စီးရီးအေပြိုင်ပွဲအား Final Eight စနစ်ဖြင့် ကျင်းပရန် အီတလီဘောလုံးအဖွဲ့ချုပ် စီစဉ်နေ

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရီရယ်ဂရာဗီနာက စီးရီးအေပြိုင်ပွဲကို စနစ်သစ်ဖြင့် ကျင်းပရန် စီစဉ်နေပြီး အဆင့် သုံးဆင့်နှင့် Final Eight စနစ်ဖြင့် ကျင်းပကာ ပွဲတိုင်းကို လူများ စိတ်ဝင်စားလာအောင် လုပ်ဆောင်ရေး စဉ်းစားထားကြောင်း ပြောကြားလိုက်သည်။

တစ်ကမ္ဘာလုံးမှ လိဂ်ပြိုင်ပွဲများမှာ နှစ်ကျော့စနစ်ဖြင့် ကစားစေပြီး အမှတ်စနစ်ဖြင့် ကစားကာ အမှတ်အများဆုံးရသည့်ကလပ်က ချန်ပီယံဖြစ်သည့်စနစ်ကို ကျင့်သုံးနေပါသည်။ သို့ရာတွင် အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌသည် စီးရီးအေပြိုင်ပွဲကို လူများစွာ စိတ်ဝင်စားလာစေရေး၊ အပတ်အစဉ်အပတ်တိုင်း ပြိုင်ဆိုင်မှု ပြင်းထန်လာစေရေးအတွက် ပြိုင်ပွဲစနစ်အား အပြောင်းအလဲလုပ်ရန် ဆန္ဒရှိနေသည်။

ဂရာဗီနာက “ချန်ပီယံရှစ်ကို အဆင့် ၃ ဆင့်နဲ့ကျင်းပဖို့ စဉ်းစားနေပါတယ်။ ပြီးတော့မှ စကူဒက်တိုအတွက် Final Eight စနစ်ဖြင့် ကစားစေပါမယ်။ ကျွန်တော်တို့က အပတ်စဉ်အပတ်တိုင်းပြိုင်ဆိုင်မှုပြင်းထန်စေဖို့အတွက် ရည်ရွယ်ပြီးပြောင်းလဲစေချင်တာပါ။အခုပြိုင်ပွဲစနစ်က အရှုံး/အနိုင်ကအဆုံးအဖြတ်မဟုတ်တော့ပရိသတ်တွေကိုဆုံးရှုံးရနိုင်ပါတယ်။တစ်ခုရှိတာကတော့လက်ရှိအနေအထားရပြိုင်ပွဲစနစ်ပြောင်းလဲကျင်းပဖို့ကလုံးဝမဖြစ်နိုင်သေးပါဘူး”ဟု ပြောကြားသွားသည်။

၂၀၁၉-၂၀ ရာသီ ချန်ပီယံလိဂ်နှင့်ယူရိုပါလိဂ်တို့၏လက်ကျန်ပွဲများကို Final Eight စနစ်ဖြင့် ကျင်းပခဲ့ပြီး ပရိသတ်ဝင်ကြည့်မရမှုနှင့်အတူ ရုပ်သံမှကြည့်သူပမာဏမှာ များစွာ မြင့်မားခဲ့သည်။

Facebook Comments Box
Facebook Comment