စတမ်းဖို့ဒ်တံတားက သစ္စာ

ချဲလ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားက အသင်းနှင့်သက်တမ်းတိုးရန် နီးစပ်နေပြီဟု အတည်ပြုသည်။

၃၈ နှစ်အရွယ် ဘရာဇီးလ်ဝါရင့်ကစားသမားသည် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာပြီးနောက် အသင်းသစ်နှင့် အမြန်ဆုံးအထိုင်ကျခဲ့သည်။

၎င်း၏စာချုပ်က လာမည့်ဇွန်လ ၃၀ ရက်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အပြီးသတ် သဘောတူညီနိုင်မှု ရရှိနိုင်ခြင်းမရှိဘဲ ဆက်လက်ဆွေးနွေးနေဆဲဖြစ်သည်။

ယခုအခါ ဆေးလ်ဗားက အသင်းနှင့်ဆွေးနွေးမှုမှာ အဆင်ပြေသွားပြီဖြစ်သောကြောင့် လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်လိမ့်မည်ဟု ဆိုသည်။

ဗြိတိန်မီဒီယာများက ဆေးလ်ဗားနှင့် ချဲလ်ဆီးတို့ချုပ်ဆိုမည့် စာချုပ်သစ်က အနိမ့်ဆုံး ၁၂ လဖြစ်သည်ဟု ဖော်ပြသည်။

Ref:90min

Facebook Comments Box
Facebook Comment