စီးရီးအေပွဲများအား ပရိသတ်မပါဘဲ ကစားရန် အီတလီဝန်ကြီးချုပ် အမိန့်ထုတ်

အီတလီနိုင်ငံအတွင်းတွင် ကိုဗစ်ကူးစက်သူပမာဏ မြင့်မားလာမှုနှင့်အတူ အီတလီဝန်ကြီးချုပ်ဂူဆက်ပီကွန်တီသည် အားကစားပွဲများအား ကန့်သတ်မှုအသစ် ပြုလုပ်လာပြီး ပရိသတ်မပါဘဲ တံခါးပိတ်ကစားရန် အမိန့်ထုတ်လိုက်သည်။

စီးရီးအေပွဲစဉ်များသည် ပရိသတ် ၁၀၀၀ ဝင်ကြည့်ခွင့်ပေးလာခဲ့သော်လည်း အီတလီဝန်ကြီးချုပ်၏အမိန့်ကြောင့် လာမည့်အပတ်မှ စတင်၍ ပရိသတ်မပါဘဲ ကစားရတော့မည် ဖြစ်သည်။ ထို့အပြင် အီတလီဝန်ကြီးချုပ်သည် အပျော်တမ်း အားကစားပြိုင်ပွဲအားလုံးကိုလည်း ရပ်ဆိုင်းရန် အမိန့်ထုတ်ခဲ့သည်။

ထို့ကြောင့် စီးရီးအေ၊ စီးရီးဘီ၊ စီးရီးစီ၊ စီးရီးဒီကလပ်များအနေဖြင့် ဘောလုံးပွဲများ ဆက်ကစားခွင့် ရရှိခဲ့သည်။

သို့ရာတွင် ကိုယ်ကာယလေ့ကျင့်ခန်းရုံ၊ ရေကူးကန်တို့အပြင် ကျောင်းတွင် ပြုလုပ်သည့် အားကစားလှုပ်ရှားမှုကိုလည်း ရပ်ဆိုင်းလိုက်ရပြီ ဖြစ်သည်။

ထို့အပြင် အီတလီအစိုးရက မလိုဘဲ ခရီးမသွားရန် ညွှန်ကြားထားသလို ကာစီနိုရုံ၊ ကစားကွင်း၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံတို့ကိုလည်း ပိတ်ရန် ညွှန်ကြားထားသည်။

အီတလီအစိုးရက အီတလီသို့ လာရောက်သည့် ခရီးသည်တိုင်းသည် ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးမှု အဖြေပြသနိုင်မှသာ ဝင်ရောက်ခွင့်ပေးထားသည်။ စားသောက်ဆိုင်များ၊ ဘားများ၊ ကော်ဖီဆိုင်များကိုလည်း ပိတ်ရက်နှင့် တနင်္ဂနွေနေ့တို့တွင် ပိတ်ရန် ညွှန်ကြားထားသလို ဖွင့်ချိန်ကိုလည်း နံနက် ၅ နာရီမှ ညနေ ၆ နာရီအထိသာ ဖွင့်ခွင့်ပေးထားသည်။

Facebook Comments Box
Facebook Comment