စပါးကို သရေခံကစားမယ့် အဲဗာတန်

ကစားမည့်ရက် – ၁၃-၉-၂၀၂၀

ကစားမည့်အချိန် – ည ၁၀း၀၀ နာရီ

ကစားမည့်ကွင်း – တော့တင်ဟမ်ဟော့စပါးကွင်း(လန်ဒန်)

ဒိုင်လူကြီး – မာတင်အက်ကင်ဆန်

ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ ယမန်နှစ်က အဆင့် ၆ ရခဲ့တဲ့ မော်ရင်ညိုရဲ့စပါးနဲ့ အဆင့် ၁၂ ရခဲ့တဲ့ အန်ဆလော့တီရဲ့အဲဗာတန်တို့ လန်ဒန်မှာ အားပြိုင်ကြမှာဖြစ်ပါတယ်။ မော်ရင်ညိုဟာ ဒီ ရာသီအတွက် ကစားသမားခေါ်ယူမှုကို အံ့အားသင့်စရာ မလုပ်ပြသေးဘဲ မာဆေးဆိုက်အခြေ စိုက် အဲဗာတန်ကတော့ နွေဈေးကွက်မှာ ခြေလှမ်းသွက်နေပါတယ်။

စပါးရဲ့လက်ရှိအနေအထား

စပါယ်ရှယ်ဝမ်းဟာ နွေရာသီအပြောင်းအရွှေ့မှာ လက်ရှိအချိန်အထိ ကစားသမား ၅ ဦးကိုသာ ခေါ်ထားပြီး ဆောက်သမ်တန်ကွင်းလယ်လူ ဟိုဂျက်ကို ပေါင် ၁၅ သန်း၊ ဝုဗ်နောက်ခံလူ မက်ဒိုဟာတီကို မဖော်ပြတဲ့ကြေး၊ ဝါရင့်ဂိုးသမား ဂျိုးဟတ်ကို အလွတ်ခေါ်ယူထားပါတယ်။

သူခေါ်ထားတဲ့ ကစားသမားတွေကို ကြည့်မယ်ဆိုရင် ခံစစ်နဲ့ကွင်းလယ်က အများဆုံးဖြစ်ပြီး တိုက်စစ်ကို အားမဖြည့်တာက ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာတို့အပေါ် ယုံကြည်မှုရှိနေတယ်လို့ ယူဆနိုင်စရာပါပဲ။

ရာသီကြိုခြေစမ်းပွဲ ၄ ပွဲအနက် နောက်ဆုံးပွဲမှာ ဝက်ဖို့ဒ်ကိုသာရှုံးထားပြီး ဘာမင်ဂမ်၊ ရက်ဒင်း၊ အစ်ဆွစ်ချ်တို့ကိုတော့ အနိုင်ရထားပါတယ်။

အဆိုပါ ခြေစမ်းပွဲတွေမှာ မော်ရင်ညိုဟာ လူငယ်တွေကို အများဆုံး အသုံးပြုခဲ့တာတွေ့ရပြီး နု ပျိုလန်းဆန်းခြင်းတွေနဲ့ ရာသီသစ်ကိုဖွင့်လှစ်ဖို့ ပြင်ဆင်ထားပုံပါပဲ။

အဲဗာတန်ရဲ့အနေအထား

အီတလီဝါရင့်နည်းပြ အန်ဆလော့တီကတော့ မနှစ်ကလို အနှောင်းမသေချာတာမျိုး မဖြစ်စေဖို့အတွက် နွေရာသီဈေးကွက်မှာ အသင်းအတွက် အသုံးတည့်နိုင်မယ့် နာမည်ရပြီးသား ကစား သမားတွေကို ခေါ်ယူထားပါတယ်။

နာပိုလီကွင်းလယ်လူ အယ်လန်၊ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဝက်ဖို့ဒ်ကွင်းလယ်လူ ဒိုကိုရီတို့အတွက် သုံးခဲ့ရတဲ့ အပြောင်းအရွှေ့တန်ဖိုးက ပေါင် ၅၃ သန်းအ ထိ ရှိပါတယ်။

