စီးရီးအေအဖွင့်ပွဲမှာ ဂျူဗီနဲ့ဆမ်ဒိုးရီးယား တွေ့ဆုံ

၂၀၂၀-၂၀၂၁ စီးရီးအေပွဲစဉ်ဇယား ထွက်ပေါ်လာပြီဖြစ်ရာ လက်ရှိချန်ပီယံ ဂျူဗင်တပ်စ်သည် ပွဲစဉ် ၁ အဖြစ် စက် တင်ဘာ ၂၀ ရက်တွင် ဆမ်ဒိုးရီးယားအား ဧည့်ခံကစားရမည် ဖြစ်သည်။

ဂျူဗင်တပ်စ်သည် ဆမ်ဒိုးရီးယားကို နောက်ဆုံးဧည့်ခံကစားထားသည့် အိမ်ကွင်း ၅ ပွဲစလုံး အနိုင်ရထားပြီး ယခုပွဲ က ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်လာနိုင်သည်။

ပွဲစဉ် ၁ တွင် အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်ပွဲများ မပါဝင်ဘဲ ယမန်နှစ်ရာသီက ဂျူဗင်တပ်စ်ထက် ၁ မှတ်လျော့ကာ ဒုတိယနေရာနှင့်သာ ကျေနပ်ခဲ့ရသည့် အင်တာမီလန်က စီးရီးဘီချန်ပီယံ ဘီနီဗန်တိုနှင့် အဝေး ကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲစဉ် ၁ ၏ အကြိတ်အနယ်ဖြစ်လာနိုင်သည့် ပွဲစဉ်က ယမန်နှစ်ရာသီက အဆင့် ၃ နှင့် ၄ နေရာရခဲ့သော အတ္တလန္တာ နှင့် လာဇီယိုပွဲစဉ်ဖြစ်ပြီး လာဇီကွင်းတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အခြား ထိပ်သီးအသင်းများဖြစ်သည့် အေစီမီလန်က ဘိုလော့ဂ်နာကို အိမ်ကွင်း၊ နာပိုလီက ပါးမားကို အဝေးကွင်း၊ ရိုးမားက ဗီရိုနာကို အဝေးကွင်းတို့တွင် အသီးသီး ကစားရမည်ဖြစ်သည်။

စက်တင်ဘာ ၂၇ ရက်တွင် ကစားမည့် ပွဲစဉ် ၂ တွင် ရိုးမားနှင့် ဂျူဗင်တပ်စ်တို့ ထိပ်တိုက်တွေ့ဆုံနေပြီး ရောမတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

စီးရီးအေ ပွဲစဉ် ၁

၂၀-၉-၂၀၂၀

ဘီနီဗန်တို – အင်တာမီလန်
ဖီအိုရင်တီးနား – တိုရီနို
ဂျီနိုအာ – ခရိုတိုနီ
ဂျူဗင်တပ်စ် – ဆမ်ဒိုးရီးယား
လာဇီယို – အတ္တလန္တာ
အေစီမီလန် – ဘိုလော့ဂ်နာ
ပါးမား – နာပိုလီ
ဆာဆူအိုလို – ကက်ဂလီယာရီ
အူဒီးနိစ် – စပီဇီယာ
ဗီရိုနာ – ရိုးမား

Ref:football-italia

Facebook Comments Box
Facebook Comment