စပိန်မှာပြန်တွေ့မယ်

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယအကျော့ မိမိတို့အိမ်ကွင်းပွဲ၌ အင်္ဂလန်ကလပ်အနေဖြင့် နာကျင်မှုနှင့် ရင်ဆိုင်ရမည်ဟု ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီက သတိပေးလိုက်သည်။

ကွာတားဖိုင်နယ်တွင် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အား ဖြုတ်ချလာသော ဗီလာရီးရဲလ်သည် အန်ဖီးလ်ပွဲစဉ်၌ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးပေါက်ကန်သွင်းမှု အစစအရာရာ နိမ့်ပါးခဲ့သည်။

ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းခွင့် ၁ ကြိမ်သာရကာ ဂိုးပေါက်တည့်ကန်ချက်လည်း တကြိမ်မှမရှိခဲ့ပေ။

စပိန်သားအမ်မရီက လီဗာပူးလ်သည် နိုင်ပွဲနှင့်ထိုက်တန်သော်လည်း မိမိမတို့အိမ်ကွင်း ဆီရာမီကာတွင် အကြီးအကျယ် ဒုက္ခတွေ့ရမည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။

“လီဗာပူးလ်ရဲ့ အောင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှမပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အနိုင်ရလဒ်နဲ့ ထိုက်တန်လို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် ရလဒ်ကောင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့က အိမ်ကွင်းမှာ ပရိသတ်တွေနဲ့အတူ မတူကွဲပြားတဲ့ အိပ်မက်တွေကိုမက်နိုင်ဖို့ ကြိုးစားသွားမှာပါ။

လာမယ့်တပတ်မှာကစားမယ့်ပွဲက ဒီနေ့ညလိုမဟုတ်ဘဲ အရမ်းအရမ်းကို ကွဲပြားခြားနားတဲ့ ပွဲတပွဲဖြစ်လာမယ်ဆိုတာ ပြောချင်ပါတယ်” ဟု အမ်မရီက ဆိုသည်။

Ref:talksport

Facebook Comments Box
Facebook Comment