
စနေည စီးရီးအေပွဲစဉ် ၇ ပွဲများ ကို ကြိုတင် သုံးသပ်ခြင်း
ယနေ့ည စီးရီးအေ ပွဲ ၇ ကစားဖို့ ပွဲ ၃ ပွဲဘဲ ရှိပါတယ်။ ကက်ဂလီယာရီ-ဆမ်ဒိုးရီးယား၊ ဘီနီဗန်တို-စပီဇီယာ၊ ပါးမား-ဖီအိုရင်တီးနားပွဲတို့ဘဲ ဖြစ်ပါတယ်။ အသင်းကြီးပွဲမပါဝင်ပေမယ့် ဇယားအလယ်ပိုင်းမှာ နေရရေး တန်းမဆင်းရရေး ကြိုးစားနေကြတဲ့အသင်းတွေ ထိပ်တိုက်ရင်ဆိုင်ကြတဲ့ပွဲတွေ ဖြစ်နေတာကြောင့် စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ကက်ဂလီယာရီ-ဆမ်ဒိုးရီးယား (ည ၈:၃၀)
နောက်ပိုင်းမှာ နှစ်သင်းစလုံး လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်လာကြတဲ့အသင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပတ်ကတေ့ နှစ်သင်းစလုံး နိုင်ပွဲပျောက်ခဲ့ကြပါတယ်။ ဆာဒါးနီးယားသားတွေဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဘိုလော့ဂ်နာကို ၃-၂ ဖြင့် မရှုံးနိမ့်ခင် နှစ်ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပါတယ်။ ဆမ်ဒိုးရီးယားဟာလည်း ပြီးခဲ့တဲ့အပတ်က ဒါဘီပွဲစဉ်မှာ သရေကျမကျခင် သုံးပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ အသင်း ဖြစ်ပါတယ်။
ဆမ်ဒိုးရီးယားက သုံးပွဲဆက် ရှုံးပွဲမရှိတာကြောင့် ခြေစွမ်းပိုမှန်တယ်လို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ကွာဂလီရယ်လာ၊ရာမီရက်ဇ်တို့ ဦးဆောင်တဲ့ ဆမ်ဒိုးရီးယားတိုက်စစ်က ဂိုးရနိုင်စွမ်း ရှိသလို ကန်ဒရီဗာ၊ သော်စဘီ၊ အက်ဒယ်၊ ဂျန်တိုတို့ ဦးဆောင်တဲ့ အလယ်တန်းကလည်း တိုက်စစ်ကောင်းမွန်ပါတယ်။ အခြားတစ်ဖက်မှာ အိမ်ရှင် ကက်ဂလီယာရီကလည်း တိုက်စစ် ကောင်းမွန်သလို ခံစစ်ကလည်း ယိုယွင်းလှပါတယ်။
ဖွင့်လှစ်မှုအရ ဆမ်ဒိုးရီးယားက သရေကျရင် ၅၀ ရာခိုင်နှုန်းရှုံးမှာ ဖြစ်ပြီး ဂိုးပေါင်းက ၃ လုံး ၇၀ နိုင်ပါ။ ဒီနေရာမှာ သတိပြုရမယ့်အချက်ကတော့ ဆမ်ရီးယားဟာ ဆာဒါးနီးယားမှာ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ စီးရီးအေနိုင်ပွဲမရဖူးတာပါ။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ခြေစွမ်းကောင်းနေတဲ့အပြင် အိမ်ရှင်အဖြစ်ပါ ကစားရမယ့် အိမ်ရှင်ဘက်က အရဲစွန့် နေထိုင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ အိမ်ရှင်နှင့် ဂိုးပေါ်ပါ။

ဘီနီဗန်တို-စပီဇီယာ (ည ၁၁: ၃၀)
စီးရီးဘီကတန်းတက်လာတဲ့အသင်းနှစ်သင်းရဲ့တန်းမဆင်းရရေး တိုက်ပွဲဝင်တဲ့ ပွဲစဉ်ဆိုရင်လည်း မမှားပါဘူး။