ရီချာလီဆန်၊ ကယ်ဗတ်လီဝင်၊ မွိုက်စ်ကိန်း၊ ဝဲလ်ကော့၊ အန်ဒရီဂိုမက်စ်၊ အီဝိုဘီ၊ ဆီဂတ်ဆန် တို့လို ကစားသမားတွေနဲ့ စုစည်းထားတဲ့ အဲဗာတန်အနေနဲ့ ကစားသမားသစ်တွေသာ ခြေစွမ်းပြနိုင်မယ်ဆိုရင် အသင်းကြီးတွေအတွက် ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်ပါတယ်။

ရာသီကြိုခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းတွေ ရယူထားပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

စပါးနဲ့ အဲဗာတန်တို့ဟာ ၁၆၅ ကြိမ် တွေ့ဆုံဖူးပြီး လန်ဒန်အခြေစိုက်ကလပ်က ၆၃ ပွဲနိုင်၊ မာဆေးဆိုက် အခြေစိုက်ကလပ်က ၄၈ ပွဲနိုင်ကာ ၅၄ ပွဲ သရေကျထားပါတယ်။ စပါးကွင်း ၈၃ ပွဲမှာ အိမ်ရှင်က ၄၃ ပွဲနိုင်၊ ၂၄ ပွဲသရေ၊ ၁၆ ပွဲရှုံးထားပါတယ်။

အဲဗာတန်ကွင်း ၈၂ ပွဲမှာတော့ အိမ်ရှင်အသင်းက ၃၂ ပွဲနိုင်၊ ၃၀ ပွဲသရေကျပြီး ဧည့်သည်စပါးက ပွဲ ၂၀ အနိုင်ရထားပါတယ်။ စုစုပေါင်းတွေ့ဆုံမှု ၁၆၅ ပွဲမှာ စပါးက ၂၅၇ ဂိုးသွင်းထားပြီး အဲဗာတန်က ၂၁၀ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၇-၇-၂၀၂၀ စပါး ၁ – ၀ အဲဗာတန်

၃-၁၁-၂၀၁၉ အဲဗာတန် ၁ – ၁ စပါး

၁၂-၅-၂၀၁၉ စပါး ၂ – ၂ အဲဗာတန်

၂၃-၁၂-၂၀၁၈ အဲဗာတန် ၂ – ၆ စပါး

၁၄-၁-၂၀၁၈ စပါး ၄ – ၀ အဲဗာတန်

စပါး နောက်ဆုံး ၅ ပွဲရလဒ်

၅-၉-၂၀၂၀ ဝက်ဖို့ဒ် ၂ – ၁ စပါး

၂၉-၈-၂၀၂၀ စပါး ၁ – ၀ ဘာမင်ဂမ်

၂၈-၈-၂၀၂၀ စပါး ၄ – ၀ ရက်ဒင်း

၂၂-၈-၂၀၂၀ စပါး ၃ – ၀ အစ်ဆွစ်ချ်

၂၆-၇-၂၀၂၀ ပဲလေ့စ် ၁ – ၁ စပါး

အဲဗာတန် နောက်ဆုံး ၅ ပွဲရလဒ်

၅-၉-၂၀၂၀ အဲဗာတန် ၂ – ၀ ပရက်စတန်

၂၂-၈-၂၀၂၀ ဘလက်ပူးလ် ၃ – ၃ အဲဗာတန်

၂၆-၇-၂၀၂၀ အဲဗာတန် ၁ – ၃ ဘုန်းမောက်

၂၀-၇-၂၀၂၀ ရှက်ဖီးလ်ယူ ၀ – ၁ အဲဗာတန်

၁၆-၇-၂၀၂၀ အဲဗာတန် ၁ – ၁ ဗီလာ

ထူးခြားအချက်အလက်များ

စပါးသည် ပရီးမီးယားလိဂ်တွင် အဲဗာတန်ကို ၂၇ ပွဲအနိုင်ရထားပြီး အခြားအသင်းများထက် နိုင်ပွဲပိုရသော အသင်းဖြစ်နေ။

