စီးရီးအေတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေမှုနှင့်ကွင်းများ ပြန်ဖွင့်ရန် ခက်ခဲလာပြန်

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရယ်လီဂရာဗီနာက အီတလီရှိကွင်းများသို့ ပရိသတ်များ လာရောက်ကြည့်ခွင့်ရရှိရေးအား အခြေအနေ အားလုံးတည်ငြိမ်သွားချိန်အထိ စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။


စီးရီးအေကလပ်များသည် ၂၀၂၀-၂၁ ရာသီသစ်အတွက် ရာသီကြိုလေ့ကျင့်ခန်းမဆင်းမီ ကစားသမားများအား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိ/မရှိ စစ်ဆေးမှု ပြုလု်ပရာခဲ့ရာ အသင်း အမြောက်အမြားတို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။


လက်ရှိအချိန်တွင် ကမ္ဘာ့တဝှမ်းလုံး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု သိသိသာသာ လျှော့ကျ သွားခြင်း မရှိသေးသော်လည်း သေဆုံးမှုပမာဏမှု သိသာစွာ လျှော့ကျနေသည်။
အီတလီကလပ်များသည် လာမည့် စက်တင်ဘာလနှောင်းပိုင်းတွင် ကွင်းများ ပြန်ဖွင့်ကာ ပရိသတ်များအား ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့်ပေးရေး မျှော်လင့်နေသော်လည်း ရာသီမစတင်မီ အချိန်တွင်ပင် ကူးစက်ခံရမှုများ ရှိနေခြင်းကြောင့် မျှော်လင့်ချက် နည်းပါးနေသည်။


ဂရာဗီနာက “ နိုင်ငံတကာအခြေအနေကိုလည်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ တာဝန်ယူမှုကင်းမဲ့မှုအပေါ် အရမ်းစိုးရိမ်ခဲ့တယ်။ ဒါမျိုး လုံးဝ မဖြစ်အောင် ရှောင်ကျဉ်သွားရပါမယ်။ ကံဆိုးတာက ကူးစက်မှုအခြေအနေက အနေအထားပိုကောင်းအောင် လုပ်ဖို့ ခက်ခဲနေစေပါတယ်။ ပရိသတ်မပါတဲ့ ဘောလုံးက အနှစ်သာရမဲ့ပါတယ်။ ဒါပေမယ့် အခြေအနေမှန်ကို ကျွန်တော်တို့ နားလည်ရပါမယ်။ ကိုယ့်ဘက်က အမြဲတမ်း အဆင်သင့်ဖြစ်အောင် လုပ်ပြီးစောင့်ရပါမယ်။ အခြေအနေကောင်းလာပြီဆိုတာနဲ့ ပရိသတ်တွေ ကွင်းထဲဝင်လာနိုင်ဖို့ အားလုံး အဆင်သင့်ဖြစ်အောင် လုပ်ထားရပါမယ်”ဟု ပြောကြားသွားသည်။

Ref:footballitalian

Facebook Comments Box
Facebook Comment