
စပါးနဲ့ အာဆင်နယ်တို့ရဲ့နိုင်ပွဲတွေနဲ့အတူ ရင်ခုန်ရအောင်
ပရီးမီးယားလိဂ် ပွဲစဉ် ၈ စူပါဆန်းဒေး ပွဲကြိုသုံးသပ်ချက်

ဝက်စ်ဘရွန်း Vs စပါး
ည ၆း၃၀ နာရီ(ဟော်သွန်းစ်)
ဝက်စ်ဘရွန်းကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၅-၅-၂၀၁၈ ဝက်စ်ဘရွန်း ၁-၀ စပါး
၁၅-၁၀-၂၀၁၆ ဝက်စ်ဘရွန်း ၁-၁ စပါး
၅-၁၂-၂၀၁၅ ဝက်စ်ဘရွန်း ၁-၁ စပါး
ဝက်စ်ဘရွန်းဟာ လိဂ်နိုင်ပွဲ လုံးဝမရသေးတဲ့ ၃ သင်းအနက် တစ်သင်းဖြစ်ပြီး တိုက်စစ်က ညံ့သလို ခံစစ်ကလည်း ဆိုးရွားနေတာကြောင့် အဆင့် ၁၈ နေရာမှာသာ ရပ်တည်နေပါတယ်။
မော်ရင်ညိုရဲ့စပါးကတော့ အဖွင့်ပွဲမှာ ရှုံးပြီးကတည်းက လိဂ် ၆ ပွဲဆက် မရှုံးတော့ဘဲ ၄ ပွဲနိုင်၊ ၂ ပွဲသရေ ရမှတ် ၁၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
စပါးမှာ ဟယ်ရီကိန်း+ဆွန်ဟောင်မင် တိုက်စစ်အတွဲက ဂိုးမြူးနေပြီး ဂါရတ်ဘေးလ်ကလည်း ခြေစွမ်းကောင်း ပြန်ရလာပါပြီ။
ထိပ်တိုက်တွေ့တဲ့ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲစီနိုင်ပြီး ၄ ပွဲသရေကျထားတဲ့ ဝက်စ်ဘရွန်းကို စပါးက ၁-၃၀ အကျောပေးထားပြီး မော်ရင်ညိုရဲ့အသင်းကို ရွေးချယ်မယ်။
ခန့်မှန်းရလဒ် – ဝက်စ်ဘရွန်း ဝ-၂ စပါး

လက်စတာ Vs ဝုဗ်
ည ၈း၃၀ နာရီ(ကင်းပါဝါ)
လက်စတာကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁၁-၈-၂၀၁၉ လက်စတာ ဝ-၀ ဝုဗ်
၁၈-၈-၂၀၁၈ လက်စတာ ၂-၀ ဝုဗ်
၁-၂-၂၀၁၃ လက်စတာ ၂-၁ ဝုဗ
ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပြီးမှ နောက်ဆုံး ၅ ပွဲဆက်တိုက်(ယူရိုပါလိဂ် ၃ ပွဲ၊ လိဂ် ၂ ပွဲ) အနိုင်ရထားတဲ့ လက်စတာဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။
ဝုဗ်ကတော့ တိုက်စစ်မှူး ယိုတာကို ရောင်းထုတ်ခဲ့လို့ တိုက်စစ်က အနည်းငယ် အားနည်းသွားတယ် ထင်ရပေမယ့်လည်း ဂျီမီနက်ဇ်နဲ့ နီတိုတို့က အားကိုးနေရဆဲပါပဲ။
လက်စတာမှာ ဗာဒီ ဂိုးမြူးနေပြီ တိုင်လီမန်းစ်ကလည်း ကွင်းလယ်ကနေ ဂိုး သွင်းခြေ မြူးနေပါတယ်။
လက်စတာရဲ့=၄၀ ဖွင့်လှစ်မှုက ပျော့နေပေမယ့် အိမ်ရှင်ကိုပဲ ရွေးမယ်။
ခန့်မှန်းရလဒ် – လက်စတာ ၃-၁ ဝုဗ်

မန်စီးတီး Vs လီဗာပူးလ်
ည ၁၁း၀၀ နာရီ(အစ်တီဟတ်)
မန်စီးတီးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၃-၇-၂၀၂၀ မန်စီးတီး ၄-၀ လီဗာပူးလ်
၄-၁-၂၀၁၉ မန်စီးတီး ၂-၁ လီဗာပူးလ်
၂၆-၇-၂၀၁၈ မန်စီးတီး ၁-၂ လီဗာပူးလ်
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ထိပ်သီး အသင်း ၂ သင်းရဲ့ပွဲဖြစ်ပြီး လက်ရှိချန်ပီယံ လီဗာပူးလ်ရဲ့ခြေစွမ်းကို မှတ်ကျောက်တိုက်မှာလည်း ဖြစ်ပါတယ်။
မန်စီးတီးမှာ အဂွဲရိုး၊ မန်ဒီ၊ ဖာနန်ဒင်ညိုတို့ မပါဝင်နိုင်ပေမယ့်လည်း တိုက်စစ်မှူး ဂျီးဆပ်စ် ပြန်ကစားနိုင်မှာက ဂွါဒီယိုလာအတွက် သတင်းကောင်းပါ။
လီဗာပူးလ်မှာလည်း တိုက်စစ်မှူး ယိုတာက ခြေစွမ်းပြနေပြီး ဖာမီနိုတောင် နေရာပျောက်ကိန်း ရှိနေပါတယ်။
ခြေစွမ်းအရ မတိမ်းမယိမ်း ဖြစ်ပေမယ့်လည်း မန်စီးတီးက =၉၀ အကျောပေးထားလို့ အိမ်ရှင်ပါပဲ။
ခန့်မှန်းရလဒ် – မန်စီးတီး ၂-၁ လီဗာပူးလ်

အာဆင်နယ် Vs အက်စတွန်ဗီလာ
ည ၁း၄၅ နာရီ(အမ်းမရိတ်စ်)
အာဆင်နယ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂၂-၉-၂၀၁၉ အာဆင်နယ် ၃-၂ ဗီလာ
၁၅-၅-၂၀၁၆ အာဆင်နယ် ၄-၀ ဗီလာ
၃၀-၅-၂၀၁၅ အာဆင်နယ် ၄-၀ ဗီလာ
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ပြောနိုင်ပေမယ့်လည်း စစ်မှန်ကြောင်း သက်သေပြဖို့တော့ လိုနေပါသေးတယ်။
လီဗာပူးလ်ကို ဂိုးပြတ်၊ လက်စတာကို အဝေးကွင်းမှာ အနိုင်ယူပြီး အားလုံးကို အံ့အားသင့်သွားစေခဲ့တဲ့ ဗီလာကတော့ နောက်ဆုံး လိဂ် ၂ ပွဲဆက် ပြန်ရှုံးထားလို့ ပုံမှန်ခြေစွမ်း မဟုတ်တာ သေချာပါတယ်။
အာတီတာရဲ့အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ မရှိဘဲ အော်ဘာမီယန်၊ ပါတေး၊ ဂါဘရီရယ်တို့ ပြန်လည်ပါဝင်လာမှာဖြစ်လို့ အင်အားအပြည့်လို့ ဆိုနိုင်ပါတယ်။
အာဆင်နယ်ရဲ့၁+၄၀ ဖွင့်လှစ်မှုက ပျော့တယ်လို့ ထင်ရပေမယ့်လည်း အမ်းမရိတ်စ်မှာတော့ အာဆင်နယ်ကိုပဲ ရွေးမယ်။
ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၁ ဗီလာ