်ဖို့ မလွယ်ပါဘူး။
စပါးရဲ့၁+၂၅ ဆိုတဲ့ ဖွင့်လှစ်မှုက သံသယရှိစရာကောင်းပေမယ့်လည်း ကစားသမားအင်အားအရ စပါယ်ရှယ်ဝမ်းရဲ့စပါးကိုပဲ ကြိုက်ပါတယ်။

အာဆင်နယ် – ဘန်လေ
ပွဲချိန်
ည ၁း၄၅
နံနက်ပိုင်းပေါက်ကြေး
အာဆင်နယ် ၁-၂၀ (၂-၁၀၀) ဘန်လေ
ခန့်မှန်းရလဒ်
၂-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
ယူရိုပါလိဂ်မှာ ပွဲတိုင်းအနိုင်နဲ့ ၃၂ သင်းရှုံးထွက်အဆင့် တက်ရောက်သွားတဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်ရတော့မှာဖြစ်ပြီး ဒေးဗစ်လူးဝစ်ဇ်လည်း ပြန်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲပျောက်ပြီး အဲဒီ ၄ ပွဲမှာ ၁ မှတ်သာရထားတဲ့ အာဆင်နယ်ဟာ အဆင့် ၁၅ အထိ ကျဆင်းသွားပြီး နည်းပြ အာတီတာအနေနဲ့ နိုင်ပွဲပြန်ရဖို့ မဖြစ်မနေ ရှာဖွေရတော့မှာပါ။
ရှောင်ဒိုက်ချ်ရဲ့ဘန်လေကတော့ လိဂ်နောက်ဆုံး ၁၀ ပွဲမှာ ပဲလေ့စ်ကိုသာ အနိုင်ရခဲ့ပြီး ၆ ပွဲရှုံး၊ ၃ ပွဲသရေ ကျထားပါတယ်။
တိုက်စစ်မှာ ခရစ္စဝုဒ်ကိုသာ အားထားနေရပြီး ဘားနက်စ်၊ ဂျေးရိုဒရီဂွက်ဇ်၊ မက်နေးလ်တို့က ဂိုးမသွင်းနိုင်သေးပါဘူး။
အာဆင်နယ်က ၁-၂၀ ဖွင့်လှစ်ထားပြီး အနိုင်ရမှ အသက်ရှူချောင်နိုင်တော့မယ့် အာဆင်နယ်ကို ရွေးချယ်ချင်ပါတယ်။

ဘာစီလိုနာ – လီဗန်တေး
ပွဲချိန်
ည ၂း၃၀
နံနက်ပိုင်းပေါက်ကြေး
ဘာစီလိုနာ ၂+၅၀ (၄+၅၀) လီဗန်တေး
ခန့်မှန်းရလဒ်
၃-ဝ
အွန်လိုင်းမှ ကစားနိုင်သည့်ဆိုက်
အမှတ်ပေးဇယား အဆင့် ၉ အထိ ကျဆင်းသွားတဲ့ ဘာစီလိုနာဟာ နောက်ဆုံး ၂ ပွဲဆက် ကာဒစ်ဇ်နဲ့ ဂျူဗင်တပ်စ်တို့ကို ရှုံးထားလို့ နည်းပြကိုးမန်းလည်း ဖိအားဝင်နေပါတယ်။
အသင်းကြီးတစ်သင်းအနေနဲ့ ဒီလိုအဆင့်ရောက်မယ်လို့ ဘယ်သူကမှ ထင်မှတ်ထားခြင်းမရှိသလို မက်ဆီကလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေပါတယ်။
အဆင့် ၁၈ နေရာက လီဗန်တေးဟာ လာလီဂါ နောက်ဆုံး ၆ ပွဲဆက်တိုက် မရှုံးသေးဘဲ ထူးခြားချက်က ၅ ပွဲက တစ်ဂိုးစီသရေကျခဲ့ပြီး နောက်ဆုံးပွဲမှာ တော့ ဂီတာဖေးကို ၃ ဂိုးပြတ် အနိုင်ရထားတာပါပဲ။
ဘာစီလိုနာဟာ လီဗန်တေးကို နောက်ဆုံးဧည့်ခံတဲ့ လာလီဂါ ၂ ပွဲဆက်တိုက် အနိုင်ရထားတယ်ဆိုပေမယ့်လည်း ၂ ဂိုးပြတ်တဲ့ပွဲ မရှိသေးဘဲ ကပ်နိုင်ထားတာပဲ ရှိပါတယ်။
ခြေစွမ်းကျနေချိန်မှာ ဘာစီလိုနာက ၂+၅၀ အထိ ခပ်ပြင်းပြင်း အကျောပေးထားပြီး ဒီတစ်ကြိမ်မှာတော့ ကိုးမန်းရဲ့အသင်း ဂိုးပြတ်နိုင်မယ်လို့ ထင်ပါတယ်။
(ယခုဆောင်းပါးအတွက် Mgw-88 sportbooks မှ အဓိက ကူညီပံ့ပိုးပါသည်)