ဘီနီဗန်တိုနှင့် စပီဇီယာတို့ကို လူငယ်နည်းပြတွေဖြစ်ကြတဲ့ ဖီးလစ်ပိုအင်ဇာဂီနှင့် ဗင်းဆင့်ဇိုအီတာလီယာနိုတို့က ကိုင်တွယ်နေပါတယ်။ နည်းပြနှစ်ဦးလုံးက တိုက်စစ်အားသန်ကြပါတယ်။ နှစ်သင်းစလုံးက တိုက်စစ်ကစားဟန် ကောင်းမွန်ပြီး သွင်းဂိုးများသလို ပေးဂိုးလည်းများပါတယ်။ အိမ်ရှင်ဘီနီဗန်တိုမှာ ကာပရာရီမပါဝင်ပေမယ့် ဒီပွဲက ပရိသတ်တွေအတွက် ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲ ဖြစ်လာဖို့ သေချာနေပါတယ်။
အိမ်ရှင်ဘီနီဗီတိုက နောက်ဆုံးသုံးပွဆက်တိုက်နောက်ပွဲပျောက်ထားသလို စပီဇီယာကလည်း လေးပွဲဆက်တိုက်နိုင်ပွဲပျောက်ထားပါတယ်။
ဖွင့်လှစ်မှုက ဘီနီဗန်တိုက သရေ ၉၀ ရှုံးပါတယ်။ ဂိုးပေါင်းက ၃ လုံးသရေပါ။ မှတ်တမ်းတွေအရ စီးရီးအေတန်းတက်အသင်းတွေရဲ့နောက်ဆုံး ၁၃ ပွဲမှာ အိမ်ရှင်အသင်းက ၉ ပွဲနိုင်ပွဲပြီး ၃ ပွဲပဲ သရေထားပါတယ်။ ဒါကြောင့် ဖွင့်လှစ်မှုအနေအထားအရ ခြေစွမ်းတွေအရ ဘီနီဗန်တိုနှင့် ဂိုးပေါ်ရွေးတာ ပိုကောင်းပါလိမ့်မယ်။

ပါးမား – ဖီအိုရင်တီးနား (နံနက် ၂:၁၅)
ပါးမားနဲ့ပွဲစဉ်က ဖီအိုရင်တီးနားနည်းပြဂူဆက်ပီအိုင်ချီချီရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ပါးမားမှာ အသင်းခေါင်းဆောင်ဘရူနိုအဲဗက်စ် ကိုဗစ်ပျောက်ကင်းသွားပြီ ဖြစ်လို့ ပါဝင်လာပါမယ်။ ဒါ့အပြင် ဒဏ်ရာကနေ ပြန်ကောင်းမွန်လာပြီဖြစ်တဲ့ ဗင်းဆင့် လူရီနီ ပြန်ပါဝင်လာမှုတို့က ပါးမားအတွက် စိတ်အားတက်စရာပါ။ ဖီအိုရင်တီးနားမှာ ကွာတာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲ လွဲချော်မှာ ဖြစ်သလို ပီဇယ်လာ (ဒဏ်ရာ)၊ ကယ်လီဂျွန်(ကိုဗစ်)တို့ ပါဝင်မှာမဟုတ်ပါဘူး။
နှစ်သင်းစလုံးက ခြေစွမ်းမမှန်ပါဘူး။ အထူးသဖြင့် ဖီအိုရင်တီးနားဟာ သုံးပွဲဆက်နိုင်ပွဲ ပျောက်ထားပြီး နောက်ဆုံးငါးပွဲမှာ တစ်ပွဲဘဲ နိုင်ထားပါတယ်။ ပါးမားကလည်း နောက်ဆုံးငါးပွဲမှာ တစ်ပွဲဘဲ နိုင်ထားပါတယ်။
နှစ်သင်းစလုံးရဲ့ နောက်ဆုံးထိပ်တိုက်မှုရလဒ်ကလည်း မျှပါတယ်။ နောက်ဆုံး ၁၁ ကြိမ်မှာ ၃ ပွဲစီ နိုင်ထားပြီး ၅ ပွဲသရေကျထားပါတယ်။
ခြေမမှန်တဲ့ အသင်းနှစ်သင်းဆုံစည်းတဲ့ ပွဲဖြစ်တာကြောင့် မထင်မှတ်တာတွေ ဖြစ်နိုင်သလို တစ်ခါတစ်ခါ ပိုကောင်းတစ်ပွဲလည်း ဖြစ်လာတတ်ပါတယ်။
ဖွင့်လှစ်မှုအရ ဖီအိုရင်တီးနားက အဝေးကွင်းဖြစ်ပေမယ့် သရေ ၆၀ အရှုံးပေးထားပါတယ်။ ဂိုးပေါင်းက ၃ လုံး ၃၀ အနိုင်ပါ။ တိုက်စစ်သမားကောင်းတွေ ရှိတဲ့အသင်းနှစ်သင်းတွေ့တဲ့ ပွဲဖြစ်လို့ ဂိုးပေါင်းအပေါ်ကိုဘဲ ပိုအားရမိပါတယ်။