လီဗာပူးတိုက်စစ်သမားဆာနေး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ

လီဗာပူးတိုက်စစ်သမား မာနေးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ ကြောင်း တွေ့ရှိရပြီးနောက် နေအိမ်တွင် သီးသန့်နေထိုင်လျက်ရှိကြောင်း သိရသည်။ လီဗာပူးကွင်းလယ်ကစားသမားတီယာဂိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကလပ်က အတည်ပြုပြီးနောက် သုံးရက်အကြာတွင် မာနေးတွင်လည်း ကိုရိုနာဗိုင်းရ်ပစ်ကူးစက်ခံထားရခြင်း ဖြစ်သည်။

လီဗာပူးက မာနေးသည် ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ဝေဒနာအချို့ခံစားရမှု ရှိသော်လည်း အသေးအမွှားမျှသာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်နေကြောင်း ကြေညာသွားသည်။

အသက် ၂၈ နှစ်ရှိ မာနေးသည် တနင်္လာနေ့တုန်းက အာဆင်နယ်အား ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ကစားခဲ့သော်လည်း ကြာသပတေးနေ့တုန်းက အာဆင်နယ်အား ပင်နယ်တီဖြင့် ရှုံးနိမ့်သည့် ကာရာဘောင်းဖလားပွဲစဉ်တွင်မူ မပါဝင်ခဲ့ချေ။

မာနေးသည် ယခုရာသီတွင် လီဗာပူးအတွက် ၃ ဂိုး သွင်းယူထားသည်။ သူသည် လာမည့် တနင်္ဂနွေနေ့တွင် ဗီလာနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မည် ဖြစ်မည် ဖြစ်ပြီး နိုင်ငံတကာ ပွဲစဉ်များကိုလည်း လွဲမည် ဖြစ်သည်။ သူသည် အောက်တိုဘာလ ၁၇ ရက်နေ့ အဲဗာတန်နှင့် မာဆေးလ်ဆိုက်ဒ်ဒါဘီပွဲစဉ်တွင် ပါဝင် ကစားနိုင်မည် ဖြစ်သည်။

Facebook Comments Box
Facebook Comment