စိတ်ပြောင်းသွားပြီးနောက် ဘာစီလိုနာတွင် မက်ဆီ ဆက်ရှိရန် ၉၀ ရာခိုင်နှုန်း သေချာနေပြီ

အာဂျင်တီးနားမီဒီယာများ၏ ဖော်ပြချက်အရ လီယွန်နယ်မက်ဆီသည် စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့် ၂၀၂၁ ခုနှစ် နွေရာသီအထိ ဘာစီလိုနာတွင် ဆက်ရှိနေရန် ၉၀ ရာခိုင်နှုန်း သေချာနေကြောင်း သိရသည်။

TyC Sports ၏ဖော်ပြချက်အရ မက်ဆီသည် ဘာစီလိုနာမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလိုခဲ့သော်လည်း စာချုပ်ပါအချက်မှာ အကျုံးဝင်ခြင်း မရှိတော့၍ ဘာစီလိုနာတွင်ပင် ဆက်နေရေးကို လက်ခံဖွယ် ရှိနေသည်။

အထူးသဖြင့် မက်ဆီသည် ဘာစီလိုနာမှ ထွက်ခွာရေး အတင်းကြိုးပမ်းမှုမှာ တရားရုံးတွင် နှစ်ဖက်စလုံး ရုပ်ပျက်ဆင်းပျက်ဖြင့် ဖြစ်လာနိုင်သည့် အခြေအနေ မျိုးတွင် ရှိနေပြီး စာချုပ်သက်တမ်းကုန်ဆုံးမည့် လာမည့် ၂၀၂၁ ခုနှစ်၊ နွေရာသီတွင်မှ ထွက်ခွာရန် စိတ်ပြောင်းလာခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းက ဘာစီလိုနာသို့ မက်ဆီအပြောင်းအရွှေ့နှင့် ပတ်သက်၍ ရောက်ရှိလာသည့် ဖခင်ဖြစ်သူ အေးဂျင့်ဂျော့က အာဂျင်တီးနား ကစားသမားမှာ ဘာစီလိုနာတွင် ရှိနေရန် အလွန်ခက်ခဲနေကြောင်း ပြောကြားခဲ့ဖူးသည်။

သို့ရာတွင် လက်ရှိအချိန်တွင် မည်သည့်ကလပ်မှ မက်ဆီကို စာချုပ်ပါအချက်အတိုင်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ ပေးကာ ခေါ်ယူနိုင်သည့် အခြေအနေမျိုးတွင် မရှိချေ။

ထို့ကြောင့် မက်ဆီ၏ဘာစီလိုနာမှ ထွက်ခွာရေး လုပ်ဆောင်မှုတွင် ရှေ့နေအဖွဲ့၏ လုပ်ဆောင်မှုမှာ အလွန်အရေးပါလျက်ရှိသည်။

လာလီဂါလိဂ်အဖွဲ့ချုပ်ကမူ မက်ဆီမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် မရှိဘဲ စာချုပ်ပါ အချက်အတိုင်း ပြောင်းရွှေ့ကြေး ယူရိုသန်း ၇၀၀ ဖြင့်သာ ထွက်ခွာနိုင်မည်ဟု ပြောကြားကာ ဘာစီလိုနာဘက်မှ ရပ်တည်ထားသည်။

လတ်တလောအနေအထားအရ မက်ဆီနှင့် ဘာစီလိုနာတို့၏အခြေအနေမှာ မည်သည့် ဖြစ်လာမည်ကို ခန့်မှန်းရခက်ခဲနေဆဲဖြစ်သော်လည်း မက်ဆီ၏ စာချုပ်ပါအချက် တစ်ခု ဖြစ်သည့် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရှိသည့် အချက်မှာ တရားရုံး တိုက်ပွဲတွင် အဆုံးအဖြတ်ဖြစ်လာရန် သေချာနေသည်။

Facebook Comments Box
Facebook Comment