
စပါးဂန္ထဝင်ဖြစ်လာတဲ့ ကိန်း
အင်္ဂလန်ကပ္ပတိန် ဟယ်ရီကိန်းသည် စပါးအသင်း၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ဂျင်မီဂရိဗ်၏စံချိန်ကို လိုက်မီခဲ့ပြီဖြစ်သည်။
ယမန်နေ့ညက ဖူလ်ဟမ်အားအနိုင်ရရာတွင် ကိန်းက ၁၈ ကိုက်စည်းထိပ်မှတဆင့် ဖူလ်ဟမ်ဂိုးသမား ဘန်းလီနို၏ ဘယ်ဖက်ထောင့်ထဲ အနိမ့်ဘောကန်၍ တလုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့သည်။
ထိုဂိုးသည် စပါးအတွက် ၎င်း၏ ၁၉၉ မြောက် ပရီးမီးယားလိဂ်သွင်းဂိုး ဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံဆိုပါက ၂၆၆ ဂိုးမြောက်ဖြစ်သည်။
စပါးသမိုင်းတွင် ဂိုးသွင်းအများဆုံးက ၈၁ နှစ်အရွယ် ၂၀၂၁ တွင် ကွယ်လွန်ခဲ့သည့် ၁၉၆၆ ကမ္ဘာ့ဖလားချန်ပီယံ အင်္ဂလန်တိုက်စစ်မှူး ဂရိဗ်ဖြစ်ကာ ၂၆၆ ဂိုး သွင်းယူထားခြင်းဖြစ်သည်။
ယခုအခါ ကိန်းက ဂရိဗ်၏စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်ပြီး နောက်တဂိုးသွင်းရုံဖြင့် စပါး၏ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။
“ရလဒ်တွေ ဆက်တိုက်ဆိုးနေချိန်မှာ ဒီလိုနိုင်ပွဲမျိုးက လိုအပ်ပါတယ်။ ဂျင်မီဂရိဗ်ရဲ့စံချိန်ကို လိုက်မီခဲ့တဲ့အတွက်လည်း အရမ်းဂုဏ်ယူမိပါတယ်။
အခုတော့ နောက်တဂိုးသွင်းရုံနဲ့ စံချိန်သစ် တင်နိုင်တော့မှာပါ” ဟု ကိန်းက ဖွင့်ဟသည်။
Ref:guardian