စပါးသည် ရာသီအစ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များတွင် ၃ နှစ်ဆက်တိုက် အနိုင်ရထားသော်လည်း ၄ နှစ်ဆက်တိုက် အနိုင်ရသည်က ၁၉၆၄-၁၉၆၅ မှ ၁၉၆၇-၁၉၆၈ ရာသီအထိ တစ်ကြိမ်သာရှိခဲ့။

မော်ရင်ညိုသည် အဲဗာတန်ကို လိဂ် ၁၁ ပွဲ အနိုင်ရဖူးပြီး ၎င်း၏ နည်းပြဘဝတစ်လျှောက် ဝက်စ်ဟမ်းနှင့်အတူ နိုင်ပွဲအများဆုံးရထားသော အသင်းဖြစ်နေ။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် အဲဗာတန်နှင့် နောက်ဆုံးကစားထားသော ၅ ပွဲတွင် ၈ ဂိုး သွင်းယူထား။

အဲဗာတန်သည် ၂၀၁၁ က ကျူပီအာ အိမ်ကွင်းတွင် ၁-၀ ဖြင့် ရှုံးနိမ့်ပြီးနောက်ပိုင်း ပရီးမီးယား လိဂ် အဖွင့်ပွဲများတွင် မရှုံးတော့သည်မှာ ၈ နှစ်ရှိသွားပြီဖြစ်ကာ ၂ ပွဲနိုင်၊ ၆ ပွဲသရေ ကစားထား။

အန်ဆလော့တီသည် ၎င်း၏နည်းပြဘဝတစ်လျှောက် နှစ်တစ်နှစ်စီ၏ ရာသီအစ လိဂ်ပွဲစဉ် ၂၁ ပွဲ ကိုင်တွယ်ထားရာတွင် ၂၀၀၈-၂၀၀၉ ရာသီက အေစီမီလန်ကို ကိုင်တွယ်စဉ် ဘိုလော့ဂ်နာကို ၂-၁ ဂိုးဖြင့် တစ်ကြိမ်သာရှုံးဖူး။

အဲဗာတန်သည် ရာသီအစ လိဂ်ပွဲစဉ်တွင် အနီကတ်ပြသခံထားရသည်မှာ ၂ ရာသီဆက်တိုက်ရှိနေပြီဖြစ်ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ၃ ရာသီဆက် အနီကတ်ပြသခံရသည့်အသင်း မရှိသေးပေ။

ဖြစ်နိုင်ဖွယ် လူစာရင်း

စပါး(၄-၂-၃-၁)

ဂိုး – လိုရစ်

နောက် – ဒိုဟာတီ၊ အယ်ဒါဝီရယ်၊ ဒိုင်ယာ၊ ဒေးဗီးစ်

လယ် – ဟိုဂျက်၊ ဆစ်ဆိုကို၊ အလီ

ရှေ့ – အလီ၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း

အဲဗာတန်(၄-၃-၃)

ဂိုး – ပစ်ဖို့ဒ်

နောက် – ဒစ်ဂ်နီ၊ ယာရီမီနာ၊ မိုက်ကယ်ကိန်း၊ ကိုးလ်မန်း

လယ် – ဒိုကိုရီ၊ ဆီဂတ်ဆန်၊ အယ်လန်

ရှေ့ – ရီချာလီဆန်၊ ကယ်ဗတ်လီဝင်၊ ဝဲလ်ကော့

သုံးသပ်ချက်

အိမ်ရှင် စပါးက သရေကျရင် အပြည့်ဆုံးရှုံးရမယ်လို့ ဖွင့်လှစ်ထားပါတယ်။ ဒါက အဲ ဗာတန်အသင်းရဲ့မာမာထန်ထန်ကစားတတ်ပုံနဲ့ ကစားသမားသစ်တွေကြောင့် ခပ်ပါးပါးသာ ဖွင့်လှစ်ထားတဲ့ ပုံစံပါ။

အဲဗာတန် သရေကစားနိုင်မယ်လို့ ထင်ပါတယ်။

Facebook Comments Box
Facebook Comment