
စီးရီးအေ တနင်္လာနေ့ညက ဂိုးမြူးတဲ့ ည ဖြစ်လာလိမ့်မယ်
တနင်္လာနေ့ည စီးရီးအေပွဲစဉ် ၉ သုံးသပ်ချက်
တိုရီနို – ဆမ်ဒိုးရီးယား (ည ၁၂:၀၀ နာရီ)
စီးရီးအေ နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်နေတဲ့ တိုရီနိုအတွက် ဒီပွဲမှာ အနိုင်ရရှိရေးက အလွန်အရေးပါနေပါတယ်။ တိုရီနိုဟာ ယခုရာသီစတင်ကတည်းက စီးရီးအေမှာ နိုင်ပွဲတစ်ပွဲ တည်းဘဲ ရရှိထားပါတယ်။ တိုရီနိုအတွက် ထိုးနှက်ချက်တစ်ခုကတော့ အင်ဒရေဘီလော့တီနှင့် ဆီမြွန်နီဗာဒီတို့ ပါဝင်ဖို့ မသေမချာ ဖြစ်နေတာပါ။ ဒါ့အပြင် တိုရီနိုမှာ ကိုဗစ်ကူးစက်ခံထားရတဲ့ ကစားသမား ၅ ဦးအထိ ရှိနေပါတယ်။

ဆမ်ဒိုးရီးယားမှာ ကီတာဘိုင်ဒီနှင့် အိုမာ ကိုလ်လီတို့နှစ်ဦးကလွဲရင် အားလုံး လူစုံတက်စုံ ရှိနေပါတယ်။
အခုပွဲစဉ်က ခံစစ်အမှားပြိုင်မယ့်ပွဲလို့တောင် ပြောလို့ရပါတယ်။ နှစ်သင်းစလုံးက ခံစစ် မကောင်းပါဘူး။ တိုရီနိုက တိုက်စစ်ကစားပုံကောင်းပြီး ဂိုးရသလို ခံစစ်ကလည်း တော်တော်ဆိုးပါတယ်။ ဆမ်ဒိုးရီးယားကလည်း နောက်တန်းတော်တော်ဆိုးပါတယ်။ အထူးသဖြင့်ဆမ်ဒိုးရီးယားဟာ စီးရီးအေ အဝေးကွင်း နောက်ဆုံး ၁၄ ပွဲဆက် ဂိုးပေးထားရပါတယ်။
ယခုပွဲကို တိုရီနိုက သရေ ၃၀ ပေးထားပါတယ်။ ဂိုးပေါင်းက ၃ လုံး ၆၀ အနိုင် ဖြစ်ပါတယ်။ တိုရီနိုနဲ့ ဂိုးပေါင်းအပေါ်ဘက်က ရပ်တည်တာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။
ဂျီနိုအာ – ပါးမား (နံနက် ၂:၁၅)
ဂျီနိုအာရော ပါးမားပါ စီးရီးအေကနေ တန်းမဆင်းရရေး တိုက်ပွဲဝင်နေကြပါတယ်။ ဒါကြောင့် ဒီပွဲက တန်းမဆင်းရရေးတိုက်ပွဲမှာ အလွန်အရေးပါလာပါတယ်။

ဂျီနိုအာဟာ ရလဒ်ဆိုးရွားမှုကြောင့် အားကစားဒါရိုက်တာ ဒါနီလီဖာဂီယာနိုကို ထုတ်ပယ်ပြီး ဖရန်ဆစ္စကိုမာရိုကူကိုခန့်အပ်ထားပါတယ်။ ဂျီနိုအာမှာ ပီရန်အပါအဝင် ကစားသမား ခြောက်ဦး ဒဏ်ရာရရှိထားပါတယ်။ ဂျီနိုအာဟာ အမှတ်ပေးဇယား ကြမ်းခင်းက ခရိုတုန်းနဲ့ ၃ မှတ်ဘဲ ကွာတဲ့အသင်း ဖြစ်ပါတယ်။
ပါးမားမှာလည်း ပီဇယ်လာ၊ ဆွမ်း၊ မီဟာလီယာ၊ ဆိုင်ပီရန်တို့ ဒဏ်ရာရရှိထားကာ ယခုပွဲကို လွဲချော်ဖို့ သေချာနေပါတယ်။ ပါးမားဟာ ယခုရာသီမှာ အချို့ပွဲတွေမှာ ခြေစွမ်းကောင်းပြီး တစ်ချို့ပွဲတွေမှာ နောက်တန်း တော်တော်ဆိုးရွားတာ တွေ့ရပါတယ်။ သူတို့ဟာ စီးရီးအေမှာ တစ်ပွဲတည်းဘဲ အနိုင်ရရှိထားပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာမှာဘဲ ရပ်တည်နေတာပါ။
ယခုပွဲမှာ ဂျီနိုအာက သရေ ၁၀ အရှုံးပေးထားပြီး ဂိုးပေါင်းက ၂ လုံး ၇၀ အရှုံး ဖြစ်ပါတယ်။ အိမ်ကွင်းမှာ အနိုင်ရဖို့ကြိုးစားလာမယ့် ဂျီနိုအာနဲ့ ဂိုးပေါင်းအပေါ်ဘက်က ရပ်တည်တာ အကောင်းဆုံးပါ။